မြန်မာပြည် ပွင့်လာခြင်းနဲ့ လာအိုခရီးသွားလုပ်ငန်း

Thursday, December 19, 2013

~




မြန်မာပြည် ပွင့်လင်းလာတဲ့အတွက် ပြည်ပခရီးသွားတွေက  လာအိုကို မသွားဘဲ မြန်မာပြည်ကို ပိုပြီး ရွေးလာကြမှာလား။
အဲဒီလို ဖြစ်လာနိုင်တဲ့ အလားအလာ ရှိနေသလား။

 

The sun sets over the Mekong River in Luang Prabang, Laos. (Photo: Simon Roughneen / The Irrawaddy)

လာအိုနဲ့မြန်မာက အိမ်နီးချင်းတွေပါ။ (ကျောင်းစာတွေ ကျောင်းမှာကျန်ခဲ့သူတချို့ရှိနိုင်တာကြောင့် ဒီလို မိုက်မိုက်မဲမဲ ရေးလိုက်မိပါတယ်)

မနှစ်က လာအိုနိုင်ငံကို ပြည်ပဧည့်သည် ၃ ဒဿမ ၃ သန်း ရောက်တယ်။
ဒေါ်လာ သန်း ၅ဝဝ ကျော် ဝင်တယ်။
မြန်မာပြည်ကိုတော့ ဧည့် ၁ သန်းကျော်ရောက်လာပါတယ် တဲ့။
မြန်မာပြည်ကလည်း လာမယ့်နှစ်အတွင်း အဲဒီ ဧည့်သည် နှစ်ဆ ၀င်ဖို့ မျှော်လင့်ထားတာပါလို့ ဧရာဝတီသတင်းတပုဒ်ဖြစ်တဲ့
Concerns in Laos That Burma’s Opening Could Slow Tourism Growth မှာ ရေးထားပါတယ်။

တာချီလိတ်မြို့နားမှာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား ထိုးနေပါပြီ။ ၂၀၁၅ မှာ အဲဒီတံတားပေါ် ဖြတ်သန်းသွားလာနိုင်ကြမှာပါ။
အဲဒီတံတားကြောင့် နှစ်နိုင်ငံ ဧည့်သည်တွေ ပိုရလာပါလိမ့်မယ်။

လာအိုမှာ လူဦးရေ ၆ သန်းခွဲရှိပါတယ်။
မြန်မာလူဦးရေက သန်း ၆ဝ ခန့်။

ဒီဒေသနှစ်ခုရဲ့ လောလောဆယ် အားနည်းချက် အားသာချက်တွေကို ယှဉ်ကြည့်ရင် ...
ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်မှုအရ မြန်မာပြည်မှာ လူ ၁၀၀ မှာ ဟင်းန်ဖုန်းနဲ့ ထိတွေ့မှုရှိသူ ၁၁ ဦး။
လာအိုမှာတော့ ၁ဝဝ မှာ ၁၀၃ ဦး တဲ့။
လာအိုမှာ လက်ကိုင်ဖုန်းကိုင်ဆောင်နိုင်အောင် အစိုးရရဲ့ စီစဉ်ပေးမှုက မြန်မာပြည်ထက် သွက်တဲ့သဘောပါပဲ။

လာအိုအစိုးရက အာဏာရှင်အစိုးရ။
မြန်မာအစိုးရကတော့ ဒီမိုကရေစီ ဖော်ဆောင်နေတယ်ဆိုတဲ့ အစိုးရ။
လာအိုမှာ လမ်းတွေ ဆိုးလွန်းတယ်။
မြန်မာမှာတော့ အဲသလောက် မဆိုးဘူး။

ဒီတော့ လာအိုကိုသွားမယ့်ပြည်ပဧည့်သည်က မြန်မာပြည်ကို ပိုမိုရွေးချယ်စရာအကြောင်းတွေ ရှိလာနေပါတယ်။

  • ညွန်း

Concerns in Laos That Burma’s Opening Could Slow Tourism Growth

http://www.irrawaddy.org/economy/concerns-laos-burmas-opening-slow-tourism-growth.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved