အဆိုတော် ဟယ်ရီလင်းနဲ့ ဒါရိုက်တာ ဦးတင်ယု ကွယ်လွန်

Wednesday, February 6, 2013

ဒီနေ့ညနေပိုင်းမှာ အနုပညာလောကထဲက နာရေးသတင်းနှစ်ခုကို ကြားရပါတယ်။
တခုကတော့ လိပ်ပြာ၊ အဆိပ်ငွေကြေး၊ အချစ်ရယ်ပေါင်မုန့်တလုံးရယ်၊ ဂြိုလ်သားတယောက်၊ အားလုံးပြန်ယူသွားပါ စတဲ့ သီချင်းတွေနဲ့ နာမည်ကျော်ခဲ့တဲ့ ရော့ခ်အဆိုတော် ဟယ်ရီလင်း ညနေ ၄ နာရီခန့်က ကွယ်လွန်သွားတဲ့ သတင်းပါ။ 

အဆိုတော်ဟယ်ရီလင်းဟာ နာမကျန်းဖြစ်နေတာ ကြာမြင့်နေပြီလို့ သိရပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၅ နာရီမှာ သဂြိုလ်မယ်လို့ သိရပါတယ်။ သူကွယ်လွန်ချိန်မှာ သမီးတယောက်၊ သားတယောက် ကျန်ရစ်ပါတယ်။ 

နောက်သတင်းတခုကတော့ ရုပ်ရှင်လောကမှာ နာမည်ကျော်ခဲ့တဲ့ ဒါရိုက်တာ ဦးတင်ယု ညနေ ၈ နာရီခန့်မှာ ဆုံးသွားတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ 

သူဟာ ၁၉၂၀ ပြည့်နှစ်ကတည်းကစလို့ ရုပ်ရှင်လောကထဲကို ၀င်ခဲ့တဲ့သူပါ။ အသက်အငယ်ဆုံး ဒါရိုက်တာတယောက်အဖြစ် အသိအမှတ်ပြုခံရသူလည်းဖြစ်ပြီး ရုပ်ရှင်လောကသားတွေက ပေးတဲ့ တသက်တာ ရုပ်ရှင်ထူးချွန်ဆု ရသူလည်း ဖြစ်ပါတယ်။ 

သူ့ရဲ့ အနုပညာလောက ဖြတ်သန်းမှုအကြောင်းတွေကို အနာဂတ်အနုပညာလောကသားတွေ လေ့လာနိုင်ဖို့ ရည်ရွယ်ပြီး သူရေးခဲ့တဲ့ မှတ်စုတွေကို ဦးတင်ယု၏ ဦးတင်ယု အနုပညာစွမ်းဆောင်မှု မှတ်တမ်းစုဆိုတဲ့ စာအုပ် ထုတ်ဝေခဲ့ဖူးပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ် ရှိပါပြီ။

2 comments :

  1. Anonymous said... :

    So sad for both losses. Harry Lin had a great force of voice. I still remember a show at the foot of Zwegabin Mt in Kayin State when we were very friendly and drank together including Ye Thwin. 'Ko har gypsy' or 'I am gypsy' is his most famous one. Didn't we call him 'GA GYI'?

  1. sour grain said... :

    I'm gypsy.Don't take care of me.Oh!Very sorrowful news!Real rocker!We're brought up with your songs like Love & bread,poisoned money,Butterfly,Bring back all.May have a nice trip to heaven.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved