တောင်ကြီးမြို့နဲ့ ဆွေးနွေးပွဲများ

Friday, December 14, 2012

  ကိုအောင်သူငြိမ်း(ဗဟုဖွံ့ဖြိုးရေး)၊ ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း/ ဧရာဝတီ

~ ဂျွန်ချစ်ငြိမ်း(တောင်ကြီး) 

~ ပြည်ပအခြေစိုက်အဖွဲ့တချို့ တောင်ကြီးသို့ ရောက်ရှိလာပြီး ဒေသတွင်းဆိုင်ရာ အကြောင်းအရာ မျိုးစုံကို ဒေသခံ လူမှုရေး၊ နိုင်ငံရေး အင်အားစုများနှင့် ဆွေးနွေးခဲ့ကြသည်။ 

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့( စီးပွားလူမှု ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့) Asia Foundation မှ Mathew မက်သရူး၊ Hamish ဟိန်းမစ်၊ ကိုအောင်သူငြိမ်း(ဗဟုဖွံ့ဖြိုးရေး)၊ Suu စူး၊ စင်ဒီဂျိုးလင်းတို့ နှင့် တော င်ကြီးမြို့ ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းဖြစ်သော ရှမ်းပြည် မျိုးဆက် အင်အား စု အဖွဲ့တို့ ဒီဇင်ဘာ ဒုတိယတပတ် တွင် တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။



မြန်မာ့အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့( စီးပွား လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့) Asia Foundation မှ မကြည်ပြာချစ်စောက တောင်ကြီးမြို့တို့မိမိတို့ အဖွဲ့လာရောက်ရခြင်းသည် ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရတို့ လုပ်ကိုင်နေမှုများကို လေ့လာရန် နှင့် သုတေသန လုပ်ဖို့ ရည်ရွယ်ပြီး ရောက်ရှိ လာခြင်းဖြစ်
ကြောင်း၊ တောင်ကြီးမြို့တွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများ၊ အခြေခံ လူတန်းစားများနှင့်တွေ့ဆုံသွားပြီး လေ့လာ အကြံဥာဏ်များလည်းပေးမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြောသည်။ 



ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးရာတွင် ဒေသခံ လူမှုအဖွဲ့အစည်းများ ရပ်တည်နေမှု ၊တရား စီရင်ရေးဆိုင်ရာ ကိစ္စများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပုံ၊ တိုင်းရင်းသား အခွင့်ရေး၊ ဗဟို အစိုးရနှင့် ပြည်နယ် အစိုးရ အာဏာ သက်ရောက်ခွဲဝေမှု အခြေအနေ၊ ဈေးကွက်စနစ် နှင့် ဈေးတွင်း အခြေအနေ၊ အမှိုက်စွန့်ပစ်မှု ပြဿနာ အစရှိသည်တို့ကို အပြန်အလှန် တိုင်ပင်မေးခွန်းထုတ် ဆွေးနွေး သည်။


မြန်မာ့အရင်းအမြစ်ဖွင့်ဖြိုးတိုးတက်ရေး အဖွဲ့( စီးပွားလူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) Asia Foundation သည် တောင်ကြီးခရီးစဉ် အတွင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့၊ ပြည်နယ် အစိုးရအဖွဲ့၊  ကောင်ရွေ ပအိုဝ်း လူငယ်အဖွဲ့၊ NLD ကလော ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းငွေ တို့နှင့် ပါတွေ့ ဆုံခဲ့သည်။ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved