ဆားလင်းကြီး၊ သံဆူးကြိုး၊ ကြံ့ခိုင်ရေးမြို့

Monday, April 29, 2013


လက်ပံတောင်းတောင် စီမံကိန်းတွင် ဒေသခံများ၏ ဆန္ဒဖော်ထုတ်မှုတွေကြောင့် ဆားလင်းကြီးမြို့နယ်ဟာ ကမ္ဘာကျော်၊ လူသိများလာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ လက်ပံတောင်းတောင် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပဲ ဒီဆားလင်းကြီးမြို့နယ်မှာ ရှိတဲ့ ဒေသခံတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုအပိုင်းတွေကု
ိ ၀မ်ပေါင်ကုမ္ပဏီက အထူး
ဂရုစိုက်လာတာကို  မြင်တွေ့ကြရမှာဖြစ်ပါတယ်။


  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန်တွက် ခုဆိုရင် ဆားလင်းကြီးမြို့နယ်မှာ တိုက်နယ်ဆေးရုံတစ်ရုံနဲ့ ကျေးလက်ကျန်းမာရေး ဌာနခွဲတွေ ထပ်မံ ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ ၀က်မှေးဒေသခံတွေကို ကွန်ပျူတာသင်တန်းတွေ ပေးနေတယ်လို့ ဆိုပါတယ်။ ၀က်မှေးကျေးရွာသစ်မှာပဲ အမျိုးသမီး ၈၀ ကျော်ကို အိမ်တွင်းမှု စက်ချုပ်သင်တန်းတွေ ပေးနေပါတယ်။

ဒါ့အပြင် ကျေးလက် စာကြည့်တိုက်၊ သောက်သုံးရေရရှိရေးနဲ့ ကျောင်းများ၊ကျေးလက်လမ်းများနဲ့ ကျေးလက် အားကစားကွင်းတွေကိုလည်း ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ စီမံကိန်းအတွက် ငွေကျပ် သိန်းပေါင်း ၆,၆၀၀ အကုန်ကျခံ သုံးစွဲရန် လျာထားတယ်လို့ ဆိုပါတယ်။

သိမ်းဆည်းမြေ စိစစ်ရေးအဖွဲ့အနေဖြင့် ဒေသခံတောင်သူ ၆၇၆ ဦး၊ မြေဧက ၂,၀၁၈ ဧက အတွက် မြေယာလျော်ကြေးငွေ ကျပ်သိန်းပေါင်း ၂၀,၅၄၁ သိန်း ပေးခဲ့ပြီး စိုက်ပျိုးမြေ ဖော်ထုတ်ခြင်းလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့  သိရပါတယ်။



ဝမ်ပေါင်ကုမ္ပဏီဘက်တွင် ဆားလင်းကြီးဒေသခံများကို ဦးစားပေး လုပ်ငန်းများ ခိုင်းစေလျက်ရှိပြီး လုပ်ငန်းခွင် စတင်ဝင်ရောက်ရင် တစ်ဦးကို ဒေါ်လာ ၁၂ဝ ပေးနေကြောင်း ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်က ပြောပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ ဆည်တည်းကျေးရွာ ဒေသခံများနဲ့ ဆားလင်းကြီးမြို့နယ် ရဲများ အပြန်လှန် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒေသခံ ၂၀ ဒဏ်ရာရပြီး အတွင်းလူနာအဖြစ် ၃ဦး၊ လုံခြုံရေးတာဝန်ကျ ရဲများဘက်ကလည်း ဒဏ်ရာရရှိသူ ၁၅ဦးနှင့် အတွင်းလူနာ ၃ဦး ဆေးရုံတက် ကုသမှု ခံယူနေရပါတယ်။

ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ ၀င်ပေါက်အားလုံးကို သံဆူးကြိုးများ ကာရံထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။



ထို့ပြင် ဆားလင်းကြီးမြို့အ၀င်ပေါက်တွင် ဆားလင်းကြီး ကြံ့ခိုင်ရေးမြို့တော်ဟု စာတန်းကြီး တပ်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒေသခံများအနေနဲ့ ဆားလင်းကြီးမြို့ ကြံ့ခိုင်ရေးမြို့အဖြစ် ဘယ်အချိန်၊  ဘယ်သူက သတ်မှတ်လိုက်တာကို သေချာမသိရသော်လည်း ၄င်းတို့၏
အဆင်မပြေမှုများနှင့် ပြသနာကိုများကို ကြံ့ခိုင်ရေးပါတီအနေဖြင့် မည်သူကမှ ဦးဆောင် ဆောင်ရွက်ပေးတာ မရှိဘူးလို့ ပြောဆိုနေကြပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved