လာအိုနိုင်ငံမှာ ဒီကနေ့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်တစီး ပျက်ကျတဲ့အတွက် လိုက်ပါသွားသူ ၄၉ ဦးစလုံး သေဆုံးသွားဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။
အစိုးရလေကြောင်းလိုင်းလေယာဉ်တစီး (Photo: Wikimedia Commons)
ခရီးသည်က ၄၄ ဦး၊ လေယာဉ်ဝန်ထမ်းက ၅ ဦးပါ။
လေယာဉ်ဟာ အစိုးရလေကြောင်းလိုင်းလေယာဉ်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူရှိရင် ကယ်ဆယ်ဖို့ လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။
မြို့တော် ဗီယန်ကျင်း (Vientiane) ကနေ နိုင်ငံ တောင်ပိုင်း ပက်ဆီ (Pakse) ဆိုတဲ့မြို့ကို ပျံတဲ့လေယာဉ် ဖြစ်ပါတယ်။
ဒါကတော့ ဧရာဝတီအွန်လိုင်းမှာ တွေ့ရတဲ့ Plane Crashes in Laos, 49 on Board Believed Dead ဆိုတဲ့ သတင်းပါ။ လင့်က http://www.irrawaddy.org/asia/plane-crashes-laos-49-board-believed-dead.html ဖြစ်ပါတယ်။
လေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အစိုးရက ကြေညာချက် ထုတ်ပါတယ် ... ပက်ဆီမှာ ကွင်းမဆင်းခင် လေယာဉ်ဟာ ရာသီဥတု ဆိုးဆိုးရွားရွားဖြစ်မှုနဲ့ ရင်ဆိုင်ရတဲ့အတွက် မဲခေါင်မြစ်ထဲ ထိုးကျသွားတယ် လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လေယာဉ်က ပြင်သစ်လုပ် ATR 72-600 အမျိုးအစားပါ။
လေယာဉ်မှာ ပါသွားသူ ၄၉ ဦးက နိုင်ငံစုံကပါပဲ...
လာအို ၁၇
ပြင်သစ် ၇
ၾသစေတးလ် ၅
ထိုင်း ၅
ကိုရီးယား ၃
ဗီယက်နမ် ၂
ကနေဒါ - ၁
တရုတ် - ၁
မလေးရှား - ၁
ထိုင်ဝမ် - ၁
အမေရိကန်ပြည်ထောင်စု - ၁
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရက မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ သိရပါတယ်။
မြန်မာစံတော်ချိန် ညနေ ၅း၃၀ ထပ်မံဖြည့်စွက်ချက်
- လွန်ခဲ့တဲ့ ၄ နာရီလောက်က တက်လာတဲ့ အေပီသတင်းဌာနရဲ့ သတင်းတပုဒ်မှာတော့ မြစ်ထဲမှာ ရုပ်အလောင်း ၈ လောင်း တွေ့ရတယ်၊ ဘယ်နိုင်ငံသားတွေမှန်းတော့ မသိသေးဘူး လို့ ဖော်ပြထားပါတယ်။
- ဆိုးရွားတဲ့ရာသီဥတု ဆိုတာ လေတိုက်နှုန်း ပြင်းထန်လွန်းတာကို ဆိုလိုပါတယ်။
- မူရင်း -
http://www.irrawaddy.org/asia/plane-crashes-laos-49-board-believed-dead.html
.
0 comments :
Post a Comment