မီဒီယာ ဥပဒေမှာ တိုင်းရင်းသား မီဒီယာ အခွင့်အရေး ပါဝင်ရေးနဲ့ BNI

Wednesday, August 21, 2013

တိုင်းရင်းသားတွေရဲ့ အသံတွေကို အဓိက တင်ပြနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာန တခုဖြစ်တဲ့ BNI က မီဒီယာ ဥပဒေတွေမှာ တိုင်းရင်းသား မီဒီယာအခွင့်အရေးတွေ ပါဝင်ရေး ကြိုးပမ်းသွားမယ့် အကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ 


နိုင်ငံတကာ မြန်မာ့သတင်း-BNI ရဲ့ အကြိမ်(၂၀)မြောက် ခြောက်လပတ် အစည်းအဝေးမှာ တိုင်းရင်းသား မီဒီယာတွေရဲ့ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 


မြန်မာနိုင်ငံမှာ လက်ရှိ အငြင်းပွားနေတဲ့ မီဒီယာဥပဒေမူကြမ်းတွင် တိုင်းရင်းသား မီဒီယာတွေရဲ့ လိုအပ် ချက်တွေ ပါဝင်ရေးအတွက် တိုက်တွန်းတောင်းဆိုမှုတွေ လုပ်သွားကြမှာဖြစ်တယ်လို့လည်း ပြောထားပါ တယ်။  

“အထူးသဖြင့် တိုင်းရင်းသား ဘာသာစကားတွေနဲ့ ထုတ်ဝေဖြန့်ချိနိုင်ဖို့၊ သတင်းလုပ်ငန်းအရ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်သွယ်မေးမြန်းတဲ့အတွက် ဥပဒေအရ အရေးယူမှု ကင်းလွတ်ဖို့ကို ကျွန်မ တို့ ဆွေးနွေးခဲ့ကြတယ်”လို့  BNI ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အရာရှိ နန်းဖော့ဂေက ပြောပါတယ်။ 

အစည်းအဝေးတွင် BNI ရဲ့  ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျနဲ့ ရေရှည် ဆောင်ရွက်သွားနိုင်ရေး၊  သတင်း မီဒီယာ သတင်းအရည်အသွေး မြင့်မားလာစေရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ သတင်းကျင့်ဝတ်ဆိုင်ရာ မူဝါဒတွေကိုလည်း တိုးမြင့်ချမှတ်ခဲ့ပါတယ်။ 

BNI အစည်းအဝေးကို သြဂုတ်လ (၁၅)ရက်က (၁၉)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြု လုပ်ခဲ့ရာ အဖွဲ့ဝင်သတင်းဌာနတွေက  အယ်ဒီတာတွေ၊ လေ့လာသူတွေ အပါအ၀င် စုစုပေါင်း (၃၆)ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

BNI အစည်းအဝေးမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် သံလွင်တိုင်းမ် သတင်းဂျာနယ်ကို အဖွဲ့ဝင် သစ် အဖြစ် လက်ခံလိုက်ပြီး လက်ရှိတွင် လွတ်လပ်သည့် သတင်းဌာန (၁၂)ခုဖြင့် စုပေါင်းဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကွန်ယက်တစ်ခုလည်း ဖြစ်တာပါ။ 

BNI ကို ၂၀၀၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အခုဆို ကချင်သတင်းဌာန၊ သျှမ်းသံတော်ဆင့်၊ ကုလားတန် သတင်း ဌာန၊ ရွှေဟင်္သာသတင်းဌာန၊ ခိုနုမ်းထုန်၊ နိရဉ္စရာ၊ မဇ္ဈိမ၊ သတင်းနှင့်မီဒီယာကွန်ယက်၊ ကန္တာရ၀တီ တိုင်းမ်၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ ကရင်သတင်းဌာန၊ သံလွင်တိုင်းမ် သတင်းဂျာနယ်အဖွဲ့တို့ ပါဝင်ကြတာပါ။ 


BNI သတင်းကွန်ရက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချင်ရင်တော့ အောက်ပါ ပုဂ္ဂိုလ်တွေဆီ ဆက်သွယ်နိုင်ပါတယ်။ 

ဆက်သွယ်ရန်- 

၁။ နန်းဖော့ဂေ (ဖုန်း) +66 87 209 9772 (အီးမေးလ် - pawtgyi@gmail.com) 
၂။ ဦးသန်း (ဖုန်း) +66 87 161 0712 (အီးမေးလ် - uthan18@gmail.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved