အဂတိလိုက်စားမှု အရှိဆုံး နိုင်ငံစာရင်း မြန်မာ ပါဝင်နေသေး

Thursday, December 6, 2012

ကမ္ဘာတ၀န်း အဂတိ လိုက်စားမှုအခြေအနေများနှင့်ပတ်သက်လို့ Transparency International အဖွဲ့ က နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နေရာ  ဒီနှစ် ၂၀၁၂ ခုနှစ်အတွင်း အဂတိ လိုက်စားမှု အရှိဆုံး စာရင်း တွင် မြန်မာနိုင်ငံက အဆိုးဆုံး နိုင်ငံများ စာရင်းမှာ ပါဝင်နေပါတယ်။ 

 ဓာတ်ပုံ-transparency.org.ro

အဆိုပါ Transparency International အဖွဲ့ကြီးက စာရင်းပြုစုရာမှာ အဂတိ လိုက်စားမှု အနည်းဆုံး နိုင် ငံကို အမှတ်ပေးစနစ်နဲ့ အပေါ်ဆုံးကနေ အဆင့်အလိုက် ဖော်ပြတာမှာ မြန်မာနိုင်ငံက အောက်ဆုံး အဆင့် ၅ နိုင်ငံ စာ ရင်းမှာ ပါဝင်တာလည်းဖြစ်ပါတယ်။ 

ဆိုလိုတာက အဂတိလိုက်စားမှု အရှိဆုံးနိုင်ငံက အောက်ဆုံးမှာရှိပြီး ဆိုမာလီယာနိုင်ငံဖြစ်ပါတယ်။ သူ့အထက်မှာတော့ မြောက်ကိုရီယား၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ၅ ခုမြောက်ကတော့ မြန်မာနိုင်ငံ ဆိုပြီးဖော်ပြထားတာပါ။ 

အစီရင် ခံစာအရ အမှတ် ၉၀ ရမှတ်နဲ့ ဒိန်းမတ်၊ ဖင်လန်၊ နယူးဇီလန်နိုင်ငံတို့ဟာ အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံ တွေဖြစ်ပြီး စာရင်းရဲ့ အပေါ်ဆုံးမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ မကြာသေး ခင်ကဘဲ သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေ လုပ်လာပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုတွေ ရခဲ့ပါတယ်။ 

တဆက်တည်းမှာဘဲ မကြာသေးခင် ကမှ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်ဖို့ ကြေညာချက်
တွေလည်း ထုတ်ခဲ့ပါသေးတယ်။ 

သမ္မတ ဦးသိန်းစိန်ကလည်း အစိုးရတာဝန်ရှိသူတွေ ပိုင်ဆိုင်မှု ကြေငြာဖို့ ပြောဆိုခဲ့ပြီး လွှတ်တော်တွေမှာ လည်း အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ဆွေးနွေးမှု တချို့ ရှိခဲ့ပေမယ့် တချိန်က အဂတိလိုက်စားမှု လုပ် ရပ်တွေမှာ ပါဝင် ပတ်သက်ခဲ့သူ စစ်ဗိုလ်ချုပ်ဟောင်းတော်တော်များများက ဒီကိစ္စကို အတော်စိုးရိမ်နေပုံ လည်း ရပါတယ်။ 

မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက် နှစ်ပေါင်းများစွာနေလာခဲ့ရပြီး အဂတိလိုက်စားမှုတွေ၊ ခရိုနီ စီးပွားရေး လုပ် ငန်းတွေ၊ လုပ်ပိုင်ခွင့်ရောင်းစားကြတဲ့ အလေ့အကျင့်တွေက အရိုးစွဲသလိုဖြစ်နေတာကြောင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးမှာ အလွန်အရေးကြီးတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ ရှေ့တန်း ကို ရောက်မလာသေးတာလည်းဖြစ်နေနိုင်ပေသေးတယ်။ 

လွှတ်တော်အပိုင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ကတော့ ဆွေးနွေးမှုတွေ၊ ဥပဒေ 
ရေးဆွဲမှု တွေလုပ်ဆောင်နေပေမယ့် အစိုးရပိုင်းက အခုထိ ပွင့်လင်းမြင်သာမှု မရှိသေးတဲ့အကြောင်း လည်း ဝေဖန်ခံနေရပါတယ်။ 

အဂတိလိုက်စားမှုဟာ နိုင်ငံတိုင်းရဲ့ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အဓိက အဟန့် အတားလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့တဖက်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာလို့ နိုင်ငံတကာ မိသားစုနဲ့ပြန် ပြီး နွေးနွေးထွေးထွေး ဖြစ်ရေးအစပျိုးနေချိန်မှာ တချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သလို လတ်တလော မှတ်တမ်းတွေမှာ မြန်မာဆို တာ မကောင်းတဲ့ နေရာမှာ ရှိနေဆဲဖြစ်တာတော့ မြန်မာဟေ့ မြန်မာ ဆိုတာ မျိုး ဖြစ်နေသလာပါဘဲ။

1 comments :

  1. Anonymous said... :

    great, we got 3rd haha. keep going to hell. good governance and clean government. as zarganar said talk only no action. haha
    funny.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved