မြန်မာပြည်နဲ့ ဒေါ်လာသန်း ၃ဝ အထက် ချမ်းသာသူများ

Thursday, July 25, 2013


ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်  ချမ်းသာသလဲ လို့ မေးဖူးပါသလား။

မြန်မာပြည်မှာ သူကြွယ်တွေ များလာပြီလို့ ဧရာဝတီသတင်းတပုဒ်မှာ ဖတ်လိုက်ရလို့ ဒီလို မေးဖူးသလား လို့ စူးစမ်းကြည့်တာပါ။

၂၀၁၂ စက်တင်ဘာလမှာတွေ့ရတဲ့ ရန်ကုန်မြို့က ဘဏ်ဝန်ထမ်းတဦး နဲ့ သူကိုင်တွယ်ရတဲ့ ငွေစက္ကူများ (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

လာမယ့် ဆယ်နှစ်အတွင်းမှာ ဒီထက် ပိုများလာမယ်၊ တိတိကျကျ ခန့်မှန်းရရင် ဒေါ်လာ သန်းသုံးဆယ်အထက် ကြွယ်ဝသူ အရေအတွက်က ၃၀၀ ကျော်သွားနိုင်ပါတယ် တဲ့။

ပြီးခဲ့တဲ့နှစ်မှာ မြန်မာပြည်သားတွေထဲ အဲဒီလောက် ကြွယ်ဝသူ ၃၉ ဦးရှိတယ် ဆိုပဲ။

လန်ဒန်အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေအကြံပေး ကုမ္ပဏီ Knight Frank က ပြုစုတဲ့  “ကြွယ်ဝမှု အစီရင်ခံစာ” ကို ကိုးကားထားတဲ့ တွက်ချက်မှု ဖြစ်ပါတယ်။

ဝီလျံဘု ရေးသားတဲ့ Wealthy Burmese Shun Rangoon’s Property Boom to Invest in London
http://www.irrawaddy.org/archives/40423
သတင်းမှာ အဲဒီလို ရေးထားတာပါ။

မြန်မာလို ဖတ်ချင်ရင်တော့ နိုင်မင်းသွင် ဘာသာပြန်တဲ့
မြန်မာတွေ အင်္ဂလန်မှာ အိမ်ဝယ်နေကြပြီ
 http://burma.irrawaddy.org/archives/44883
ကို ဖတ်ပါ။

မြန်မာတွေထဲမှာ အင်မတန် ကြွယ်ဝသူတွေ များလာပြီဆိုတာ သိရတဲ့အတွက် ဝမ်းသာစရာပေါ့။

မည်သို့မည်ပုံ ကြွယ်ဝလာခြင်းဖြစ်သည် ဆိုတာကို ရေးသားတာတွေလည်း ပေါ်လာလိမ့်ဦးမယ်လို့ ယူဆရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved