ဂျကာတာ မြန်မာသံရုံး ဗုံးခွဲဖို့စီစဉ်တယ်လို့ ယူဆရသူ ၁၄ ဦးကို ဖမ်းထား

Friday, August 23, 2013

~


  ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးကို  ဗုံးဖောက်ခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ သံသယဖြစ်ဖွယ် စစ်သွေးကြွ  ၈ ဦးကို ထပ်ဖမ်းလိုက်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့က  ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။


Muslim activists protest outside the Burma Embassy in Jakarta in this Aug. 9, 2012 file photo.
(Photo: Reuters / Supri)

အဲဒီ အဖမ်းခံရတဲ့ထဲမှာ Iqbal Hussaini ဆိုတဲ့သူလည်း ပါပါတယ်။
သူက လူသတ်ရန်ကြံစည်မှုနဲ့ ထောင်ထဲ ၈ နှစ်ကြာ နေခဲ့ဖူးသူပါ။ ၂၀၀၈ မှာ လွတ်လာသူပါ။
သူ သတ်ဖြတ်ခဲ့သူတွေကတော့ အလယ်အလတ်သဘောတရားရှိတဲ့ အထင်ကရ မွတ်စလင်တဦး၊ ကက်သလစ်ဘုန်းကြီးတပါးတို့ ဖြစ်ပါတယ် တဲ့။

Hussaini ရဲ့အိမ်မှာ ရောက်နေတဲ့ ၃ ဦးကိုလည်း ဖမ်းလိုက်တယ်။ သူတို့က အကြမ်းဖက်လုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်ဖွယ်ရှိတယ်လို့ ရဲက ဆိုပါတယ်။
အဲဒီအိမ်မှာ သေနတ် ၂ လက်၊ လေသေနတ် ၂ လက်၊ ကျည်ဆံတချို့ ဖမ်းမိတယ် လို့ ဆိုတယ်။

သံရုံးကိုတိုက်ခိုက်ဖို့ စီစဉ်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရတဲ့ နောက်ထပ် ၄ ဦးကိုတော့ ဂျကာတာ ဆင်ခြေဖုံးတနေရာမှာ ဖမ်းလိုက်တယ်လို့ ဆိုတယ်။
ပစ္စတို ၂ လက်၊ ကျည်ကပ် ၃ ခု၊ ကျည်ဆံ အတောင့် ၇၀ လောက် သူတို့ဆီကမိတယ်လို့လည်း ဆိုပါတယ်။

သူတို့ဟာ မြန်မာသံရုံးကို တိုက်ခိုက်မယ့်သူတွေထဲက အပိုင်းအစတချို့ဖြစ်တယ်လို့ ရဲက ယူဆနေပါတယ်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာမှာ တွေ့ရတဲ့ သတင်းတပုဒ်ကို အတိုချုပ် ဘာသာပြန်ကြည့်တာပါ။

မူရင်းသတင်းကို http://www.irrawaddy.org/archives/42570 မှာ ဖတ်နိုင်ပါတယ်။

သံရုံးကို ဗုံးခွဲတိုက်ခိုက်ရန်စီစဉ်မှုနဲ့ ပတ်သက်ပြီး မေလ ကတည်းက စုံစမ်းထောက်လှမ်း ဖမ်းဆီးခဲ့တဲ့ အရေအတွက်က အခုဆိုရင် ၁၄ ဦး ရှိသွားပါပြီလို့ အဲဒီသတင်းမှာ ရေးထားပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved