သင်္ကြန်မိုး

Monday, April 15, 2013



 အဉ္စလီမောင်မောင် ရေးဖွဲ့ခဲ့တဲ့ သင်္ကြန်မိုး သီချင်းကို YouTube ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။

ဒီရုပ်သံမှာ သီဆိုထားသူကတော့  ဇော်ပိုင် ဖြစ်ပါတယ်။


သင်္ကြန်မိုး
မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ …
တယောက်တလှည့်မို့လှမ်းကာ ဖျန်းပက်ကြစဉ် …
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ …
ခေါင်းလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ …

ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ …
ငုံနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း
ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင် လှသတဲ့ တင့်မှာမို့ …

မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့သင်္ကြန်ခါ …
လန်းဆန်းတဲ့ မိုးရယ် မိုးပြေးလေးရေ
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ  သင်္ကြန်မိုးလေးရေ စိုရုံဖျန်းပက်ဦး

လန်းဆန်းတဲ့ပိတောက်ရယ် မိုးပြေးလေးရေ
သင်းပျံ့စ တန်ခူးလေမှာ
ပွဲဖျက်တဲ့မိုးလို့ မပြောကြရအောင် 
မိုးပြေးလေးရေ  သင်္ကြန်မိုးလေးရေ စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ  သင်္ကြန်မိုးလေးရေ စိုရုံဖျန်းပက်ဦး


 
 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved