နည်းပညာခေတ်ကြီးထဲမှာ သင် ဘာဖြစ်ချင်သလဲ

Tuesday, March 19, 2013

ယနေ့ နည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ သင်လည်း နည်းပညာနဲ့ ဆက်စပ် ပတ်သက်တဲ့ ပညာရပ်တွေ ထပ်မံ သင်ယူလိုပါသလား၊ ဒီအတွက် I School ဆိုတဲ့ နည်းပညာကျောင်း က နေ့လယ်စာ ပါ ကျွေးပြီး ပညာတွေ ရဖို့ အကူအညီပေးနေပါပြီ။ 

ဓာတ်ပုံ- physicsworld.com

အခုဆိုရင် ခေတ်နဲ့အညီ နည်းပညာဆိုင်ရာ ဆက်စပ်တဲ့ ပညာ ဗဟုသုတတွေ ရစေဖို့ စိတ်ဝင်စားသူတိုင်း အတွက် သတင်းကောင်း တခုပါ။

ISchool (Myanmar)
4th Floor, Moe Oo Pan Building, Oak Kyunn Buthar Yone Street,
Hlaing Township, Yangon, Phone: 09 730 370 77


Training for ICT, IT, Digital Security and Social Media

ISchool (Myanmar)သည် ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို ပိုမိုခိုင်မာနိုင်စေရန်နှင့် လျှင်မြန်နိုင်စေရန်အတွက် နိုင်ငံရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ သတင်း အချက်အလက်ဖြန့်ချီမှု၊ မျှဝေမှုအားကောင်းနိုင်စေရန်ရည်ရွယ်၍ ICT၊ IT၊ Digital Security၊ Social Media နှင့် Citizen Journalist သင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြား ပေးနပါသည်။

ယခု ဖွင့်လှစ်မည့်သင်တန်းသည် အဖွဲ့အစည်းအသီးသီးရှိ ပြည်သူ့ဆက်ဆံရေးဌာနများ (Public Relation Department) နှင့် သတင်းအချက်အလက်နည်းပညာဌာနများ (Information Technology Department) အတွက် သတင်းအချက်အလက် နည်းပညာနှင့် လူမှုကွန်ရက်မီဒီယာများသုံးစွဲရာတွင် ပိုမိုထိရောက်စွာ အသုံးချနိုင်ရန်ရည်ရွယ်၍ အသိပညာ၊ အတတ်ပညာ မျှဝေပေးလိုခြင်းဖြစ်ပါသည်။

သင်တန်းကာလမှာ ၂၀၁၃ မတ်လ(၂၈) မှ ဧပြီလ(၃)ရက်နေ့ထိ (၇)ရက်ကြာမြှင့်မည်ဖြစ်ပြီး သင်တန်းချိန်မှာ မနက် (၉)နာရီမှ ညနေ(၅)နာရီအထိ ဖြစ်ပါသည်။

သင်တန်းကာလတွင် သင်ကြားမည့်ဘာသာရပ်များမှာ -
(၁) Introduction to Computer Technology (ICT)
(၂) Introduction to Internet and Websites
(၃) Digital Security
(၄) Social Media (Gmail, Facebook and Youtube)
(၅) Blogging (BlogSpot) နှင့်
(၆) Digital Security တို့ဖြစ်ကြပါသည်။     

Gmail၊ Facebook နှင့် Youtube တို့ကို အများအားဖြင့် သုံးစွဲနေတတ် ကြသော်လည်း လုံခြုံရေးတိုးမြှင့်၍ သုံးစွဲနည်း၊ ပိုမိုထိရောက်စွာသုံးစွဲနည်းတို့ကို သိရှိသူနည်းပါးသောကြောင့် ပိုမိုမွမ်းမံ မျှဝေသင်ကြားပေးရန် ရည်ရွယ်ပါသည်။ ထို့ပြင် ကွန်ပျူတာသုံးစွဲခြင်းကိုလည်း လုံခြုံရေးတိုးမြှင့်၍ သုံးစွဲနည်း၊ ပိုမိုထိရောက်စွာ သုံးစွဲနည်းတို့ကို မျှဝေသင်ကြားပေးရန်လည်း ရည်ရွယ်ပါသည်။

သင်တန်းတက်ရောက်လိုသူများသည် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအား အခြေခံအဆင့် တတ်မြောက် ထားရန် လိုအပ်ပါသည်။ ပြည်နယ်နှင့်တိုင်းများမှ လာရောက်သင်ကြားလိုသူများအတွက် နေရာ ထိုင်ခင်း (နေစရာအခန်း) စီစဉ်ပေးမည်ဖြစ်ပြီး ခရီးစရိတ်များကိုမူ ကျခံကုန်ကျပေးမည် မဟုတ်ပါ။ 

မိမိတို့ကိုယ်တိုင်သော်လည်းကောင်း/ မိမိ၏အဖွဲ့အစည်းမှ သော်လည်းကောင်း ခရီးစရိတ်နှင့် လိုအပ်နိုင်မည့်အသုံးစရိတ်များကို ကျခံတာဝန်ယူပေးရမည်ဖြစ်သည်။ သင်တန်းကာလအတွင်းတွင် နေ့လယ်စာကို ISchool က  တာဝန်ယူပေးမည်ဖြစ်ပြီး ညနေစာကိုမူ မိမိဘာသာ တာဝန်ယူဖြေရှင်း ရမည်ဖြစ်ပါသည်။

 ထို့ပြင် တက်ရောက်ခွင့်ရွေးခြယ်ပုံမှာ သင်တန်းပြီးဆုံးပါက မူလမိခင်အဖွဲ့အစည်းများတွင် ပြန်လည် တာဝန် ထမ်းဆောင်မည့်သူများ၊ ဒေသခံနယ်မြေများအား ပြန်လည်အကျိုးပြုမည့်သူများကို ဦးစားပေးရွေးခြယ်သွားမည်ဖြစ်ပါသည်။ 

တက်ရောက်သင်ကြားလိုသူများသည် လျှောက်လွှာပုံစံများနှင့် လူမှုကွန်ရက်မီဒီယာစစ်တမ်း (Social Media Survey) တို့ကို ပြည့်စုံစွာရေးဖြည့်၍ မတ်လ(၂၄)ရက်နေ့ နောက်ဆုံးထားကာ ischool.mm@gmail.com နှင့် maungyewin@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

သင်တန်းနှင့်ပါတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက- 


ကိုရဲဝင်း၊ သင်တန်းညှိနှိုင်းရေး တာဝန်ခံ၊
ဖုန်း-၀၉ ၇၃၀၃ ၇၀၇၇၊ အီးမေး(လ်)လိပ်စာ- maungyewin@gmail.com သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လျှောက်လွှာပုံစံကိုလည်း အခုလို တပါတည်း ဖော်ပြပေးလိုက်ပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved