သို့သော်လည်း တွဲဘက် အထက်တန်းကျောင်းအဆင့်ကို အစိုးရက တရားဝင် ပီပီပြင်ပြင် မသတ်မှတ်သေးပါဘူး။
ရလဒ်ကတော့ ကိုးတန်း၊ ဆယ်တန်းပြ ဆရာ ဆရာမများကို ပြင်ပက ငှားရမ်းနေရပြီး လစာကိုလည်း ကျောင်းသားမိဘများက ပေးနေရခြင်းပါပဲ။
ပြင်ပနေ ငှားပြီး ခန့်ထားတဲ့ ဆရာ၊ ဆရာမ အရေအတွက်က ( ၇) ဦးအထိ ရှိတယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်က ပြောပါတယ်။
ဆရာ/ဆရာမ လစာ - ကျပ် ၈၀,၀၀၀ ၀န်းကျင်
ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတဦးထံမှ လစဉ် ကောက်ယူမှု - ကျပ် ၄,၀၀၀
လစဉ် ကျပ် ၄,၀၀၀ မပေးနိုင်သူ ကျောင်းသားမိဘ အများအပြားရှိကြောင်း၊
ယင်းအခက်အခဲများကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တင်ပြထားသော်လည်း အကြောင်းပြန်ကြားစာ မရရှိသေးကြောင်း၊
အထက်တန်းကျောင်း အဆင့် တိုးပေးလျှင် ပြင်ပမှ ဆရာ၊ ဆရာမ ငှားရမ်းသည့်အတွက် ကုန်ကျငွေ တလ ကျပ် ၇ သိန်းခန့် သက်သာသွားမည်ဖြစ်ကြောင်း ဦးဇော်မြင့်က ရှင်းပြပါတယ်။
ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့် |
တောင်ကြီးဒေသခံတို့ရဲ့ ၀န်ထုပ်ဝန်ပိုး ဘယ်ကာလများမှ သက်သာမယ် ဆိုတာကတော့ နေပြည်တော်က တာဝန်ရှိသူတု့ရဲ့ တုန့်ပြန်ချက်အပေါ် မူတည်နေပါတယ်။
ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~
-
0 comments :
Post a Comment