နောက်ဆုံးပေါ် လျှပ်စစ်ဓာတ်အားပေးစက်

Thursday, July 25, 2013

အနာဂတ်မှာ ခေတ်စားလာမယ့် နောက်ဆုံးပေါ် လျှပ်စစ် ထုတ်တဲ့ စက်ကို နာဆာမှာ အလုပ် လုပ်ကိုင်ခဲ့တဲ့ အိန္ဒိယလူမျိုး သိပ္ပံပညာရှင် တဦးက တီထွင်ထားပါတယ်။ 


အဲဒီစက်ဟာ အိမ်တခုလုံးမှာ ရှိတဲ့ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အိမ်သုံး ရိုးရိုးလျှပ်စစ်မီး၊ ပါဝါမီးတွေက အစ အသုံးပြုလို့ရတဲ့ လျှပ်စစ် ဓာတ်အားကို ထုတ်ပေးပြီး သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း မဖြစ်စေတဲ့ နည်းစနစ်နဲ့ တီထွင်ထားတာလို့ သိရပါတယ်။

ဒီစက်ရဲ့နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး အချက်အလက် တော်တော်များများက လျှို့ဝှက်အဆင့်မှာပဲ ရှိနေပါသေးတယ်၊ စက်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းထဲမှာ သဲနဲ့ လုပ်ထားတဲ့ ကြွေထည်တမျိုး ပါဝင်တယ် လို့ ဆိုပါတယ်။


အဲဒီ ကိုယ်ပိုင်လျှပ်စစ်မီး ထုတ်တဲ့ စက်တလုံးဟာ အနာဂတ်မှာတော့ အမေရိကန် ဒေါ်လာ ၃၀၀၀ လောက်ပဲ ပေးရတော့မယ်လို့ စက်တီထွင်သူ Mr. Sridhar က ခန့်မှန်းထားပါတယ်။

သူ့ရဲ့ ဘက်ထရီ ကိုတော့ ၂ နှစ်/ ၃ နှစ်ကြာရင် အသစ်တော့ ပြန်ဝယ်ရပါမယ်တဲ့။
ဒီစက်နဲ့ အိမ်မှာ လျှပ်စစ်မီး သုံးတော့ မီတာကြေးတွေ ဘာတွေ ဆောင်စရာလည်း မလိုတော့ဘူးပေါ့။ 

အခု ဆိုရင် အမေရိကားမှာ ကော်ပိုရေးရှင်းကြီးတွေကပါ အဲဒီ လျှပ်စစ် ထုတ်တဲ့ စက်ကို အပြိုင်အဆိုင် မှာယူ ၀ယ် နေကြပါတယ်။ 

အရင်ကတော့ ကော်ပိုရေးရှင်းကြီးတွေက လျှပ်စစ်ထုတ်စက်ကြီးတွေကို ဒေါ်လာ သိန်းချီ ပေး ၀ယ်နေရတဲ့ စရိတ်ကြီးမြင့်မှုတွေရှိခဲ့ပါတယ်။ 

အခုတော့ ကုန်ကျစရိတ် အလွန်သက်သာပြီး အဆင်ပြေတဲ့ နောက်ဆုံးပေါ် လျှပ်စစ်မီးစက်ဟာ မြန်မာပြည်အတွက် အလွန်အသုံးတည့်မယ် ထင်ပါတယ်။ 

လျှပ်စစ်မီး ပုံမှန်မရမယ့် အတူတူ ဒီလို မီးစက်မျိုးကို ၀ယ်ယူအသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေကြမယ် ထင်ပါတယ်။
အောက်က ရုပ်/သံမှာ ကြည့်နိုင်ပါတယ်။ 





အိမ့်သံစဉ် ~

1 comments :

  1. aan tz said... :

    may I know the link of that original news?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved