ရဲတဦး၊ ဆန္ဒပြသူတချို့သေဆုံးပြီးနောက် ဘန်ကောက်ဆန္ဒပြမှု အရှိန်မြင့်လာ

Wednesday, February 19, 2014


ထိုင်းနိုင်ငံက မစ္စယင်လတ်ဦးဆောင်နေဆဲဖြစ်တဲ့ အိမ်စောင့် အစိုးရ နှုတ်ထွက်ရေး ဆန္ဒပြမှုတွေလုပ်ဆောင်ရင်း အစိုးရ အိမ်တော်ကို မနေ့က ဝိုင်းလိုက်ကြတဲ့ ဘန်ကောက်မြို့က ဆန္ဒပြမှုတခုမှာ  ရဲတွေက ဝင်ရောက်စီးနင်းစဉ်မှာ ဘယ်ကမှန်းမသိတဲ့ ပစ်ခတ်မှုတွေကြောင့် ရဲတဦးသေဆုံးပြီး ဆန္ဒပြသူ အနည်းဆုံး ၃ ဦးသေဆုံးကာ လူပေါင်း ၆ဝ လောက် ဒဏ်ရာတွေ ရသွားကြပါတယ်။ 


 ယမန်နေ့က ဘန်ကောက်မြို့လယ်က ဆန္ဒပြမှုမြင်ကွင်း တခု၊ ဓာတ်ပုံ- လင်းသန့်/ ဧရာဝတီ 

အခုလို သွေးထွက်သံယိုမှုတွေ ဆက်ဖြစ်ပြီးနောက်ပိုင်း ထိုင်းအစိုးရပြုတ်ကျရေးဆန္ဒပြခေါင်းဆောင် ဆုထက် ကတော့ ဝန်ကြီးချုပ် မစ္စယင်လတ်ကို ဖမ်းဆီးပေးကြဖို့ ထိုင်းပြည်သူတွေကို ပန်ကြားမှုတွေလည်း လုပ်ဆောင်နေပါတယ်။ 

ဘန်ကောက်မြို့လယ်ပိုင်း MBK ဈေးဝယ်စင်တာ အနီး စခန်းချပြီး ယင်လတ်အစိုးရ ပြုတ်ကျရေး စခန်းချ ဆန္ဒပြမှုမြင်ကွင်းတခု

အခု ဘန်ကောက်နဲ့ အနီးပတ်ဝန်းကျင်မှာ လုပ်ဆောင်နေကြတဲ့ အစိုးရပြုတ်ကျရေး ဆန္ဒပြမှုများမှာ ယင်လတ် အစိုးရရဲ့ လယ်သမားတွေအပေါ် လုပ်ရပ်ကို မကျေနပ်ကြလို့ ဆန္ဒပြ လယ်သမားတွေကလည်း ပူးပေါင်းပါဝင်လာမှုတွေကြောင့် ပိုပြီး ကျယ်ပြန့်လာနေတာပါ။ 
 
အတိုက်အခံခေါင်းဆောင်တွေနဲ့ အရင် ဝန်ကြီးချုပ်ဟောင်းတွေကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုးခွင်းမှုတွေ မလုပ်ဖို့ သတိပေးပြောဆိုနေမှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။ 

ထိုင်းနိုင်ငံက ဆန္ဒပြမှုတွေနဲ့ပတ်သက်တဲ့ သတင်းတွေကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာတော့ သတင်းထောက် သန်းထိုက်ဦး ရေးသားထားတဲ့  ဘန်ကောက်မြို့၌ ယင့်လတ် အစိုးရ နုတ်ထွက်ရေး ဆက်လက် ဆန္ဒပြ ဆိုတဲ့ သတင်းမှာလည်း အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 

ဒါ့အပြင် ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ Thai Police Officer Killed, Dozens Hurt in Bangkok Clashes နဲ့ Thai Protesters to Rally Against PM After Deadly Bangkok Clashes တို့မှာ ဖတ်နိုင်ပါ တယ်။ 

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပစ်ခတ်မှုအတွင်း ထိခိုက် ဒဏ်ရာရခဲ့တဲ့ မြင်ကွင်း တခုပါ။



အိမ့်သံစဉ် ~ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved