အငွေ့ ထွက်တဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု

Friday, August 23, 2013

~


 

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးကရက် ကုမ္ပဏီ BritishAmerican Tobacco က ရန်ကုန်မြို့ပြင်မှာ စက်ရုံတည်နေပြီ။
ကမ္ဘာ့ တတိယအကြီးဆုံး စီးကရက် ကုမ္ပဏီ Japan Tobacco လည်း ရောက်နေပါပြီ။
လုပ်ငန်းရှင်ကြီးဦးကျော်ဝင်းနဲ့တွဲဖက်ပြီး လုပ်နေတာ တနှစ်လောက်တော့ ရှိပြီပေါ့။
တရုတ်ပြည်က အကြီးဆုံး စီးကရက် ကုမ္ပဏီလည်း ရောက်ချလာပြီ၊ ဖက်စပ်လုပ်မယ် တဲ့။



ဆေးလိပ်ငွေ့ရှူသူနဲ့ ဆေးလိပ်သောက်သူ။
ဧရာဝတီ ပင်မ စာမျက်နှာ တွေ့ရတဲ့ ဓာတ်ပုံပါ - (Photo: Reuters / Soe Zeya Tun)

ပြည်ပရင်းနှီးမြှုပ်နှံခြင်းတွေ ဝင်လာတာတော့ ကောင်းသပေါ့၊ အလုပ်အကိုင်သစ်တွေ ပေါ်ပေါက်လာမယ်၊ ဖွံ့ဖြိုးတိုးတက်မယ် ဆိုပါတော့။
အဲသလိုပဲ ... ကျန်းမာရေး၊ သဘာဝ ဝန်းကျင် ပျက်ယွင်းခြင်း နဲ့ လူမှုရေးဆိုင်ရာနောက်ဆက်တွဲပြဿနာများလည်း တိုးတက်လာမယ် ဆိုပါတော့။

အထက်ဖော်ပြပါ စီးကရက်ကုမ္ပဏီကြီးများ ဝင်ရောက်မှုကို ကျန်းမာရေးဝန်ကြီးဌာနက ကြိုဆိုသမှု မပြုနိုင်ပေမယ့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတော့ ကော်ဇောနီခင်းခဲ့သလိုများ ဖြစ်နေမလား။

စီးကရက်ကုမ္ပဏီကြီးများက တခြားတိုင်းပြည်တွေမှာ လုပ်ရကိုင်ရခက်လာပေမယ့် မြန်မာပြည်က သူတို့အတွက် မက်စရာ စားကျက် ဖြစ်နေပါတယ်။

ဆေးလိပ်ငွေ့ရှူမိလို့ အဆုတ်ထိတာတို့ ဘာတို့အကြောင်း သိပ်သတိမပြုမိတဲ့နိုင်ငံ၊ ဆေးလိပ် ထိန်းချုပ်ရေး အစီအစဉ်က ခပ်ယဲ့ယဲ့၊ ဆေးလိပ်သောက်သုံးမှု တိုက်ဖျက်ရေးက အလုပ်မဖြစ်တဲ့နိုင်ငံပေကိုး။

British American Tobacco အမှုဆောင်အရာရှိကြီး Nicandro Durante ကတော့ သူတို့ဝက်ဆိုက်မှာ ရေးထားပါတယ်၊
မြန်မာပြည်ထဲ လုပ်ငန်း ပြန်ဝင်လုပ်ရလို့ "အရမ်း အရမ်း စိတ်လှုပ်ရှားမိတာပဲဗျာ" တဲ့။
"ဒီတိုင်းပြည်ရဲ့ စီးပွားရေး လူမှုရေး ဖြစ်ထွန်းမှုတွေမှာ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ချင်ပါရဲ့" လို့လည်း ရေးပါတယ်။

ဒါက ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖော်ပြထားတဲ့ ဒေါ်အေးအေးဝင်းရဲ့ သတင်းဆောင်းပါးတပုဒ်ထဲက စာကြောင်းတချို့ကို ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်လိုက်တာပါ။
အပြည့်အစုံဖတ်မယ်ဆိုရင်တော့ http://www.irrawaddy.org/archives/42484 မှာ ဖတ်နိုင်ပါပြီ။

ဆောင်းပါးထဲမှာ ဆေးလိပ်သမား နှစ်ဦးရဲ့ အသံကိုလည်း ထည့်ထားပါတယ်။

တသံက - ဆေးလိပ်သောက်တာ မကောင်းဘူးလို့ ပြောကြတာ ကြားနေရတယ်။ ဆေးလိပ်သောက်တဲ့သူတိုင်းလည်း ကင်ဆာ ဖြစ်ပါဘူးရှင်။
ကျမ အခု ဘာမှ မဖြစ်ဘူး။ ပြီးတော့လည်း ဖြစ်မလာသေးတာအတွက်လည်း စိတ်ပူမနေချင်ဘူး။

အသက် ၃၇ နှစ်အရွယ် မခင်ချိုက ပြောတာပါ။

နောက်တယောက်ကတော့ အသက် ၆၀ အရွယ် ဦးလှစိုးဖြစ်ပါတယ်။
ကျနော်က ဗဟုသုတ မရှိဘူး။ ရွာမှာနေတာလေ။ အဆုတ်ကင်ဆာဖြစ်နေပြီဆိုလို့ ဆေးလိပ်ဖြတ်တာတော့ တနှစ်ရှိသွားပြီ။

ဆောင်းပါးထဲမှာ အဆုတ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတခုက အရာရှိရဲ့ အသံကိုလည်း ထည့်ထားပါတယ်။

ဆေးရွက်ကြီးရဲ့ အန္တရာယ်ကို ဆေးလိပ်ဗူးခွံမှာ ကပ်ဖို့ မလိုတာ ဒေသတွင်းမှာဆိုရင် ဒီတနိုင်ငံပဲ ရှိတယ် တဲ့။
နိဂုံးပိုင်းနားမှာ တွေ့ရတဲ့မှတ်ချက်ပါ။

ဆေးလိပ်ငွေ့က လူတွေရဲ့ နေ့စဉ်ဘ၀ကို နည်းမျိုးစုံ ဒုက္ခပေးနေကြောင်း လှုံ့ဆော်နိုင်မှု အားနည်းလွန်းနေသလား ဆိုတာကို ဒီဆောင်းပါးဖတ်ပြီး တွေးနေမိပါတယ်။


ဆက်စပ် -

 
http://www.irrawaddy.org/archives/42484


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved