Miss Earth 2013 မှာ ရေကူးဝတ်စုံဆင်မြန်းမှုဆုရနိုင်သူများ

Sunday, November 24, 2013

~

 

 
ဖိလစ်ပိုင်မှာ ကျင်းပနေတဲ့ Miss Earth 2013  မယ်ပြိုင်ပွဲမှာ ရေကူးဝတ်စုံဆင်မြန်းမှုဆုအတွက် လတ်တလောမှာ ဆန်ကာတင် ငါးဦး ရွေးထားပါတယ်။
 



Miss Slovak Republic Lucia Slaninkova,
Miss Colombia Diana Ortegón,
Miss Philippines Angelee delos Reyes,
Miss Austria Katia Wagner, and
Miss South Africa Ashanti Mbanga

ဆုအသေးထဲမှာ ရေကူးဝတ်စုံဆင်မြန်းမှု တခုတည်း မဟုတ်ပါဘူး၊ 
ကလေးသူငယ်များနဲ့ ရင်းနှီးမှုအဖြစ်ဆုံးသူ၊ စာသင်ကျောင်းတွေမှာ မြေကမ္ဘာကိုချစ်တတ်ဖို့ အထိရောက်ဆုံး လှုံ့ဆော်နိုင်သူတွေကိုလည်း ဆုပေးပါတယ်။

ဆုအကြီး Miss Earth သရဖူကိုတော့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ပေးပါလိမ့်မယ်။
 



 ပြီးခဲ့တဲ့နှစ် အနိုင်ရခဲ့သူကတော့ ချက်သမ္မတနိုင်ငံက Tereza Fajksová  ဖြစ်ပါတယ်။
ဒီနှစ် နိုင်တဲ့သူကို သူက သရဖူ ဆောင်းပေးရမှာဖြစ်ပါတယ်။

ဒီပွဲမှာ အရွေးခံရသူဟာ ကမ္ဘာမြေထိန်းသိမ်းရေး/သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများမှာ ဆက်လက် ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။
မြန်မာပြည်က ဒီပွဲကို ၀င်ပြိုင်ခဲ့ဟန်မတူပါ။
သို့သော်လည်း မြန်မာပြည်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထူးပြု စာစောင်တွေမှာ

Miss Earth ဖြစ်သွားသူ၊ ဖြစ်ခဲ့သူတို့အကြောင်း ရေးသား၊ မျက်နှာဖုံးတင်လာကြမျိုးတော့ ဖြစ်လာနိုင်ပါတယ်။ 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved