ဦးဆန်းဆင့် သာသနာရေး ၀န်ကြီးအဖြစ် တာဝန်ပေးခံရ

Wednesday, February 6, 2013

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဌ ဦးဆန်းဆင့်( ယခု သာသနာရေး ၀န်ကြီးဖြစ်လာသူ)

ဧရာဝတီတိုင်းမှာ လူကြိုက်များတဲ့ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌဖြစ်သူ ဦးဆန်းဆင့်ကို ယမန်နေ့ ဖေဖော်ဝါရီ လ ၅ ရက်နေ့ နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန်လက်မှတ်ရေးထိုးပြီး လစ်လပ်နေတဲ့ သာသနာရေး ၀န်ကြီးဌာနရဲ့ ပြည်ထောင်စု ၀န်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။ 

မကြာသေးမီကဘဲ ဦးဆန်းဆင့်ကို နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်မှာ သာသနာရေး ၀န်ကြီးအဖြစ် အမည်တင်သွင်းထောက်ခံအတည်ပြုခဲ့တာပါ။ အခုတော့ သမ္မတက လက်မှတ်ရေးထိုးပြီး သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ 

ဦးဆန်းဆင့်ဟာ ဒုတိယ ဗိုလ်ချုပ်ကြီးဟာင်း တဦးလည်းဖြစ်ပြီး ဧရာဝတီတိုင်း အတွင်း ပြည်သူများ က လေးစားသူ တဦးဖြစ်ပါတယ်။


1 comments :

  1. Unknown said... :

    ဒီကိစ က သိသ လောက်တော့ ၀န်ကြီးမခံမီ အရင်ဆုံး ကာယကံရှင် ကို သဘောထားမေးပါတယ်... သဘောတူမှ လွှတ်တော်တင်အတည်ပြုယူတာပါ... ဦးဆန်းဆင့်အရှေ့မှာ အမေးခံရတဲ့ လွှတ်တော်ကော်မတီဥကဌတစ်ယောက်ရှိတယ်လို့ သိရပါတယ် ... သူကတော့တခါထဲ လက်မခံဘဲငြင်းလိုက်ပါတယ် .... သက်သေသာဓကအတိအကျရှိပါတယ် ... ဦးဆန်းဆင့်အနေနဲ့ လက်ခံပြီးတော့မှ လူထုက မလုပ်စေခြင်လို့ ငြင်းသိုဖြစ်ရင် သမတ ကြီးကိုစော်ကားရာ ရောက်ပါတယ် ... အစောထဲက ကို့ ဆုံးဖြစ်ချက်ပြတ်သားဖို့ လို ပါတယ် .....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved