Podcast သို့မဟုတ် စိတ်တိုင်းကျရေဒီယို

Saturday, March 23, 2013



ပေါ့ဒ်ကတ်စ် ဆိုသည်မှာ သီချင်း၊ ရေဒီယို၊ ဗီဒီယိုနှင့် အီးဘုတ်များကို မိမိ၏ ကွန်ပျူတာ သို့မဟုတ် အပေါ့စား သယ်ယူရလွယ်ကူသော ကိရိယာများတွင် ကူးယူ၍ နားထောင်နိုင်သောစနစ်ဖြစ်သည်။
ဒီဂျစ်တယ်စနစ်ဖြစ်နေသော သို့မဟုတ် ဒီဂျစ်တယ်စနစ်ဖြင့် ထုတ်လုပ်လိုက်သော မီဒီယာဖိုင်များကို ကူးယူ၍ နားထောင်နိုင်သော၊ ကြည့်ရှုအသုံးပြုနိုင်သော စနစ်တစ်ခုလည်း ဖြစ်သည်။

ပေါ့ဒ်ကတ်စ်၏ အားသာချက်မှာ အသံလွှင့်အစီအစဉ်များနှင့် ရုပ်သံအစီအစဉ်များကို ထုတ်လွှင့်ချိန်ကို စောင့်ဆိုင်း၍ ကြည့်ရှု နားထောင်ရန် မလိုအပ်ဘဲ မိမိ၏ ကွန်ပျူတာ သို့မဟုတ် သယ်ယူရလွယ်ကူသော ကိရိယာများတွင် ထည့်သွင်း၍ အသုံးပြုနိုင်ခြင်းဖြစ်သည်။

ထိုသို့ ထည့်သွင်း၍ အသုံးပြုနိုင်သောကြောင့် ခရီးသွားလာရင်း ဖြစ်စေ၊ မိမိအားလပ်သည့်အချိန်တွင် ဖြစ်စေ အသုံးပြုနိုင်သည်။
ထို့အပြင် မိမိ၏ မိတ်ဆွေအပေါင်းအသင်းများထံသို့လည်း မျှဝေပေးနိုင်သည်။ မိမိလက်ရွေးစင် သိမ်းဆည်းထားလိုသည်များကိုလည်း စုဆောင်း သိမ်းဆည်းထားနိုင်သည်။

ပေါ့ဒ်ကတ်စ်ကို အသုံးပြုလိုပါက ဆော့ဖ်ဝဲ (podcast subscription software) ကို အင်တာနက်မှ ရယုပြီး မိမိ၏ ကွန်ပျူတာထဲကို ထည့်သွင်းရမည် ဖြစ်သည်။ ထိုဆော့ဖ်ဝဲလ်မျိုး တစ်ပါတည်း ပါဝင်သော Apple's iTunes ကိုလည်း အသုံးပြုနိုင်သည်။ အလားတူဆော့ဖ်ဝဲ ဖြစ်သော Juice ဖြစ်စေ၊ Odeo ဖြစ်စေ အသုံးပြုနိုင်သည်။

ကွန်ပျူတာတွင်သာ မကဘဲ  MP3 Player, အိတ်ဆောင်မီဒီယာဖွင့်စက် (portable media player) များမှာလည်း ကူးယူ၍ အသုံးပြုနိုင်သည်။

ပေါ့ဒ်ကတ်စ် ဆိုသော စကားလုံးကို ဂါးဒီးယမ်းသတင်းစာ ၂၀၀၄ ဖေဖော်ဝါရီလ ဆောင်းပါးတစ်ပုဒ်တွင် စတင် ဖော်ပြခဲ့သည်။

  iPod မှ pod  နှင့် broadcasting မှ cast ကို ရယူ၍ ရရှိလာသော စကားလုံးတစ်ခု ဖြစ်သည်။  iPod သည် သယ်ယူရလွယ်ကူ၍ မာတီမီဒီယာများ ကြည့်ရှုနိုင်သော ကိရိယာ ဖြစ်သည်။

 Apple  က ထုတ်လုပ်လိုက်သော ကိရိယာဖြစ်သည်။

မိမိနားထောင်လိုသော အစီအစဉ်၏ အင်တာနက်လိပ်စာ ကူးယူ၍ အသုံးပြုလိုသူ၏ ပေါ့ဒ်ကတ်စ်ဆော့ဝဲလ်ထဲသို့ ထည့်သွင်း  နားထောင်နိုင်မည် ဖြစ်သည်။ ပေါ့ဒ်ကတ်စ်ကို "စိတ်တိုင်းကျ ရေဒီယို" ဟုလည်း ခေါ်ဆိုကြသည်။

ဟန်ဇော်/အလင်းတန်းဂျာနယ်www.shweamyutay.com

(အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved