လမ်းဘေးပန်းချီထက် ကြော်ငြာကို ပိုကြိုက်သတဲ့လား

Monday, December 30, 2013

~




ဂရပ်ဖ်တီတွေဟာ အကျည်းတန်တယ် တဲ့။
သောကြာနေ့ထုတ်  ကြေးမုံသတင်းစာ စာမျက်နှာ ၃ မှာ တွေ့ရတာပါ။

 


ရန်ကုန်မြို့  ကမ်းနားလမ်းမှာ တွေ့ရတဲ့ ဂရပ်ဖ်တီ လမ်းဘေးပန်းချီတွေ၊ ကြော်ငြာတွေကို ဓာတ်ပုံနဲ့တကွ ယှဉ်ပြထားတာပါ။
ဂရပ်ဖ်တီတွေဟာ "အကျည်းတန်တယ်" ၊ ရောင်စုံကြော်ငြာတွေကတော့ "လှပ"ပါ၏ လို့ သတင်းစာမှာ ရေးပါတယ်။

ကဲ .... အဲသလို ရေးထားတာကို ဘယ်လို သဘောရကြပါသလဲ။
- သူ့လိုပဲ မှတ်ချက်ချလိုသူ
- သူ့နဲ့ပြောင်းပြန် မှတ်ချက်ချလိုသူ
- နှစ်ခုစလုံးအကျည်းတန်တယ်လို့ ဆိုချင်သူ
- နှစ်ခုစလုံး လှပပါပေသည်လို့ ဆိုချင်သူ
စသဖြင့် စသဖြင့် ရှိနိုင်ပါတယ်။

တယောက်နဲ့တယောက်က အမြင်မတူကြဘူးမဟုတ်လား။

ဂရပ်ဖ်တီတွေ ကြည့်ကောင်းတယ်လို့ ပြောတာဟာ အငြင်းပွားစရာဖြစ်သလို၊
  ရောင်စုံကြော်ငြာတွေ  ကြည့်ကောင်းတယ်လို့  ဆိုရင်လည်း  အငြင်းပွားစရာပါပဲ။

မြို့တော်ဝန်ရုံးအတွက်တော့ ဂရပ်ဖ်တီတွေက ခေါင်းကိုက်စရာဖြစ်မယ်၊ ကြော်ငြာတွေကိုတော့ ကြိုဆိုချင်စရာဖြစ်ပါလိမ့်မယ်။
ကြော်ငြာတွေက မျက်စိနောက်စရာကောင်းပေမယ့် အခွန်ငွေတွေ ဘာတွေ ရတယ်လေ။

လူအမျိုးမျိုး အမြင်အထွေထွေလို့ ဆိုရမှာ ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved