ILO ရန်ကုန် ရုံးခွဲ နေရာသစ်ကို ပြောင်း

Sunday, March 31, 2013

အလုပ်သမားနစ်နာချက်တွေ တိုင်တန်းလိုသူတွေ သိထားဖို့ အတွက် သတင်းတခုပါဘဲ။ ရန်ကုန်မှာဖွင့်လှစ် ထားရှိတဲ့ ကမ္ဘာအလုပ်သမား အဖွဲ့ချုပ် ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ရုံးခန်း နေရာပြောင်းရွှေ့ သွား ပါပြီ။ 

 ဓာတ်ပုံ- ၀ီကီပီဒီယား

ယခင်က ၁၂ ထပ်၊ ကုန်သည်ကြီးများ ဟိုတယ်၊ အမှတ် ၂၂၃၊ ဆူးလေဘုရားလမ်း ကနေ ဧပြီလ ၁ ရက်နေ့ က စတင်ပြီး  နေရာ သစ်ဖြစ်တဲ့ အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ကို ပြောင်းရွှေ့ဖွင့် လှစ် လိုက်ပြီ ဆိုတဲ့ အကြောင်း ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ အသိပေး ထားပါတယ်။ 

ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေကတော့ ဖုန်း ၀၁- ၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၈၉၂၅၊ ၅၇၉ ၉၅၆ တို့ဖြစ်ပြီး ဖက်စ် ကတော့ ၀၁-၅၆၆၅၈၂ ဖြစ်ပြီး Po Box: 679 ဖြစ်ကြောင်း သိရပါတယ်။ 


မြန်မာနိုင်ငံမှာ အတင်း အဓမ္မ အလုပ်ခိုင်းစေမှု၊ ကလေးစစ်သား၊ အလုပ်သမားရေးဆိုင်ရာ စတဲ့ ပြဿနာ 
တွေ ဖြေရှင်း ဖို့အတွက် ILO နဲ့ မြန်မာအစိုးရတို့ နားလည်းမှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ရန်ကုန်မှာ ကိုယ်စားလှယ်ထားကာ ရုံးစိုက်ဖို့ လုပ်ဆောင်လာခဲ့တာပါ။ 

အခုတော့ အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက်လိုသူတွေအတွက် ILO ရုံး သစ်ကိုဘဲ သွားနိုင်ကြပါပြီ။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved