နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွတ်လာအုံးမလား

Thursday, May 9, 2013

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီကို သမ္မတ ဦးသိန်းစိန်က ပြင်ဆင်ဖွဲစည်းလိုက်ပါ တယ်။ 



ပြည်ဆင်ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ သမ္မတရုံး ၀န်ကြီး တဦးဖြစ်တဲ့ ဦးစိုးသိန်းက တာဝန်ယူတာဖြစ်ပေ မယ့် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတချို့ရယ်၊ နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူတွေ စတာတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ 

သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အသေးစိပ်ကို ပြန်လည် ဖော်
ပေးလိုက်ပါတယ်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊၄၃/၂ဝ၁၃

၁၃၇၅ခုနှစ်၊တန်ခူးလပြည့်ကျော်၁၃ရက်

(၂ဝ၁၃ခုနှစ်၊မေလ၈ရက်)
လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတိုးချဲ့ပြင်ဆင်
ဖွဲ့စည်းခြင်း


နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ် များ တွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်း
ကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ် လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေး အတွက်လည်းကောင်း ရည်ရွယ်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက် ရှိသော နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ရန် အစိုးရဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များ ပါဝင်သော ''လက်ကျန် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ'' ကို အောက်ပါ အတိုင်းတိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်-

(၁) ဦးစိုးသိန်း ပြည်ထောင်စုဝန်ကြီး                သမ္မတရုံးဝန်ကြီးဌာန(၃)   ဥက္ကဋ္ဌ

(၂) ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း                 ဒုတိယဝန်ကြီးပြည်ထဲရေးဝန်ကြီးဌာ
အဖွဲ့ဝင်

(၃) ဦးထွန်းထွန်းဦး ဒုတိယရှေ့နေချုပ် ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်

(၄) ဦးအောင်စောဝင်း ညွှန်ကြားရေးမှူးချုပ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
အဖွဲ့ဝင်

(၅) ဦးသန်းဌေး ညွှန်ကြားရေးမှူးချုပ် အကျဉ်းဦးစီးဌာန အဖွဲ့ဝင်

(၆) ဦးစစ်မြိုင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်

(၇) ဦးကြည် မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့ဝင်

(၈) ဦးလှမောင်ရွှေ Myanmar Egress အဖွဲ့ဝင်

(၉) ဦးဘိုကြည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
အဖွဲ့ဝင်

(၁ဝ) ဦးညိုထွန်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် အဖွဲ့ဝင်

(၁၁) ဦးရဲအောင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အဖွဲ့ဝင်

(၁၂) ဦးသူရ(ဇာဂနာ) House of Media Entertainment အဖွဲ့ဝင်

(၁၃) ဦးဉာဏ်ဝင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်

(၁၄) ဦးခွန်ထွန်းဦး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်

(၁၅) ဦးကိုကိုကြီး ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
အဖွဲ့ဝင်

(၁၆) ဒေါက်တာဝင်းနိုင် အမျိုးသားဒီမိုကရေစီအင်အားစု အဖွဲ့ဝင်

(၁၇) ဦးသိန်းညွန့် အမျိုးသားဒီမိုကရေစီပါတီသစ် အဖွဲ့ဝင်

(၁၈) ဦးကောင်းမြင့်ထွဋ် မြန်မာအမျိုးသားကွန်ဂရက်ပါတီ အဖွဲ့ဝင်

(၁၉) ဦးအောင်သိမ်း ဒုတိယဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၄) အတွင်းရေးမှူး




(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာလည်း အဆိုပါ ပြင်ဆင်ဖွဲ့စည်းတဲ့ သတင်းနဲ့ အသေးစိပ်ကို ဖော်ပြ ထားပါတယ်။ 

အဆိုပါ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးအတွက် စိစစ်ရေး 
ကော်မတီ ရဲ့ အစည်းအဝေကို လာမယ့် မေလ ၁၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အဲဒီအစည်းအဝေးကနေ လက်ကျန် နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ကို စိစစ်ပြီး ဘယ်နှစ်ဦး ထပ်မံ လွတ်မြောက်လာမယ်ဆို တာ သိနိုင်ဖွယ်ရှိပါတယ်။ 

အများကတော့ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံ လွတ်မြောက်လာစေလိုပြီး နောက်ဆုံး ဖမ်းဆီး ထောင်ချခံထားရတဲ့ ဦးနေမျိုးဇင်လည်း ပြန်လည် လွတ်မြောက်စေလိုကြပါတယ်။ 

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved