ဒေါနတောင်ကျော်ကားလမ်း တောင်ပြို လမ်းပိတ်မှု မြင်ကွင်းများ

Thursday, August 1, 2013

.

 မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော်ကားလမ်းမှာ တောင်ပြိုမှုတွေ ၁၀ နေရာကျော် ပေါ်ပေါက်လာတဲ့အတွက် လမ်းပိတ်သွားတာ ၅ ရက်ရှိသွားပါပြီ။



 ယနေ့တွေ့ရှိရသည့် မြ၀တီ-ကော့ကရိတ်ဒေါနတောင်ကျော်ကားလမ်း မြင်ကွင်း (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

ဒါကြောင့် မြဝတီ-မဲဆောက် လမ်းကြောင်း ကုန်သွယ်ရေးလုပ်ငန်း လုံးဝ ရပ်ဆိုင်းသွားပါတော့တယ်။

ဒီလမ်းကြောဟာ မြန်မာပြည်ရဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှာ အင်မတန် အရေးပါတဲ့လမ်း ဖြစ်တာကြောင့် လက်ရှိ တောင်ပြိုလမ်းပိတ်မှုဟာ သက်ရောက်မှု အင်မတန် ကြီးမားပါတယ်။

မြ၀တီမြို့ နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းဇော်ကံက "ဒီလမ်းကို နေပြည်တော် လမ်းတံတားအထူးအဖွဲ့က ဒီနေ့ ကော့ကရိတ်ကနေ စတင်ပြီး ပြင်ဆင်နေပါတယ်" လို့  ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

ပြင်ဆင်မှုအတွက် အချိန် ဘယ်လောက်ကြာမယ် ဆိုတာ မသိရသေးပါဘူး။
 
ဒီလမ်းကြောကနေတဆင့် ထိုင်းနဲ့မြန်မာကုန်စည်တွေ တလကိုပျှမ်းမျှ ထိုင်းဘတ် သန်း ၄,ဝဝဝ ကျော်ဖိုး အပြန်အလှန်တင်ပို့နေကြတာပါ။

ဒီလမ်းကြော ရက်ရှည်ပိတ်နေမယ်ဆိုရင် နှစ်ဖက်စလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ကုန်ဈေးနှုံး အဆမတန်ကြီးမြှင့်မှုဒဏ်တွေကို ရင်ဆိုင်ကြရမှာဖြစ်တယ်ဆိုပြီး ကုန်သည်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved