သမ္မတ ဦးသိန်းစိန်ရဲ့ အောက်တိုဘာ ရေဒီယို မိန့်ခွန်း အပြည့်အစုံ

Tuesday, October 1, 2013

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ သမ္မတ ဦးသိန်းစိန်ပြောကြားတဲ့ ရေဒီယို မိန့်ခွန်း အပြည့်အစုံပါ။ 
ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်ကနေ တဆင့် ကူးယူပြီးပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 




မိဘပြည်သူများ ခင်ဗျား 

ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြော 
ကြား နေကျဖြစ်တဲ့အတိုင်း ယခုလည်း စက်တင်ဘာလ အတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများ ကို ပြောကြားရခြင်း ဖြစ်ပါတယ်။ 

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ် မှာ ယခင်လက အထူးပြု 
ပြောကြားခဲ့တဲ့ ရေရှည်တည်ဆောက်ရမယ့် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနဲ့ တိုက်ရိုက် သက် ဆိုင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေကို ဦးစားပေး ပြောကြားသွားမှာ ဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ ရရှိထားတဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်မှု များဟာလည်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များနဲ့ အခြေခံကျကျ ဆက်နွှယ်နေတဲ့ အတွက် ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်နဲ့ သဘောထားတွေကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ 

ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အစဉ်တစိုက် ကြိုးပမ်းခဲ့ကြ ပါတယ်။ လုပ်ဆောင် မှုပုံစံနှင့် စိတ်စေတနာမှန်ခြင်း၊ မှားခြင်းဆိုတဲ့ ကိစ္စရပ်ကတော့ သမိုင်းက အဆုံးအဖြတ်ပေးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ 
သေချာတဲ့ အရှိတရား တစ်ခုကတော့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေပြီး ပြည်သူ လူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ခိုင်မာ၍ ရေရှည်တည်တံ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာပဲ ဖြစ်ပါတယ်။ 

ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ နိုင်ငံရေး အရှိတရားပဲ ဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်တွေကို အခြေခံတဲ့ လက်
တွေ့ သင်ခန်းစာတွေက ညွှန်ပြနေတဲ့ အချက်တစ်ခုကတော့ တိုင်းရင်းသား များအားလုံးပါဝင်တဲ့ ခိုင်မာ ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ် အခတ်ရပ်စဲရေး တစ်ခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့ အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး တည်ဆောက် မှုအောင်မြင်ဖို့ စတင်စဉ်းစားတဲ့ ကာလကတည်းက ရှေ့မှာပြောကြားခဲ့တဲ့ အရှိတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အစပြုခဲ့ပါတယ်။ 

ကျွန်တော်တို့ အစိုးရသစ် စတင်ဖွဲ့စည်းပြီး များမကြာမီမှာ ကျွန်တော့်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအားလုံးကို ငြိမ်းချမ်းရေး စားပွဲဝိုင်းကို လာရောက်ဖို့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်များ မပါဘဲ စိတ်ရင်းစေတနာ သန့်သန့်ဖြင့် ဖိတ်ခေါ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ 

အဲဒီဖိတ်ခေါ်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးက အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုများနဲ့ စတင်ခဲ့ပါတယ်။ လိုအပ်ချက်များစွာ၊ စိန်ခေါ်မှုများစွာကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင် ခဲ့ကြတဲ့ အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးရဲ့ မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့ ကျော်လွှားပြီး ယနေ့ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေကို တက်လှမ်း နိုင်ခဲ့တာဖြစ်ပါတယ်။ 

အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်တွေကို အဆင့်ဆင့် အောင်မြင်စွာ ရေးထိုးနိုင်ခဲ့သည့်တိုင် မလွှဲ မရှောင်နိုင်ခဲ့တဲ့ ထိတွေ့မှုများ ဖြစ်ပွားခြင်းများ ရှိသလို တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း အဆင့်ဆင့် ညှိနှိုင်းမှုများဖြင့် တိုက်ပွဲပေါင်းများစွာကို ရှောင်လွှဲနိုင်ခဲ့တဲ့ သာဓက များ ရှိတယ်ဆိုတာ ကိုလည်း ပြောကြားလိုပါတယ်။ 

တိုက်ပွဲကြီး/ ငယ်ဖြစ်ခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုလည်း ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းများနဲ့ စစ်ရှိန်လျှော့ချ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒီသာဓကတွေ ကိုကြည့်ရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အပါအဝင် ပါဝင်ပတ်သက်သူ အားလုံးအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ပြင်းပြတဲ့ ဆန္ဒရှိကြ တယ်ဆိုတဲ့ အချက်ရယ်၊ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတွေကို အခြေခံပြီး ညှိနှိုင်းမှုများကို ဇွဲသန်သန်ဖြင့် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်နှစ် ချက်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ 


လိုအပ်ချက် ပေါင်းများစွာနဲ့ အားနည်းချက် ပေါင်းများစွာ ရှိနေတဲ့ကြားက ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ် စဉ် အတွက် ကြိုးပမ်းအားထုတ်မှုများနဲ့ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့တဲ့ အောင်မြင်မှုများကို ချိန်ထိုးကြည့် မယ်ဆိုရင် တစ်ဖက်ကရှိနေတဲ့ လိုအပ်ချက်ပေါင်းများစွာနဲ့ အားနည်းချက်တွေထက် အောင်မြင်မှုများက များစွာ ကျော်လွန်တဲ့ အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးဖက်များဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီး သီး ရဲ့ ခေါင်းဆောင်များကို လည်း ကောင်း၊ တပ်မတော်ကို လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို လည်းကောင်း ချီးကျူး ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ 

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တိုးတက်မှုတွေအနက် ကျွန်တော့်အနေနဲ့ အားရမှုအရှိဆုံး ရလဒ်ကတော့ မိမိတို့ သဘောအလျောက် ပြည်ထောင်စုအတွင်း ပါဝင်ခြင်းဆိုတဲ့ အခြေခံမူကို ထင်ဟပ်စေ တဲ့ 
ပြည်ထောင်စု မှ ခွဲထွက်ခြင်း မပြုဆိုတဲ့ သဘောထား ရပ်တည်ချက်များကို တိုင်းရင်းသားများ အားလုံးက အခိုင်အမာ ဆုပ်ကိုင်ထားမှုပဲဖြစ်ပါတယ်။ 

အထက်ပါ ဖြစ်ထွန်းမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာစေဖို့အတွက် တစ်ပြည်လုံး အတိုင်းအတာ အကျုံးဝင်သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို မကြာမီ ကာလများ မှာ ရေးထိုးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ 

ဒီလုပ်ငန်းရပ်ဟာ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် သဘောတူညီချက်များ ရေးထိုးစဉ်က တောင်းဆိုထားတဲ့ အချက်ကို အကောင်အထည် ဖော်ဖို့ အတွက် 
ဖြစ် ပါ တယ်။ 

အခုလိုရေးထိုးခြင်းဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းဖြင့် ရပ်တန့်ရန် ကြိုးပမ်းမှု မဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးရဲ့ လိုလားချက်ဖြစ်တဲ့ မိမိတို့နိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများကို အခြေခံ ဇာစ်မြစ်များမှ ဖြေရှင်းနိုင်ရန် အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုနိုင်ရန် ဖြစ်ပါတယ်။ 

နိုင်ငံရေး ဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက် ရရှိစေဖို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ် အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုရန် လိုအပ် မယ့် ပြင်ဆင်မှုတွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် (Political Dialogue Framework) များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

မူဘောင်ကိစ္စဆိုင်ရာ ညှိနှိုင်းမှုတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးတို့ အဆင့်ဆင့်ညှိနှိုင်းရေးဆွဲ၍ သဘောတူ ညီမှု ရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ သဘောတူ ညီချက် ရရှိပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံး အတိုင်းအတာ လွှမ်းခြုံနိုင်တဲ့ အမျိုးသား အဆင့် ငြိမ်းချမ်းရေး ဆိုင်ရာ ညီလာခံ တစ်ရပ် ကျင်းပရန် ဦးတည်ချက်ထား လုပ်ဆောင် သွားရ မှာ ဖြစ်ပါတယ်။ 

နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံ ကျင်းပခြင်းနဲ့ ပတ်သက် တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးပွဲအဆင့်ဆင့်မှာ မည်သို့မည်ပုံ ကျင်းပမယ်၊ အချိန်ကာလမည်မျှ သတ်မှတ် ထားရှိမယ်၊ ကိုယ်စားလှယ်တွေ ဘယ်လိုရွေးချယ်မယ်၊ ဘယ်လိုကိစ္စရပ်တွေကို ဆွေးနွေးမယ်ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆွေးနွေးညှိနှိုင်း မှုများအပေါ် အခြေခံ၍ ကျွန်တော့်အနေဖြင့် ပြည်သူလူထု တစ်ရပ်လုံးကို အလျဉ်းသင့်သလို တင်ပြသွားမှာလည်း ဖြစ်ပါတယ်။ 

ယခုလို ပြင်ဆင်ဆဲကာလမှာ နိုင်ငံတော် သမ္မတ တစ်ဦးအနေဖြင့် ပြောကြားနိုင်တဲ့ သဘောထားနဲ့ ရပ်တည် ချက် ကတော့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့်အချက်များကို အခြေခံမူများ အဖြစ်ခံယူပြီး အပြု သဘော ဆောင်သည့် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ခိုင်မာစေရေး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုများ အားလုံးကို တံခါးဖွင့်ကြိုဆို လျက်ရှိကြောင်း 
ပြောကြားလိုပါတယ်။ 

အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှုပြီး ကျွန်တော့် အနေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနဲ့ စက်တင်ဘာလ လယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ရပ်ဖြစ်ဖို့နဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် ရှင်သန် ခိုင်မာစေဖို့ ကျွန်တော် တို့ အနေနဲ့ အစဉ်ရှေးရှု လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထူးခြားမှု တစ်ရပ်ကတော့ ဒီနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်းရေး ပွဲတော်တွေကို ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒတွေ ကိုထင်ဟပ်ပြီး ဝိုင်းဝန်းကျင်းပ ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ၊ အထူးသဖြင့် တိုင်းပြည်တာဝန်ကို ပခုံးပြောင်း ထမ်းဆောင် ကြရမယ့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြင်းပြတဲ့ဆန္ဒကနေ ပေါက်ဖွားလာတဲ့ တက်ကြွ လှုပ်ရှားမှုတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ကျွန်တော့်အနေနဲ့ အားရကျေနပ် မိပါတယ်။ 

ပြည်သူလူထု ပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အောင်မြင်မှု ရရှိမှာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ 

ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ကြိုးစား အကောင်အထည်
ဖော် ဆောင်ရွက်လာခဲ့တာမှာ ဒီမိုကရေစီနဲ့ ခွဲခြားလို့ မရစကောင်းတဲ့ လွတ်လပ်ခွင့်ကိုလည်း ကြိုးစား အကောင် အထည်ဖော် ပေးခဲ့တာကို မိဘပြည်သူများ အသိပင်ဖြစ်ပါတယ်။ 

လွတ်လပ်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ မီဒီယာလွတ်လပ်ခွင့် ကိုလည်း အရှေ့တောင်အာရှ နိုင်ငံ အတော်များ များ ထက်ပင် ရှေ့ရောက်နိုင်အောင် တိုးတက်ဖော်ဆောင် ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

လွတ်လပ်ခွင့် ရှိလာတာနဲ့ အမျှ တာဝန်ယူမှုလည်း ပိုမိုတိုးတက်လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီမျှတတဲ့ လူ့ဘောင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီ အတွက် မရှိမဖြစ်လိုအပ်တဲ့ မီဒီယာ လွတ်လပ် ခွင့်ကို မျိုးစေ့ချ ဆောင်ရွက်နေတဲ့ အချိန်မှာ မီဒီယာကျင့်ဝတ်၊ မီဒီယာစည်းကမ်းများကို လိုက်နာဖို့၊ အခြေ အမြစ်မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပုတ်ခတ်မှုတွေ ပြုလုပ်ခြင်းကို ရှောင်ရှားကြဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်။ 

ယခုလို သမိုင်းဝင်၊ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ညီ လက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရမယ့် အချိန်အခါ မျိုးမှာ မီဒီယာ လွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ မီဒီယာစည်းကမ်းနဲ့ မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြဘဲ အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ 

ကျွန်တော့်အနေနဲ့ ထပ်မံ ပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်တို့ အစိုးရအနေ နဲ့ ဆောင်ရွက် အကောင်အထည်ဖော်နေတဲ့ ပြည်သူလူထု ဗဟိုပြု အုပ်ချုပ်မှုဆိုင်ရာ ပြုပြင် ပြောင်း လဲရေးများနဲ့ ပတ်သက်ပါတယ်။ 

ကျွန်တော်တို့ အစိုးရ အဖွဲ့ တာဝန်ယူမယ့် ကျန်ရှိတဲ့ အချိန်တွေ မှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် တဲ့ နေ ရာမှာ ပြည်သူတွေရဲ့ လိုအင်တွေ၊ အင်အားတွေနဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဟန်ချက်ညီညီ ပေါင်း စည်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ 
ပြု ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီတွေကို ပြုပြင် ပြောင်းလဲရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် သက်ဆိုင်ရာ ဝန်ကြီးတွေက ပြည်နယ်/ တိုင်းဒေသကြီး အားလုံးကို ကွင်းဆင်း သွားရောက်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။ 

ဒါ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့ သလို ပြည်သူလူထု ရဲ့ နေ့စဉ်ဘ၀ဆိုင်ရာ လက်တွေ့ သတင်း အချက်အလက်တွေကို ရယူခဲ့ပါတယ်။ 

ဒီအချက်အလက်တွေ အပေါ်အခြေခံ ပြီး နောင်ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲတဲ့အခါ မှာ ပြည်သူတွေရဲ့ လက်တွေ့ လိုအပ်ချက်၊ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ အမှန်တကယ် ကိုက်ညီစေမယ့် ဘတ်ဂျက် ကို ရေးဆွဲ အတည်ပြုနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ 

ပြည်သူလူထု ပါဝင်တာနဲ့အမျှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်၊ ထိရောက်၊ အောင်မြင်လာ မှာ ဖြစ်တဲ့ အတွက် ဒီဖွဲ့စည်းထားတဲ့ ကော်မတီတွေမှာလည်း စိတ်အားထက်သန်စွာ ပါဝင်အကြံပြု တိုက် တွန်းကြဖို့ ကျွန်တော့် အနေနဲ့ ပန်ကြားလိုပါတယ်။ 

ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဖြစ်ထွန်း တိုးတက်မှုများ၊ သဘောထား ရပ်တည် ချက် များကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြနိုင်တဲ့ အတွက် အားရ ကျေနပ်မိသလို ကျွန်တော်တို့ ငြိမ်းချမ်းရေး 
ဖြစ်စဉ်ကို စိုးရိမ် စိတ်တွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ ရှိနေရင်လည်း လုံလောက်တဲ့ ရှင်းလင်းမှု
တွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 

ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်လို့ ရှေ့မှာပြောကြား ခဲ့တဲ့အတိုင်း ပါဝင်ပတ်သက်သူ အသီးသီးရဲ့ စိတ်ရင်း စေတနာကိုအခြေခံတဲ့ ယုံကြည်မှုဖြင့်သာ တည်ဆောက်ထားရတဲ့ အတွက် အစိုးရ၊ လွှတ်တော် များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစု အသီးသီး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်မှသာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်။ 

လက်ရှိ အခြေအနေမှာ ကျွန်တော်တို့ နိုင်ငံသား တစ်ဦးချင်းစီ ပူးပေါင်းပါဝင်တဲ့ အမျိုးသားရေး အင်အားစု တစ်ရပ် တည်ဆောက်နိုင်မယ် ဆိုပါက မိမိတို့အားလုံး ရယူပိုင်ဆိုင်လိုတဲ့ ခိုင်မာ၍ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရရှိနိုင်မှာ ဖြစ်ကြောင်း အလေးထား ပြောကြား လိုပါတယ်။ 

ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော်တာဝန်ယူထားတဲ့ သက်တမ်း အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ပိုမိုတိုးတက် ကောင်းမွန်လာအောင် နောင်အနာဂတ် မျိုးဆက်
တွေ အတွက်ပါ ပိုမို ကောင်းမွန်ပြည့်စုံတဲ့ ဘ၀တွေ ပိုင်ဆိုင် လာကြဖို့ အတွက် ရေရာသေချာတဲ့ အနာဂတ် တစ်ခုကို ရှေးရှုပြီး တစိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။ 

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ 


2 comments :

  1. Anonymous said... :

    Please......Mr. President....stop talking! Oppppps...... sorry....stop reading.

  1. Anonymous said... :

    ရိုဟင်ဂျာဘာသာရေးနယ်ချဲ.တွေ နဲ. မြန်မာမွတ်ဆလင် မီဒီယာလို.ခေါ်နေတဲ ပြည်တွင်း မွတ်ဆလင် အကြမ်းဖက်တချို.ရဲ. ဟန်ချက်ညီလှုပ်ရှားမှု ၊ ကုလသမဂ္ဂ ညီလာခံ အမှီ ချိန်ကိုက်လုပ်ဆောင်မှု ဟာ ဒီတခါလည်းအောင်မြင်သွားပြန်ပါပြီ။ ဒီဖြစ်စဉ်တွေဟာ သာမန် ဖြစ်စဉ်တွေ မဟုတ်ပဲ တမင် ဖန်တီးလှုပ်ဆော်သွေးထိုးပေးနေတဲ. အစွန်းရောက် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေကို နိင်ငံတကာမှာဖေါ်ထုတ် အရေးယူနေတာကို သိရဲ.သာနဲ. လက်ရှိအစိုးရအနေနဲ. ဘာဖြစ်လို. အရေးယူ စုံစမ်းထုတ်ဖေါ်မှုတွေမလုပ်တာလည်း ၊ မြန်မာနိင်ငံလူ.အဖွဲ.အစည်းဟာ အစစအရာရာ ပြောင်းလည်နေပါပြီ ၊ ဗုဒ္ဓဘာသာ ၀င်တွေဟာ အရင်တုံးက ဗုဒ္ဓဘာသာဝင်တွေနဲ. မတူတော.သလို ၊ မွတ်ဆလင်ဘာသာဝင်တွေကလည်း ဟိုအရင်တုံးကလို ရိုးသားတဲ. မွတ်ဆလင်တွေပါလို. ဘယ်သူကမှ အာမခံ မှာ မဟုတ်တော.ဘူး ၊ အဲဒီတော. ခေတ် မှီတဲ. ပြသနာတွေကိုဖြေရှင်းမယ်ဆိုရင် ခေတ် နဲ.အညီ တခြားနိင်ငံတွေ လို ဒီအကြမ်းဖက်မှု ဘယ်လိုဖြေရှင်းမလည်းဆိုတာကို မဟာဗျုဟာ ချပြီးလုပ်ဆောင်ဖို. အချိန်ရောက်ပြီလို. နိင်ငံသားတယောက်အနေနဲ.အကြံပြုပါရစေ ။ ပြောင်းလဲနေတဲ.လူ.အဖွဲ. အစည်းကို အရင်တုံးကလို ပဲထင်နေရင် အရင်တုံးကတောင်အတူနေကြတာပဲ လိုတွေးနေရင် တော. တော်တော် မိုက်မဲတဲ.အကြံပေး စိတ်ကူးယဉ်မှုလို.ပဲပြောချင်ပါတယ် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved