~
ထိုင်းနိုင်ငံကိုဒီနေ့ရောက်ရှိလာတဲ့ ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ မင်းသားကြီးကျော်သူက မြန်မာတွေ မညီညွတ်ရင် မြန်မာလူမျိုး ပျောက်ကွယ်သွားတတ်တယ်ဆိုပြီး မဲဆောက်မြို့က မြန်မာလူမှုရေးအသင်းအဖွဲ့တွေကို ဒီနေ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မှာ ညီညွတ်မှုမရှိဘဲ အကွဲကွဲအပြားပြားဖြစ်နေကြတဲ့ မြန်မာနိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး မင်းသားကြီးကျော်သူက ပြောဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီးတွေ့ဆုံပွဲအပြီးမှာ ဧရာဝတီသတင်းဌာနကိုသီးသန့်ပြောဆိုတာက...
"ကျနော်ရောက်ခဲ့တဲ့ အမေရိက၊ မလေးရှား၊ သြစတေးလျက၊ မြန်မာတွေ တသင်းနဲ့တသင်း၊ တဖွဲ့နဲ့တဖွဲ့ မတည့်ကြဘူး ဒါတွေက စိတ်မကောင်းစရာတွေပဲ။
မြန်မာပြည်သားချင်း စည်းစည်းလုံးလုံးနဲ့ ညီညွတ်မှုရှိရင် ဘယ်အရာမဆို အောင်မြင်မှာဖြစ်တယ်။
ကျနော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့အချိန်မှာ ညီညွတ်မှုက အရေးကြီးတယ်၊ မညီညွတ်ရင် မြန်မာလူမျိုးဆိုတာ ပျောက်သွားနိုင်တယ်" လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာဆိုရင် မြန်မာနာရေးကူညီမှုအသင်းတွေ သုံးခုထက်မနည်း ရှိနေပေမဲ့ သူတို့တတွေရဲ့ အနေအထားတွေက
ရန်ကုန်နာရေးကူညီမှု အသင်းဥက္ကဌပြောသလိုပဲ ညီညွတ်မှု လိုအပ်နေဆဲဖြစ်နေတယ်လို့ မဲဆောက်မှာ နှစ်ရှည်သီတင်းသုံးနေတဲ့ မြန်မာဘုန်းတော်ကြီး အရှင်သုမနက မိန့်ဆိုပါတယ်။
နာရေးဥက္ကဋ္ဌ မင်းသားကြီးနဲ့အဖွဲ့ မြ၀တီကနေ ထိုင်းဘက်ခြမ်း မဲဆောက်ကို တနေ့တာခရီးသွားလက်မှတ်နဲ့ နေ့ချင်းပြန် ကူးသန်းတာဖြစ်ပြီး မဲဆောက်မြို့၊ ချင်းမိုင်မြို့တို့မှာ အခြေစိုက်တဲ့ မြန်မာနာရေးကူညီမှုအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
.
www.facebook.com/irrawaddyblog

- ဧရာဝတီ Facebook
- ဧရာဝတီ Twitter
https://twitter.com/IrrawaddyBlog
အယူဝါဒ အစွဲကြီးမှုနဲ့ အစွန်းေ၇ာက်စိတ်မရှိကြဖို့ လဲ. လိုပါတယ်.. ဘယ်အရာမှ အစွန်းရောက်တာမကောင်းဘူး.....ညီညွတ်ဖို့ လိုတယ်လို့ပြော၇တာလွယ်သလောက်.. လက်ရှိခေတ်အခြေနေကိုကြည့်ရမယ်ဆိုရင်. လုပ်ရခက်တယ်လို့ပဲပြောချင်တယ်.. ဘာလို့ ဆို မြန်မာနိုင်ငံသားချင်းတူပေမဲ့ ဘာသာမတူရင်.. စိတ်ချင်းမတူလို့  ညီညွတ်မှုရှိအောင်လုပ်လို့မရနိုင်ဘူး ....ဆိုတဲ့ အတွေးမျိုးမှတ်ချက်မျိုး...ပေးနေ ...ထင်နေတဲ့သူတွေ များနေတာ အားလုံးသိကြမယ်ထင်ပါတယ်....သုဘရာဇာကြီးလဲသိမယ်ထင်ပါတယ်...