တွံတေးမြို့က Care For Children အဖွဲ့

Sunday, March 31, 2013


 
လူငယ်တွေ စုစည်းဖွဲ့စည်းထားတဲ့ Care For Children ဆိုတဲ့အဖွဲ့လေးဟာ လာမယ့် ၆ ရက်နေ့မှာဆို ၆ နှစ်ပြည့်ပါပြီ။

ဒီအဖွဲ့ကို တွံတေးမြို့နယ်မှာရှိတဲ့ ကျောင်းသားလူငယ်တွေက စတင်ဖွဲ့ စည်းခဲ့တာပါ။
လူငယ်မျိုးဆက်တခုပြီးတခု လက်ဆင့်ကမ်း ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ 
မင်္ဂလာတိုက်ကျောင်း မိဘမဲ့ကလေးများ

 အဖွဲ့ရဲ့ (၆)နှစ်ပြည့် အထိမ်းအမှတ်အလှူပွဲကို ခါတိုင်းနှစ်တွေလိုပဲ  ဘုရားကြီးစံပြကျေးရွာ၊ ဘုရားကြီး မင်္ဂလာတိုက်ကျောင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

     CFCလို့ အသိများကြတဲ့  ဒီအဖွဲ့က ကလေးသူငယ်စောင့်ရှောက်ရေးအပြင် တွံတေးမြို့နယ် အတွင်း ဟောပြောပွဲများ ပေါ်ပေါက်ရေး၊
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ခြင်း၊ လူငယ်များအတွက် စာဖတ်ဝိုင်း အစရှိတာတွေကို နှစ်ရှည်လများဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

    ဒီအဖွဲ့မှာပါဝင်တဲ့ လူငယ်တဦးက “ကျွန်တော်တို့ တက်နိုင်သလောက် ကိုယ့်ဝန်းကျင်အတွက် အလုပ် လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီအဖွဲ့ကိုဖွဲ့ခဲ့တာဖြစ်တယ်။ Care For Children လို့ နာမည်ပေးထားပေမဲ့ ကျွန်တော်တို့ လုပ်နိုင်တာတွေကို  ကျွန်တော်တို့မြို့ရွာအတွက် လုပ်ခဲ့ကြ ပါတယ်။ အခုအချိန်မှာ သီးခြားဆောင်ရွက်မှုတွေကို သီးခြားအဖွဲ့နာမည်တွေနဲ့လည်း ဆောင်ရွက်နေကြပါတယ်” လို့ အဖွဲ့အကြောင်းကိုပြောပါတယ်။

    ဒီနှစ်(၆)နှစ်ပြည့်ပွဲမှာလူငယ်မျိုးဆက်သစ်တွေဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဖြိုးဖြိုးက “CFCကို လက်ဆင့်ကမ်းတဲ့ လူငယ်မျိုးဆက်တွေကတော့ ဘက ကျောင်းတွေမှာရှိတဲ့ကလေးငယ် တွေ ရဲ့ပညာရေးကို အဓိကထားပြီး လုပ်ဆောင်သွားမယ်။  တခြားလူငယ်အဖွဲ့တွေနဲ့ ချိတ်ဆက် ပြီး ကိုယ့်မြို့နယ်အတွင်းမှာရှိတဲ့ လိုအပ်ချက်တွေကို ပူးပေါင်းဆောင်ရွက် သွားဖို့လည်းရှိပါတယ်”လို့ပြောပါတယ်။

    ဒီနှစ်ပွဲကို တက်ရောက်မယ့်သူများအတွက် ဒလမြို့သင်္ဘောဆိပ်ကနေ ကြို/ပို့ကားတွေစီစဉ်ပေးမယ်၊ အသေးစိတ်အချက်အလတ်တွေကို  ၀၉ ၅၃၉ ၆၀၉၅ (ကိုဖြိုးဖြိုး)ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။


(အပေါ်ဆုံးပုံမှာ တွေ့ရတာကတော့ တွံတေးမြို့၊ မာန်ပြေဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးငယ်များ ဖြစ်ပါတယ်။)

တွံတေးမြို့နယ်အတွင်းရှိ ဘကကျောင်းတခု မြင်ကွင်း

   CFC အဖွဲ့က ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်လာတဲ့  စာရေးဆရာဝင်းထွဋ်ဇော် 

ရွက်စိမ်း ~
  ဧရာဝတီ Facebook / ဧရာဝတီ Twitter

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved