PSY ရဲ့ သီချင်းသစ်

Monday, April 15, 2013


ဂန်နန်စတိုင် (Gangnam Style) တေးသီချင်းရုပ်သံဖြင့် ကမ္ဘာကျော်ခဲ့သည့် တောင်ကိုရီးယား ပေါ့ပ်အဆိုတော် ပီအက်စ်ဝိုင် (PSY) က သောကြာနေ့တွင် သီချင်းသစ်တစ်ပုဒ် ဖြန့်လိုက်ပြီး အဆိုပါသီချင်းသစ်ကို မြောက်ကိုရီးယားတို့လည်း နှစ်သက်မည်ဟု မျှော်လင့်နေသည်။  

 


ဒီဇင်ဘာလက ကယ်လီဖိုးနီးယားပြည်နယ်၊ LA မှာ တင်ဆက်နေတဲ့ PSY (ဓာတ်ပုံ - Reuters)
 

ယခု သီချင်းသစ်၏ အမည်ကို လူကြီးလူကောင်း (Gentleman) ဟု အမည်ပေးထားပြီး သူ၏ ပေါက်သီချင်း ဂန်နန်စတိုင် ကဲ့သို့ ထင်ရှားစေရန် ကြိုးစားထားသည်ဟု ဆိုသည်။

သီချင်းသစ်ထွက်ချိန်သည် တောင်/မြောက် ကိုရီးယား နှစ်နိုင်ငံတို့ အစွမ်းကုန် စစ်ရေး မာန်စောင်နေချိန်လည်း ဖြစ်သည်ကို တွေ့ရသည်။



 ကိုရီးယားကျွန်းဆွယ် စစ်ပြင်ဆင်မှုအကြောင်းအရာက နိုင်ငံတကာသတင်းစာမျက်နှာများတွင် နေရာယူထားသည်။

 တောင်/မြောက် ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်က ၃ နှစ်ကြာ စစ်ပွဲ ဆင်နွဲခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်မရဘဲ စစ်ရပ်စဲခဲ့ကြကြောင်း၊

ယခုအခါ မြောက်ကိုရီးယားက တောင်ဘက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်မည့် အရိပ်အယောင်းများ ပြနေသည်။

အဆိုတော်ပီအက်စ်ဝိုင်ကမူ သူ့သီချင်းသစ် Gentleman ကို မြောက်ဘက်က နှစ်သက်ကြဖွယ်ရှိကြောင်း၊ သူ၏ တာဝန်မှာ မြောက်ကိုရီးယားတို့အပါအဝင်  လူသားအားလုံး ပျော်ရွှင်ကြရေး ဖြစ်ကြောင်း ပြောသည်။

ပီအက်စ်ဝိုင်၏ မြင်းစီးဟန်ဖြင့် ခုန်ပေါက်ကခုန်မှုများ ပါဝင်သည့် သီချင်းရုပ်သံသည် YouTube ရုပ်သံဝက်ဆိုက်တွင် လူကြည့်အများဆုံးမှတ်တမ်းဝင် သွားသည်အထိ အောင်မြင်ခဲ့သည်ကို တွေ့ရသည်။

ယမန်နှစ် ဇူလိုင်လက ထွက်ပေါ်လာသော မြင်းစီးဟန်ဂန်နန်စတိုင်ကြောင့် ပီအက်စ်ဝိုင်သည် ကမ္ဘာ့အထင်ကရ ကိုရီးယားလူမျိုးတစ်ဦး ဖြစ်သွားခဲ့လေသည်။

ယခု သီချင်းသစ်ကို နိုင်ငံတကာမှ လူမျိုးစုံတို့အတွက် ဆိုလွယ်တေး ဖြစ်စေရန် ကြိုးပမ်းထားသည်ဟု ၎င်းက ပြောသည်။ ၎င်းကိုတိုင် ရေးထားသော သီချင်းသစ်တွင် အင်္ဂလိပ် နှင့်  ကိုရီးယား နှစ်ဘာသာ သုံးထားကြောင်း၊ သံစဉ်ကိုမူ တစ်စုံတစ်ယောက်နှင့် ပူးတွဲ ရှာဖွေထားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ တောင်ကိုရီးယားသမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် တင်ဆက်နေသော PSY (ဓာတ်ပုံ - Reuters)


အကဲခတ် ဝေဖန်သူတချို့ကမူ ပီအက်စ်ဝိုင်သည် သီချင်းတစ်ပုဒ်တည်း ပေါက်ပြီး တဖြည်းဖြည်း ပျောက်သွားမည့်သူဖြစ်ဖွယ်ရှိသည်ဟု ဆိုကြသည်။

ပီအက်စ်ဝိုင်ကမူ - ကျွန်တော့်ရဲ့သီချင်းတချို့ ကမ္ဘာကျော်သည်ဖြစ်စေ မကျော်သည်ဖြစ်စေ ဒီအလုပ်ကို လုပ်နေတာ ၁၂ နှစ် ရှိပါပြီ။ ကိုရီးယား ကကွက်တွေ၊ ကိုရီးယားသီချင်းတွေကို အရင်ကထက် ပိုပြီး ကျွန်တော်က ပြည်ပပို့ပေးမှာပါ ဟု ပြောဆိုလိုက်လေသည်။


Ref; http://www.huffingtonpost.com/2013/04/13/psy-north-korea-south-korea-tensions_n_3075786.html#slide=1872072  




မိုးမခမီဒီယာ http://moemaka.blogspot.com ကနေ ကူးယူ ဖော်ပြပါတယ်။

ဆက်စပ် - ဟစ်တလာလည်း သီချင်းဆိုပြီ 
 

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved