တောင်ကြီးမြို့ရဲ့ ဆိုင်ကယ်သင်္ကြန်

Monday, April 15, 2013

မြန်မာ့ရိုးရာအတာ သင်္ကြန် အကြတ်နေ့ဟာ မကြာခင်နာရီပိုင်းအတွင်း အဆုံးသတ်ပါတော့မယ်။
ဒီကနေ့ တောင်ကြီးမြို့မှာတော့ ထုံးစံအတိုင်း  ဆိုင်ကယ်အများအပြား တွေ့ရတဲ့အတွက် ဆိုင်ကယ်သင်္ကြန်လို့ ခေါ်ရမလိုပါပဲ။ ဒီအချက်က ရန်ကုန်နဲ့မတူတဲ့အချက် ဖြစ်မှာပါ။

အရေးတကြီး ပြောစရာရှိတာတွေထဲက တခုကတော့ ဆိုင်ကယ်စီးနင်းသူ အများစုက ကိုယ့်အသက်ကို အကာအကွယ်ပေးမယ့် ဦးထုပ်တွေ ဆောင်းမထားကြဘူး ဆိုတာပါပဲ။ ကိုယ်က တခုခုကို ၀င်တိုက်လို့၊ တပါးသူက ကိုယ့်ကို ၀င်တိုက်လို့ စသဖြင့်သော မတော်တဆမှုများဖြစ်ပွားရာကနေ ထိခိုက်ဒဏ်ရာရသူ ဘယ်လောက် ရှိမယ် ဆိုတာကိုတော့ ဆေးရုံမှာ သွားရောက် စုံစမ်းရင် အကြမ်းဖျဉ်း သိနိုင်ပါလိမ့်မယ်။

လောလောဆယ် တောင်ကြီးသူ တောင်ကြီးသားတွေဟာ တနှစ်မှာ တကြိမ်သာ ကြုံတွေ့ကြရတဲ့ ရေသဘင်ပွဲတော်ကို တခြားဒေသက တိုင်းရင်းသားမောင်နှမများ နည်းတူ ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါပြီ။

အန္တရာယ်ကင်း ဘေးရှင်းကြပါစေကြောင်း ဆုတောင်းရင်း ဒီကနေ့ တောင်ကြီးမြင်ကွင်းတချို့ကို မျှဝေလိုက်ပါတယ်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး)

















 
 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved