ICRC အကြီးအကဲ တဦးအနေနဲ့ ယခု မြန်မာနိုင်ငံခရီးစဉ်ဟာ ပထမဆုံးဖြစ်ပါတယ်။ ယခင်ကတော့ ညွှန်ကြားရေးမှူး အဆင့်ရှိသူများသာ သွားရောက်ခဲ့တာဖြစ်ပါတယ်။
“မြန်မာအစိုးရက လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေး ကိစ္စတော်တော်များများ ကျနော် တို့နဲ့ ဆွေး နွေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ မီးစိမ်းပြခဲ့ပါတယ်၊ ဒါက မြန်မာအာဏာပိုင်တွေနဲ့ကျနော်တို့နဲ့ ဆက်ဆံရေး အား ကောင်း လာတယ်ဆိုတာနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေ မှာ သိသာတဲ့ ခြေလှမ်း တခုပါ၊” ဟု ICRC ၏ ကြေငြာချက် တွင် ICRC အကြီးအကဲ မစ္စတာ Peter Maurer က ပြောထား တာကို အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဆိုပါတယ်။
ICRC ဟာ မြန်မာနိုင်ငံတွင်းမှာ အကူအညီလိုအပ်တဲ့ နေရာတွေအပြင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ ပဋိပက္ခဇုံ တွေမှာလည်း ကူညီကယ်ဆယ်ရေး လုပ် ငန်းတွေလုပ်ဆောင်နေတာဖြစ်ပြီး မကြာခင်က အစိုးရက အကျဉ်းထောင် နဲ့ ရဲဘက်စခန်းတွေကို ပြန်လည် ၀င်ရောက် စစ်ဆေးခွင့် ပြုမယ်ဆိုတဲ့ ကိစ္စတွေအတွက်လည်း နေပြည်တော်မှာ ဆွေး နွေး ဖြစ်မယ်လို့ Peter Maurer က ကြောငြာချက်မှာ ဆိုထားပါတယ်။
0 comments :
Post a Comment