မြန်မာပြည်မှာ ဆိုင်းဘုတ်တွေ အများအပြားရှိနေပါတယ်

Thursday, April 17, 2014

~


 


  - ဆိုင်းဘုတ်များတဲ့နိုင်ငံတွေထဲမှာ မြန်မာပြည်မှာဟာ ထိပ်ဆုံးက ရှိနေတယ်လို့ ယူဆရမလို ဘယ်နေရာကြည့်ကြည့် ဆိုင်းဘုတ်တွေ တွေ့ရပါလိမ့်မယ်။

စီးပွားရေးလုပ်ငန်းကိုကြော်ငြာတဲ့ ဆိုင်းဘုတ်၊ စစ်ဗိုလ်ချုပ်ကြီးတွေ လူအထင်ကြီးအောင် လျှောက်ရေးထားတဲ့ ဆိုင်းဘုတ်၊ သတိပေးစာတန်းတွေပါတဲ့ ဆိုင်းဘုတ် စသဖြင့် စုံနေတာပါပဲ။
ဝန်ကြီးဌာန ဆိုတာတွေကလည်း တခြားနိုင်ငံထက် အရေအတွက် သာတဲ့အတွက် ရုံးအရေအတွက်လည်း များပါတယ်။
ရုံး ဆိုကတည်းက ဆိုင်းဘုတ် ဗရပွ ရှိနေပြီပေါ့။

 တောထဲမှာလည်း သစ်တပင်ခုတ်ရင် ထောင်သုံးနှစ် ဆိုတဲ့ ဆိုင်းဘုတ် ရှိတာကို တွေ့လိမ့်မယ်။
လူမနေတဲ့ဒေသမှာလည်း ဆိုင်းဘုတ်ရှိတယ်။ လူဦးရေထူထပ်လေ ဆိုင်းဘုတ်ထူထပ်လေပါပဲ။
 
 
  -
 
-
မကြာသေးခင်က တွေ့ရတဲ့ မန်စီမြို့ မြို့လယ်လမ်းမတနေရာ  (ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)
 -
 
ကချင်ပြည်နယ် မန်စီမြို့မှာ ရပ်ကွက်အမည်ဆိုင်းဘုတ်တွေ ရှိသလို ကြိုဆိုပါ၏၊ နှုတ်ဆက်ပါ၏ ဆိုင်းဘုတ်တွေလည်း ရှိနေတာ တွေ့ရပါတယ်။

 အပေါ်ဆုံးကပုံကလည်း မန်စီမြို့ပြင်တနေရာ မြင်ကွင်းပါပဲ။ ကြွေးကြော်သံ၊ အမိန့်မျိုးစုံ ရေးခြယ်ထားတဲ့ ဆိုင်းဘုတ်တွေ ဝေေ၀ဆာဆာနဲ့မြင်ကွင်းတခုပေါ့။

စစ်သားတွေလည်း ဆိုင်းဘုတ်များများ လိုအပ်တယ် - ဘယ်မြို့ကိုပဲ ရောက်ရောက် ခြေလျင်ခြေမြန်တပ်စခန်းတခုကို ကြည့်လိုက်ပါ၊ စခန်းအ၀င်ဝမှာ ဆိုင်းဘုတ်အသေးလေးတွေ ပွစာကြဲနေတာ တွေ့ရမှာပါ။

ဆိုင်းဘုတ်တွေ သိပ်များနေတယ် ဆိုတော့ တချို့က စိတ်ကူးကောင်းတယ်၊ ဆိုင်းဘုတ်လုပ်ငန်း ထူထောင်ပြီး အသက်မွေးဝမ်းကြောင်းကြတာ တွေ့လိမ့်မယ်။
 ဒီအလုပ်က အမြဲတမ်း အလုပ်ဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ စိတ်ကူးကောင်းဖို့ ခေတ်နဲ့ မျက်ခြေမပြတ်ဖို့တော့ လိုမယ်။
ဗီနိုင်းပလပ်စတစ်ဆိုင်းဘုတ်၊ LED ဆိုင်းဘုတ် စသဖြင့်တွေကလည်း အလုပ်ဖြစ်တယ်။
ရန်ကုန်၊ မန္တလေးတို့ဆိုရင် ဗီနိုင်း နဲ့ LED မြို့တော်တွေ ဖြစ်နေပြီ။

တချို့က ကိုယ့်လုပ်ငန်း ကြော်ငြာချင်တာက နည်းနည်း - အဲဒီလိုဆိုင်းဘုတ်ထောင်ချင်တာက များများ ဖြစ်မယ်လို့ ယူဆရတယ်။
ဆိုင်းဘုတ်ဟောင်းကိုလည်း မဖြုတ်၊ ခေတ်ပေါ်ဆိုင်းဘုတ်လည်း အော်ဒါမှာပြီးချိတ်ကြတယ်။

မြန်မာပြည်မှာ ဆိုင်းဘုတ်တွေ အများအပြားရှိနေပါတယ်။
လာမယ့် နှစ်ပေါင်းများစွာအထိ ဆက်ပြီး ရှိနေဦးမယ်လို့ ယူဆရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved