လူ့အခွင့်အရေးသမားက ပေးတဲ့ သေဒဏ်

Friday, December 20, 2013

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးနဲ့ပတ်သက်တဲ့ ပေးစာတစောင်ကို ဧရာဝတီက လက်ခံရရှိ ထားပါတယ်။ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

 မြန်မာ- ထိုင်း  အမျိုးသမီး ဘောလုံးပွဲ ဆီမီးဖိုင်နယ်နေ့က ကွင်းလယ်ဒိုင်း အိန္ဒိယနိုင်ငံသူ၊ ဓာတ်ပုံ- မစုစုနွေး ဖေ့စ်ဘုတ်

ဧရာဝတီရေ…. 
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူကြီးက အမျိုးသမီး ဘောလုံးဒိုင်ကို ဖေ့စ်ဘုတ်ပေါ်က သေဒဏ်ပေးလိုက် တဲ့အဖြစ်ကို စာရေးပို့လိုက်ပါတယ်။ 

ကျနော်တို့ မြန်မာပြည်မှာက နာမည်ကြီး မီဒီယာဆိုတာတွေက ဒေါ်အောင်ဆန်းစုကြည်တို့၊ အတိုက်အခံ နာမည်ကြီးတွေနဲ့ ဆိုရင် လက်ရှောင်တတ်ကြလို့ မီဒီယာတာဝန်ကို အတတ်နိုင်ဆုံး ကျေကျေပွန်ပွန် ဘက် မလိုက်ပဲ ထမ်းဆောင်နေတဲ့ ဧရာဝတီကို ပဲ စာရေးလိုက်ရတာပါ။ 

တနေ့က မြန်မာနဲ့ ထိုင်း အမျိုးသမီးဘောလုံးပွဲကို ကျနော်တို့လည်း မျိုးချစ်စိတ်နဲ့ မြန်မာအသင်းကိုပဲ အားပေးခဲ့ကြပါတယ်။ မြန်မာအသင်းရှုံးလို့ အတော်စိတ်မကောင်းဖြစ်နေခဲ့ချိန်မှာ ကျနော်တို့ လေးစားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ၊ လယ်သမား အရေး၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒီမိုကရေစီ သူရဲကောင်း၊ ဒေါ်အောင်ဆန်းစုကြည် အသေးစားလေး စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ မစုစုနွေး ရဲ့ 
ဖေ့စ်ဘုတ် ကို သွားကြည့်လိုက်တဲ့အချိန်မှာ အကြီးအကျယ် တုန်လှုပ်မှုဖြစ်ခဲ့ရပါတယ်။

မြန်မာ- ထိုင်း အမျိုးသမီး ဘောလုံးပွဲမှာ ကွင်းလယ်ဒိုင် ခရစ်ယာန်ဘာသာကိုးကွယ်သူ အိန္ဒိယနိုင်ငံက Maria Rebello ကို အားမလိုအားမရနဲ့ ဖေ့စ်ဘုတ်ရဲ့ စတေးတပ်စ်မှာ အခုလို စရေးပါတယ်။ 


ကွင်းလည်ဒိုင် ကုလားမကို ဆုံးမမယ့်သူ မရှိကြ တော့ဘူးလား” 

မစုစုနွေး အဲဒီလို ရေးပြီးအောက်မှာ ကွန်မန့်တွေက ထောက်ခံသူတွေ၊ ထောက်ပြသူတွေနဲ့ အတော်ပွဲ ဆူသွားခဲ့ပါတယ်။ 

“အမှန်တော့ ဒိုင်က ခရစ်ယာန် ခက်တာက လူမျိုးရေး ခွဲခြားနှိမ့်ချလိုတဲ့ သဘောနဲ့အမဲမြင် ကုလားထင်နေ တဲ့ မြန်မာပြည် လို မယဉ်ကျေးတဲ့ လူအဖွဲ့အစည်းမှာ အရိုးစွဲအမြစ်တွယ်နေရတဲ့ကြားထဲ မစုစုနွေးတို့လို .. လူ့အခွင့်အရေးတွက် တိုက်ပွဲ ၀င်နေပါတယ် ဆိုတဲ့သူတောင်သုံးနှုံးနေမှတော့ မြန်မာ့ လူအဖွဲ့အစည်း ဟာ ကောင်းဖို့အလားအလာရော ရှိသေးရဲ့ လား လို့မေးခွန်းထုတ်ရတော့မယ် ထင်တယ်” 

“နေမတတ်လို့ ဝင်ရေးကြည့်အုံးမယ် မစုစုနွေးပြောတာက ကုလားမလို့ သုံးနုံးထားတာလေ မွတ်ဆလင် မလို့ သုံးနုံးထား တာမှ မဟုတ်တာ ခရစ်ယန် တို့ မွတ်ဆလင်တို့ ဆိုတာ ဘာသာကို ပြောနေတာ ဘာသာ နဲ့ လူမျိုး ကို ကွဲပြားအောင် ကြည့် ပါအုံး အကိုတို့ ရာ” 

“လူအခွင့်အရေး လုပ်သူကြီးကဒီလိုစကားမျိုးထွက်သတဲ့လား! အမရေ ကလားလို့ပြောလို့မနာဘူး ရပ်ကွက်ထဲက လူတွေ ပြောနေကြတာရိုးနေပီ။ ဒါပေမယ့် လူအခွင့်အရေး လုပ်နေပါတယ်ဆိုတဲ့လူမျိုးက ဒီလိုပြောတာ တော့ အပြောနဲ့အလုပ် က တော့ တောင်နဲ့မြောက်ပဲ” 



အဲဒီလို ရေးသားဝေဖန်ထောက်ပြမှုတွေအပြီး မစုစုနွေးရဲ့ နောက်ထပ်ရေးလိုက်တဲ့ စာသားက အတော်တုန် လှုပ်စရာဖြစ်ခဲ့ ရတာပါ။ 

“အဲဒီ ကုလားမ ကို သတ်ပြစ်လိုက်”တဲ့။ 

ကဲ ဧရာဝတီနဲ့ ဧရာဝတီ ပရိသတ်များ စဉ်းစားကြည့်ကြပါဗျာ။ ဒီစာကို ဧရာဝတီကတော့ ဖော်ပြပေးမယ်လို့ ယုံကြည်ပါတယ်။

ကျနော်တို့ အားကိုးတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဦး ဆောင် တိုက်ပွဲဝင်နေသူတွေက ဒီလိုမျိုး ပြောနေ ကြ ပြီဆိုရင် ကျနော်တို့ ဘယ်သူ့ကို အားကိုးရပါတော့မလဲ။ 


ကိုလင်း ( ဒဂုံ ) 



17 comments :

  1. Anonymous said... :

    ဒိုင်ကကုလားမ မို့ ကုလားမ လို့ေ ပြာ တာတော့မလွန်ပါဖူးထင်တယ်.ဒီတိုင်းပြည်မှာဒီလိုပဲ နှစ်ပေါင်းရာနဲ့ချီပြီးသုံးလာတာ..မယုံရင် ဒိုင်ကိုကုလားမလို့ သုံးတာမကြေနပ်ပါဖူးလို့  လမ်းပေါ်ထွက်ပြီး ၃ခါပဲ ကျယ်ကျယ်လေးအော်ကြည့် ပါ...မြန်မာပြည်ဖွါး ကုလားအစစ်ငါ့သူငယ်ချင်း ရာနဲ့ချီပြီးရှိတယ် သူတို့ ကိုယ်တိုင်က ငါတို့ ကကုလား အချင်းချင်းပဲယူမှာ ငါတို့ ကုလားတွေံ ကျနော်တို့ ကတော့ကုလားမတော့မယုဖူး အဲ့လိုသုံးတာကွာ ကုလား ကို ကုလားမခေါ်ရင် ဘယ်လိုခေါ်မှာလဲ တခြားဟာပြောင်းခေါ်ရင်ကြိုက်မကြို့်က် မင်းတို့ ကုလားတွေပဲ ကုလားချင်း ဆန္ဒ ခံယူပွဲ အရင်လုပ်ကြည့်ဦး...

  1. Anonymous said... :

    Education. It speaks a lot. You can be a freedom fighter. But without the correct ideology, porper judgements and education, it is so dangerous for society.

  1. Mahar Heroking said... :

    လူအခွင့်အရေး သမားလို့ ခံယူကြွေးကြော်ထားကတည်းက ကုလားတွေ/တရုတ်တွေ ပြောစရာကို မလိုတာပါ။"ကုလား"ဆိုတဲ့ အခေါ်အဝေါ်ကို ကြိုက်တာ မကြိုက်တာထက် လက်ရှိပြည်တွင်းဖြစ်ပေါ်နေတဲ့ အခြေအနေအရ ဒီလို ခွဲခြားတဲ့ အသုံးအနှုံး/သွေးကွဲစေမည့် အသုံးအနှုံးမျိုးကို ရှောင်သင့်ပါတယ်။လူအခွင့်အရေး လှုပ်ရှားသူ တစ်ယောက်အနေနဲ့ ဒီလောက်လေးတော့ နားလည်သဘောပေါက်သင့်ပါတယ်။

  1. Anonymous said... :

    ကုလားကိုကုလားလို့ခေါ်တာမကြိုက်ရင်chinaကိုတရုတ်လို့thailandကိုယိုဒယားလို့ခေါ်တာဘယ်လိုလုပ်မလဲကျုပ်တို့နိုင်ငံမှာနှစ်ပေါင်းများစွာသုံးစွဲလာတဲ့အခေါ်ဝေါ်တွေပါအင်္ဂလိပ်ကိုတောင်ကုလားဖြူလို့ခေါ်လိုက်သေးးးဒါ့အပြင်ကျုပ်တို့မိသားစုထဲကမွေးဖွားလာလို့အသားလေးများမဲရင်ကုလားလေးလို့တောင်ချစ်စနိုးနဲ့ခေါ်ဝေါ်တဲ့အသုံးနှုံးတွေပါ

  1. Anonymous said... :

    ကုလားထိုင် ကို India ထိုင်၊ ပဲကုလားဟင်းကို ပဲIndia ဟင်း ဆေးကုလားမ ကို ဆေးIndia မ သရက်သီး ကုလားတည်ကို သရက်သီးIndia တည်၊ လို့ခေါ်ဖို့လွှတ်တော်မှာတင်ပြခိုင်းရမယ်။

  1. Anonymous said... :

    စုစုနွေး ဒီလိုပြောလို်က်တာ သိပ်မအံ့သြစရာမရှိပါဘူး ။ အပွေးမြင်အပင် သိ ။

    အခု ဖွတ်ထွက်မှ တောင်ပို့ မှန်းသိသွားကြတာပေါ့ ။

  1. Anonymous said... :

    ကုလားဆိုတာ တရားဝင် official အသုံးအနှုံးမဟုတ်ပါ။ ဒါ့အပြင် ကုလားလို့အခေါ်ခံရသူက မနှစ်သက်ပဲ ဇွတ်အတင်းခေါ်ဖို့၊ သုံးနှုံးဖို့ကြိုးစားရင် racist attitude ပါပဲ။ မြန်မြန်မာပြည်တွင်း ကိုယ့်အချင်းချင်းကြားမှာ ဆန္ဒပြဖူးလို့ထောင်ကျပြီး နာမည်ကြီးနေသူလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဆိုသူ တစ်ယောက်အနေနဲ့ ဒီလိုမျိုးအသုံးအနှုံးမျိုးနဲ့ public မှာပြောဆိုရေးသားတာက အလွန်ရှက်ဖွယ်လိလိပါပဲ။ အဆိုးဆုံးကတော့ “ဒီကုလားမကိုသတ်ပစ်လိုက်ကြ” ဆိုပြီး အထိန်းအကွပ်မဲ့လှုံ့ဆော်ခြင်းမျိုးပါ။ ရာဇ၀တ်မှုတကယ်ဖြစ်ခဲ့ရင် ဒီလိုမြှောက်ပေးသူတွေမှာ တာဝန်မကင်းပါဘူး။ ယဉ်ကျေးမှုနဲ့ အသားကျနေတဲ့နိုင်ငံတွေမှာ ဒီလိုမျိုးရာဇ၀တ်မှုအားပေးလှုံ့ဆော်မှုမျိုးအတွက် ထိရောက်တဲ့အပြစ်ဒဏ်ပေးပါတယ်။ အနိမ့်ဆုံးစင်ကာပူကဲ့သို့နိုင်ငံမျိုးမှာပင် PR နဲ့နေနေသူဖြစ်ပါစေ နှင်ထုတ်ခံရမှာအသေအချာပါပဲ။ လူသိများထင်ရှားသူတစ်ယောက်အနေနဲ့ကတော့ ဆိုဖွယ်ရာမရှိပါဘူး။
    ဒီလိုမျိုးရှက်ဖွယ်အကြောင်းအရာတွေလုပ်ပြထားပြီး ရှက်ရမှန်းမသိတာ၊ မသိနားမလည်သူအများစုကို လုပ်သင့်လုပ်ထိုက်တာလို့ထင်မြင်စေတာတွေကတော့ အတော်စိတ်ပျက်စရာကောင်းပါတယ်။

  1. Anonymous said... :

    ဘာ​တွေ​လျောက်​ဖွ​နေလဲကွာ အရည်​မရအဖက်​မရ

  1. Anonymous said... :

    ကုလားထိုင်၊ကုလားပဲဟင်း၊ကုလားတက်၊ကုလားမဆလာ၊ကလေးကုလား၊ကလန်ကုလား အကုန်လုံးကို ယဉ်ကျေးစွာ ပြောင်းလဲသုံးနှုန်းပေးပါရန်။မြန်မာပြည်မှာ ဘာစိတ်မှမရှိပဲ အသားမည်းတဲ့ကလေး ကုလားမ ဖြူရင်တရုတ်ကြီး ဒီလိုပဲ ကိုယ့်ကလေးကိုယ်ခေါ်နေတဲ့ သူတွေတစ်ပုံ ကြီးပါ။ ကုလားက ဗမာထက်မည်းတယ် ဗမာက တရုတ်ထက် မည်းတယ်။ဘာဖြစ်လဲ။အကုန်လုံး လူတွေချည်းပဲ။သူငယ်ချင်းထဲမှာ ဗမာဆိုး ကုလားကောင်း တွေအများကြီး။အမေစုက ကုလားလို့ မခေါ်ရဘူးဆိုတဲ့အချိန်က စပြီး sensitive ဖြစ်နေကြတာ။

  1. Unknown said... :

    တချို့က ကုလားမမို့လို့ ကုလားမခေါ်တာမမှားပါဘူးဆိုယင် မမှန်ဘူးလို့လဲပြောလို့ရပါတယ်။ လက်ရှိမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ ဘာသာရေးခွဲခြားမှု့တွေ အမြန်အဆုံးသတ်စေချင်ယင်တော့ ဒီအသုံးအနှုံးဟာမှားနေပါတယ် ။ ဥပမာ လူ4 ၊ 5 ယောက်လောက် အတူထိုင်နေကြတယ်ဆိုပါဆို့ 1ယောက်နဲ့ 1 ယောက်လဲမသိကြဘူး။အဲ့ဒီထဲမှာတရုတ်နွယ်ဖွား မြန်မာနိုင်ငံသား 1 ယောက်ပါနေမယ် အဲဒီလူအရှေ့မှာ တရုတ်ဆိုပြီး ပြောလို့ရမလား? ရတယ်ဆိုတဲ့လူကတော့ လူရိုင်း1ယောက်ပဲဖြစ်မှာပါ။တဖက်လူဟာမကြိုက်ယင် မခေါ်တာဟာယဉ်ကျေးပါတယ်။

  1. Anonymous said... :

    သူ့ခမြာ ခေတ်တခေတ်မှာ အခြေအနေအချိန်အခါနဲ့ တိုင်းပြည်လိုအပ်ချက်အရ လူ့အခွင့်အရေးလှုပ်ရှားသူဆိုပြီး နံမယ်ကြီးလာပေမဲ့ ပညာအခြေခံ မရှိရှာဘူးလေ။ ဒီတော့ ပညာတတ်တစ်ယောက်ရဲ့ အတွေးအခေါ် အရေးအသားမျိုး ဘယ်ရေးနိင်ပါ့မလဲကွယ်။

  1. Anonymous said... :

    Where is the civilized manner!!!!
    In the past, we've been proud of being civilized..but now, we are being proud of ignorance.The civilized people must fight ignorance otherwise Myanmar will become tourism spot for stone age civilization.

  1. Anonymous said... :

    အဲဒိစာသားကို မစုစုနွေး ကိုယ်တိုင် ရေးတာ ဟုတ် မဟုတ် သူ့ကို မေးကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် Facebook အကောင့်မှာ ကျွန်တော်မသိလိုက်ပဲ Invite တွေကို လက်ခံထားတာ ဖြစ်ဖူးတယ်။

  1. Anonymous said... :

    ကိုလင်း ( ဒဂုံ )

    ကျနော်တို့ အားကိုးတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဦး ဆောင် တိုက်ပွဲဝင်နေသူတွေက ဒီလိုမျိုး ပြောနေ ကြ ပြီဆိုရင် ကျနော်တို့ ဘယ်သူ့ကို အားကိုးရပါတော့မလဲ။


    ဆိုတော့ ကိုယ့်ကိုကိုယ်ဘဲ အားကိုးပါ လို့ အကြံပေးချင်ပါတယ်.

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. mong said... :

    Buddha was also Kala. Why Burmese does not call him as Kala Phaya?

  1. Anonymous said... :

    စုစုနွေး ဘာလဲဆိုတာ ကျုပ်တို့ ထန်းမနိုင်တရွာလုံးသိကြပါတယ်။
    ထင်ပေါ်လို့စင်တော်ကကောက်တာမဟုတ်ပါဘူး။
    စင်ပေါ်ရောက်ချင်လို့ ထင်ပေါ်အောင် လုပ်နေတာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved