ဒါဖတ်ပြီးမှ အခြေခံဥပဒေပြင်ရေး ဆွေးနွေးပါး)

Wednesday, August 21, 2013


~


  ထိုင်းနိုင်ငံရောက်လို့ သူတို့ဆီကလူတွေကို ကြည့်လိုက်ရင် သိမ်သိမ်မွေ့မွေ့ဖြစ်တာ တွေ့ရပါလိမ့်မယ်။
သို့သော်လည်း နိုင်ငံရေးသမားတွေကတော့ အဲဒီလို ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။


(ဓာတ်ပုံများ - ဘန်ကောက်ပို့စ် သတင်းစာ)

အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးတဲ့ ထိုင်းလွှတ်တော်ထဲမှာ အင်္ဂါနေ့က ရုပ်ရုပ်သဲသဲဖြစ်လို့ အခြေအနေထိန်းဖို့ ၀င်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမတ်မင်းတို့ ထိပ်တိုက်တွေ့ကြပုံတွေ အွန်လိုင်း တက်လာပါပြီ။

အမတ်မင်းတယောက်က ရဲအရာရှိ  တယောက်ကို လည်ပင်းလှမ်းညှစ်တာကိုလည်း ဘန်ကောက်ပို့စ်သတင်းစာက မှတ်တမ်းတင်ထားပြီး ဒီကနေ့ သတင်းစာမျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။

တခြားပုံ ၂ပုံ မှာလည်း လွှတ်တော်ဥက္ကဋ္ဌအနီး  ရဲအရာရှိ အယောက် ၂ဝ ကျော် အကာအကွယ်ပေး ဝန်းရံနေကြတာကို ဖော်ပြထားပါတယ်။

အစည်းအဝေးအတွင်း အငြင်းပွားရာမှာ လွှတ်တော်ဥက္ကဋ္ဌက တိတ်တိတ်နေဖို့ အမိန့်ပေးတယ်၊ အဲဒီအမိန့်ကို အတိုက်အခံအမတ်မင်း ၅၇ ယောက်က မလိုက်နာဘဲ မတ်တပ်ရပ်ကြတယ်လို့ ဆိုတယ်။
မတ်တပ်ရပ်သူတွေကို လွှတ်တော်ထဲက ဆွဲထုတ်ဖို့ လုံခြုံရေးအရာရှိများကို ခေါ်ယူလိုက်တယ် တဲ့။
ရဲတွေ ရောက်လာတော့ ရုပ်ရုပ်သဲသဲ အခြေအနေက ပိုပြီး ဆိုးသွားဟန်ရှိပါတယ်။ အထက်မှာ ဆိုခဲ့သလို အမတ်မင်းတယောက်က ရဲကို လည်ပင်းလှမ်းညစ်၊ လွှတ်တော်ဥက္ကဋ္ဌကိုလည်း ရဲ နှစ်ကျိပ်လောက် ဝန်းရံရလို့ပါပဲ။

ဘန်ကောက်မှာ အငြင်းပွားနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း
http://blog.irrawaddy.org/2013/08/blog-post_7258.html

ရဲတွေနဲ့ အမတ်မင်းတွေ ရုပ်ရုပ်သဲသဲ အခြေအနေဖြစ်ပြီး လွှတ်တော်အစည်းအဝေး ဆယ်မိနစ် နားလိုက်ရပါတယ်။

ဆွေးနွေးကြတာက အခြေခံဥပဒေ ပြင်ဆင် ဖြည့်စွက်ရေးပါ။
လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း အကြောင်း ဖြစ်ပါလိမ့်မယ်။
ဒီဥပဒေ အတည်ဖြစ်သွားရင် ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ရဲ့ အစ်ကိုဖြစ်သူ မစ္စတာ သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြည်တော်ပြန်မျက်နှာပန်းလှတော့မှာပါ။
ဒါကို အတိုက်အခံ ဒီမိုကရက်တွေက သဘောမတွေ့ပါဘူး။


ဘန်ကောက်ပို့စ် အွန်လိုင်းမှာလည်း ဒီသတင်း တင်ပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး စာဖတ်သူတချို့ ပေးတဲ့ မှတ်ချက်တွေကလည်း စိတ်ဝင်စားစရာပါ။

ဝန်ကြီးချုပ်ရင်လတ်က ဒါကို လမ်းပေါ်မှာ မဆွေးနွေးဘဲ လွှတ်တော်ထဲ ဆွေးနွေးဖို့ တောင်းဆိုထားတာပါ။
ဒါကြောင့် အချိန်ကုန်တယ်၊ နားမထောင်ချင်တာ ကြားနေရတယ် ဆိုရင်လည်း လွှတ်တော်ထဲ ဒါကို ဆွေးနွေးရပါမယ်။
သူတို့နဲ့  သဘောမတူပေမယ့် ရွေးကောက်ခံထားရတဲ့အမတ်မင်းတွေဆီက ဘာတွေပြောမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဆွေးနွေးတာကို တားမြစ် ဆင်ဆာဖြတ်တာ မသင့်တော်ပါဘူး။
လို့ တယောက်က ဆိုပါတယ်။

ဆွေးနွေးဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌက  ၂ ဦးကို ခွင့်ပြုတယ်။ တကယ်လို့ ၅၇ ယောက်လုံးကို ဆွေးနွေးခွင့်ပြုလိုက်ရင် တနေကုန်သွားပါလိမ့်မယ် တဲ့။
ဒီလိုပြောတာ လက်ခံနိုင်စရာပါပဲ။ အကြောင်းအရာတခုတည်းမှာ  ပါတီတခုတည်းကအမတ် ၅၇ ယောက်ကို ဘာကြောင့် ဆွေးနွေးခွင့်ပြုရမှာလဲ - လို့ တယောက်က မှတ်ချက်ပြုပါတယ်။
 
အခြေခံဥပဒေ ပြင်ဖို့ ဆွေးနွေးတဲ့ ထိုင်းလွှတ်တော်မှာတော့ အဲသလို ဖြစ်ခဲ့ပြီ။
အခြေခံဥပဒေ ပြင်ဖို့ ဆွေးနွေးတဲ့ နေပြည်တော် လွှတ်တော်မှာရော အဲသလို ဖြစ်နိုင်မလား။
ဖြစ်လည်း စိတ်ပူစရာတော့ မလိုပါဘူး။ လွှတ်တော်ထဲမှာ စစ်အရာရှိ ၂၅ ရာခိုင်နှုန်း အသင့်အနေအထား ရှိနေတာပဲ မဟုတ်လား)

ဆက်စပ်ဖတ်ရှုသင့်တဲ့သတင်းများအတွက် လင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အခြေခံ ဥပဒေကို ပြင်ဆင်ပေးရမည် 

http://blog.irrawaddy.org/2012/12/blog-post_4911.html

မြန်မာ့အပြောင်းအလဲ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပိတ်မိနေဟု ၈၈ ပြော 
http://blog.irrawaddy.org/2013/06/blog-post_2918.html

Aung San Suu Kyi Says Burma to Amend ‘World’s Most Difficult’ Constitution
http://www.irrawaddy.org/archives/34296
Burma’s Constitution Likely to Dash Suu Kyi’s Presidential Hopes www.irrawaddy.org/archives/37951

We Will Work With Suu Kyi to Amend Constitution to ‘Benefit State’ — USDP http://www.irrawaddy.org/archives/34717



.

1 comments :

  1. Anonymous said... :

    အဲသလို ဖြစ်ခဲ့ရင် တမတ်သား (စစ်အုပ်စု) က တကယ်တမ်း ပြည်သူ့အတွက် အကာအကွယ်
    ပေးရဲမှာလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved