တခေတ်ဆန်းလာတဲ့ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ

Monday, April 1, 2013

မြန်မာနိုင်ငံမှာ ဒီနေ့ ဧပြီလ ၁ ရက်က စတင်ပြီး နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေကို အစိုးရက ယာယီ ထုတ်ဝေခွင့် ပြုလိုက်ပြီးနောက် ရာစုနှစ် တဝက်လောက် ပျောက်ကွယ်သွားတာကနေ တဖန် ပြန်လည် ရုန်း ထ ရမယ့် နေ့စဉ်ထုတ် သတင်းစာလောကမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ 

ယနေ့ထုတ် ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာ ၄ စောင် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ပြန်ကြားရေး ၀န်ကြီးဌာနက ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားသူတွေထဲကနေ သတင်းစာ ၈ စောင်ကို မတ်လ ၁ ရက်နေ့က တကြိမ်၊ မတ်လ ၂၅ ရက်နေ့က သတင်းစာ ၈ စောင် ကို နောက်တကြိမ်နဲ့ စုစုပေါင်း သတင်းစာ ၁၆ စောင်ကို ယာယီ ထုတ်ဝေခွင့်ကို တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၈ (၁) ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ 

 နှစ်ပေါင်း ၅၀ ကျော် အဆက်ပြတ်နေရာကနေ နေ့စဉ်ထုတ် သတင်းစာ တခေတ်ဆန်းလာမှာ ဖြစ်ပေမယ့် တချိန်က အခြေအနေတွေနဲ့တော့ အခုအခြေအနေတွေက မတူတော့ပါဘူး။ 



လွတ်လပ်ပြီးစ မြန်မာနိုင်ငံမှာ ပထမဆုံး ထွန်းကားခဲ့တဲ့ သတင်းစာ ခေတ်ဦးကို အဓိက အဆုံးသတ်စေခဲ့တဲ့ ၁၉၆၂ ခု နှစ် မတ်လက ထွက်ပေါ်ခဲ့တဲ့ ပုံနှိပ်ဥပဒေ မထွက်ခင်အထိ စာနယ်ဇင်း လွတ်လပ်မှု ရှိခဲ့ကြောင်း၊ အခု ဥပဒေနဲ့ ထုတ်ဝေသူတွေ၊ သတင်းစာသမားတွေ အဓိက ရင်ဆိုင်ရဖို့ ရှိနေပြီး ကျင့်သုံးသူအပေါ် မူတည်နေတယ်လို့ “ရွှေနိုင်ငံသစ်” နေ့စဉ်သတင်းစာကို ထုတ်ဝေမယ့် သတင်းစာဆရာကြီး ဦးခင်မောင်လေး ခေါ် ဖိုးသောကြာ (ခေတ်+မိုး) က ဧရာဝတီကို ပြောပါတယ်။

တခတ်ဆန်း ပြန်လည်ထွက်ပေါ်လာတဲ့ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေအခြေအနေ ဘယ်လို ရှိသလဲ ဆိုတာ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သတင်းထောက် လင်းသန့် ရေးသား တင်ပြထားတဲ့ တခေတ်ဆန်း သတင်းစာလောကနဲ့ စိန်ခေါ်မှုများ ဆိုတဲ့ ဆောင်းပါးမှာ ဖတ်နိုင်ပါပြီ။ 






အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved