စာနယ်ဇင်းဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်း ကွယ်လွန်

Thursday, October 17, 2013

~


ဦးစိန်ဝင်း (ဂါးဒီးယန်း)
Kyodo News
အသက် (၉၂) နှစ်၊
ကျောင်းကုန်းမြို့


ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နေ (ဦးဘိုးပျော့) - (ဒေါ်ပိုးယဉ်)တို့၏ သား၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နေ (ဦးဘဟန်) - (ဒေါ်ဒေါ်ရှု) တို့၏ သားသမက်၊ ရန်ကုန်မြို့ အမှတ် ၂၈၃ ဦးဝိစာရလမ်း စမ်းချောင်းမြို့နယ်နေ(ဒေါက်တာ ဒေါ်ခင်ထွေး) ၏ ချစ်လှစွာသော ခင်ပွန်း၊
(ဒေါ်သန်းတင်) - (ဦးချစ်လှိုင်) တို့၏ မောင်၊
ဒေါ်ရီရီဝင်း (Language Consultant) - ဦးစိုးကြူ (Sumitomo)၊
(ဦးအောင်ဝင်း) - ဒေါ်အိအိချို ၊
ဒေါ်အေးအေးဝင်း (Associated Press) - ဦးမင်းဇော် (Tokyo Shimbun)၊
ဒေါ်ဖြူဖြူဝင်းတို့၏ ဖခင်၊
မြေး ၇ ယောက်တို့၏ အဘိုး ဂါးဒီးယန်း ဦးစိန်ဝင်း (Kyodo News) သည် အောက်တိုဘာလ ၁၇ ရက်နေ့ (ကြာသပတေးနေ့) ၊ နေ့လည် ၂ နာရီ ၁၂ မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား အသိပေးအကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု



  • ဂါးဒီးယန်း ဦးစိန်ဝင်း၏ အထ္ထုပ္ပတ္တိ အကျဉ်း

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့၌၊ အဘဦးဖိုးပျော့၊ အမိဒေါ်ပိုးရင်တို့မှ၊ ၁၉၂၂ ခုနှစ်ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် ဦးစိန်ဝင်းအားမွေးဖွားသည်။ ငယ်စဉ်က၊ ကျောင်းကုန်းမြို့ အင်္ဂလိပ်မြန်မာ၊ ဗုဒ္ဓ္ဓ္ဓ္ဓဘာသာ အလယ်တန်းကျောင်း၊ ပုသိမ်မြို့စကောကရင် အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ် ဂျဒ်ဆင် (ယုဒသန်) ကောလိပ်တို့တွင်၊ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယကမ္ဘာစစ်ဖြစ်၍ တက္ကသိုလ်ပိတ်ချိန်အထိ ပညာသင်ကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံသို့ ပညာတော်သင်အဖြစ် သွားရောက်ခဲ့ပြီး၊ ၁၉၄၆ ခုနှစ်ဦးပိုင်းမှစ၍၊ ရန်ကုန်မြို့ မြန်မာ့အလင်း သတင်းစာတိုက်တွင် သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။

အလုပ်လုပ်ရင်း၊ ရန်ကုန်တက္ကသိုလ်မှ ဘီအေ (၀ိဇ္ဇာဘွဲ့) နှင့် ဘီအယ်(လ်) (ဥပဒေ၀ိဇ္ဇာဘွဲ့) စာမေးပွဲများ ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၅ဝ ခုနှစ်တွင် ဒေါက်တာ ဒေါ်ခင်ထွေး (ကွယ်လွန် ၂ဝ၁၁) နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး (၄) ယောက် ထွန်းကားသည်။

မြန်မာ့အလင်း နှင့် စီးပွားရေး မြန်မာသတင်းစာများ၊ အလုပ်သမား ဂဇက်၊ နယူးတိုင်း အော့(ဖ) ဘားမား နှင့် နေးရှင်း အင်္ဂလိပ် သတင်းစာများတွင်၊ သတင်းထောက်ချုပ် နှင့် အယ်ဒီတာ အဖြစ် အသီးသီး ဆောင်ရွက်ခဲ့ပြီး၊ ၁၉၅၈ ခုနှစ် မတ်လဆန်းမှ ၁၉၆၃ ခုနှစ် မေလကုန်အထိ၊ ဂါးဒီးယန်း သတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၀-၆၁ ခုနှစ် နှင့် ၁၉၆၁-၆၂ ခုနှစ်များတွင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဌ အဖြစ်လည်းကောင်း၊ ၁၉၆၁-၁၉၆၂ ခုနှစ် စာနယ်ဇင်းကောင်စီ အထွေအထွေအတွင်းရေးမှုးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်(ခ်ျ) မြို့၌ အိုင်ပီအိုင်ခေါ် အပြည်ပြည်ဆိုင်ရာ သတင်းစာအယ်ဒီတာများ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ၁၉၆၃ ခုနှစ်တွင် ရွေးချယ်တင်မြောက်ခြင်း ခံရသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ရုံးစိုက်သော အပြည်ပြည်ဆိုင်ရာ သတင်းစာထုတ်ဝေသူများအဖွဲ့ချုပ်က ဦးစိန်ဝင်းအား သတင်းစာလွတ်လပ်မှုအတွက် ရေးသားဆောင်ရွက်ချက်များကြောင့်၊ ၁၉၆၃ ခုနှစ်တွင် ရွှေကလောင်ဆု ချီးမြင့်ခဲ့သည်။

၁၉၆၉ ခုနှစ် အောက်တိုဘာလမှ ၁၉၈၉ ခုနှစ် နိုဝင်ဘာလအထိ၊ အမေရိကန်နိုင်ငံ အေပီသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် ဆောင်ရွက်ပြီး၊ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလမှစ၍၊ ဂျပန်နိုင်ငံ ကျိုဒို သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာသတင်းထောက်အဖြစ် ဆောင်ရွက်လျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထောင်သော နိုင်ငံခြားသတင်းထောက်များအသင်း ၏ ဥက္ကဌ အဖြစ် ၁၉၈၉ ခနှစ်မှ ၁၉၉၃ခုနှစ်အထိ ဆောက်ရွက်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှစ၍ နာယက ဖြစ် ဆောင်ရွက်ခဲ့သည်။

သုံးကြိမ်ထိန်းသိမ်းခံခဲ့ရသော သုံးနှစ်ကျော်ကာလမှလွဲ၍၊ သက်တမ်းတလျှောက်လုံး စာနယ်ဇင်း လောက၌ပင်၊ အသက်မွေးဝမ်းကျောင်းပြုသည်။

ကွယ်လွန်ချိန်တွင် သမီး ၃ ယောက်၊ မြေး ၇ ယောက်တို့ကျန်ရစ်သည်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved