ခင်ဝမ်း နှစ်ပတ်လည်အခမ်းအနား ဇာတိမြို့မှာ ကျင်းပပြုလုပ်

Monday, March 4, 2013

ခင်ဝမ်း ၁၃ နှစ်မြောက်အလွမ်းရတု ဆိုတဲ့ခေါင်းစဉ်နဲ့ ပြည်မြို့က ရွှေဓနု စားသောက်ဆိုင်မှာ မတ်လ ၃ ရက်နေ့ ည (၇)နာရီမှာ စတင်ကျင်းပသည်။ 

(သတင်း,ဓာတ်ပုံ)- ကောင်းမြတ်မင်း ~~

“ ကိုခင်ဝမ်းကို အဆိုတော် လို့လူတော်တော်များများထင်ကြတယ်။ အဆိုတော်ဆိုတဲ့  ခေါင်စဉ် တခု  
အောက်မှာပဲ ရှိမနေသင့်ဘူး။ ကိုခင်ဝမ်းဟာ စာပေလောကမှာရော ပန်းချီးလောကမှာရော ဂီတလောက မှာပါ ထူးချွန်တဲ့ ပါရမီရှင် တယောက်ဖြစ်ပါတယ်။ ပြင်သစ်လို့ ကဗျာရေးတယ်ဗျာ၊ ဂျပန်ဘာသာစကားနဲ့ သီချင်းတွေလည်း သူဆိုတယ်ဗျ။ 

အခုပွဲကို ကျနော်က သူ့ကိုလေးစားလွန်းလို့ ဒီပြည်က ကျနော်သူငယ်ခင်း တိုးနှောင်မိုးနဲ့ ပေါင်းပြီး စီစဉ်ပေးခဲ့တာပါ။ ခေတ်စကားလို့ပြောမယ်ဆိုရင်ပေါ့ဗျာ။ ကိုခင်ဝမ်းကို ကျနော် အရမ်း“ဂါ” လွန်းလို့ လုပ်တာပေါ့ဗျာ” ဟု ပွဲစီစဉ်သူ ကိုတိုးလွင်း ( ဥတ္တရအလင်း ) က ဧရာဝတီကိုပြောသည်။

 နှစ်စဉ် ကိုခင်ဝမ်းကွယ်လွန်တဲ့ ဖေဖေါ်ဝါရလ ၃ ရက်နေ့တိုင်းကို အင်းယားကန်ဘောင်မှာ သူ့ကိုချစ်ခင်  
မြတ်နိုးတဲ့ စာပေ၊ ဂီတနဲ့ ပန်းချီအသိုင်းအဝိုင်းက မိတ်ဆွေတွေ အမှတ်တရပွဲပြုလုပ်လေ့ရှိပြီး၊ ကိုခင်ဝမ်းရဲ့ ဇာတိမြို့ဖြစ်တဲ့ ပြည်မြို့မှာ အခုလို ပြုလုပ်တာ ပထမဆုံးဖြစ်ကြောင်း ကိုတိုးလွင်း ( ဥတ္တရအလင်း ) က ပြောသည်။

ရန်ကုန်မှ ပန်းချီဆရာ ( ၂ ) ဦးမှလည်း ကိုခင်ဝမ်းအတွက် အမှတ်တရ ပန်းချီးကား ၂ ချပ်ကို ဇနီးသည် ဒေါ်ခင်လေးမြင့်ကို ပေးအပ်ခဲ့ပြီး ကိုရဲလွင် ( မဇ္ဈိမလှိုင်း)မှ အမှတ်တရစကားနှင့် သီချင်းများ သီဆိုဖျော်ဖြေ ခဲ့သည်။ 


“ဒီကနေ့က ကိုခင်ဝမ်းကွယ်လွန်တာ ၁၃ နှစ်နဲ့ တလ တိတိပြည့်တဲ့နေ့ပေါ့ဗျာ။ ကျနော်နဲ့ ခင်ဝမ်းက အထက်ကျောင်းသားဘဝမှာတုန်းက ခဏတဖြုတ်သူငယ်ချင်းဖြစ်ခဲ့ဘူးတယ်။ နောက်တော့ တက္ကသိုလ် ကျမှ ပြန်ဆုံဖြစ်ခဲ့တာ။

 နောက်တော့ ပန်းခရမ်းပြာ အခွေကစပြီး မဇ္ဈိမလှိုင်းအဖွှဲ့နဲ့ လက်တွဲဖြစ်တာ တနေ့တော့ ရဲကြီးမင်း သီချင်းတွေ ငါဆိုချင်တယ်လို့ သူကပြောတယ်။ ကျွန်တော်ကအဲဒိအချိန်မှာ ခရမ်းပြာအဆောင်မှာနေ တယ်။ သူက ခရမ်းပြာလိုက်ခဲ့မယ်လို့ ပြောတယ်။ မင်းသီချင်းတွေငါဆိုချင်တယ်လို့ပြောတော့ ဆိုပေါ့ မင်းက ငါ့သူငယ်ချင်းပဲ ” ဟု ကိုရဲလွင်( မဇ္ဈိမလှိုင်း )မှ အဲဒိအခန်းအနားလေးမှာ ကိုခင်ဝမ်းနဲ့ပတ်သတ်တဲ့ အမှတ်တရစကား ပြောသည်။ 


ကိုခင်ဝမ်းဟာ ၁၉၄၇ ခုနှစ်တွင် ပြည်မြို့မှာ မွေးဖွားခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်သည်။

အခမ်းအနားကို အနယ်နယ်အရပ်ရပ်မှာ ကဗျာဆရားများ၊ ပန်းချီဆရာများနှင့် ဂီတလောကသားတို့ တတ်ရောက်ခဲ့ကြပြီး ၎င်းတို့အသီးသီးမှ ကိုခင်ဝမ်းမိသားစုနှင့် တတ်ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များကို ကဗျာများ ရွတ်ဖတ်ခြင်း၊ သီချင်းများ သီဆိုဖျော်ဖြေကာ အမှတ်တရအခမ်းအနားကို ည ၁၁ နာရီခန့်မှ 

ရုပ်သိမ်းခဲ့သည်။ 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved