တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်မှုနဲ့ ငြိမ်းချမ်းရေး

Saturday, April 26, 2014

~

 


ဒီတပတ်ကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်နဲ့ ငြိမ်းချမ်းရေး အလားအလာကို ကျနော်တို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
 .


ကျနော်ကတော့ ဧရာဝတီမဂ္ဂဇင်းရဲ့ အယ်ဒီတာ ကိုအောင်ဇော်ဖြစ်ပါတယ်။
ကျနော်နဲ့ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဧရာဝတီသတင်းထောက် ကိုရန်ပိုင်နဲ့ ကိုလင်းသန့်တို့ ဖြစ်ပါတယ်။

အောင်ဇော် ။       ။ ကိုရန်ပိုင် အခုဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မမျှော်လင့်ဘဲနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်ကို သွားခဲ့တယ်။ အဲ့ဒီမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ခဲ့တယ်ဆိုတော့ အဲ့ဒီမှာအချက် ၆ ချက်ကို သူ ပြောခဲ့တာရှိတယ်၊  သဘောတူတာတွေလည်း ရှိတယ်၊ သဘောမတူတာတွေလည်း ရှိတယ်။
 အဲ့ဒီထဲမှာ အချက်တချက်ကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ခံရမယ်ဆိုတာ ပါလာတယ်။
 အရင်တုန်းက ပြောခဲ့တဲ့အချက်တွေကို ပြန်ပြီးတော့ မွမ်းမံပြင်ဆင်ထားတာတွေပေါ့။ ဆက်ကြေးမကောက် ဖို့ ကိစ္စကို ဒီထက်ပိုလှတဲ့ စကားလုံးနဲ့  ပြန်ပြီးတော့  သုံးနှုန်းထားတာတွေ တွေ့ရတယ်။
 နောက်ပြီးတော့ တိုင်းရင်းသားအဖွဲ့တွေ လက်နက်မကိုင်ရဘူးဆိုတဲ့ ကိစ္စကိုလည်း Paraphrase လုပ်ပြီးတော့ Sugar coat တဲ့ စကားလုံးနဲ့ ပြန်သုံးထားတာ တွေ့ရတယ်။
ထူးခြားတာတခုကတော့ တပ်မတော်မှာဘဲ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး Political will ပေါ့ စိတ်ဆန္ဒရှိတဲ့ သဘောထားတွေ အများကြီး တွေ့ရ တယ်ဆိုတော့ ကျနော်တို့ အဲ့ဒီကိစ္စနဲ့စပြီး ဆွေးနွေး ပေးပါလား။

ရန်ပိုင် ။   ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကတော့ ကျနော်တို့လည်း မမျှော်လင့်ဘဲနဲ့ ဖြစ်သွားတဲ့ ခရီးစဉ်လို့ပဲပြောရမလားမသိဘူး၊
ဘယ် သူ့မှတော့ သတိမထားမိဘူးပေါ့၊ ဒီလိုပဲအမှတ်တမဲ့ သွားပြီးတော့မှပေါ်လာရာကမှ ဒီလူတွေနဲ့ တွေ့ရ တယ်ပြောရတယ်၊
တွေ့တာက “ဝ” ပြည်နယ် သွေး စည်း ညီညွတ်ရေးအဖွဲ့  UWSA ရယ် နောက်ပြီး တော့ ရှမ်းပြည်တပ်မတော်ပေါ့  SSA မြောက်ပိုင်း အဖွဲ့ အဓိကတွေ့ကြတယ်၊
နောက် ပြည်သူ့စစ်တွေနဲ့ တွေ့ကြတယ်။
ထူးခြားတာကတော့ ဒီမှာတချက်က “ဝ” ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ ရှမ်းပြည် တပ်မတော်အဖွဲ့ တင်းမာမှုဖြစ်ပွားနေချိန်မှာ တိုက် တိုက်ဆိုင်ဆိုင်  သွားတာကိုလည်း  တွေ့ရတယ်၊
အဓိက ဆွေးနွေးကြတဲ့ အချက်တွေမှာတော့ တပ် မတော်ရဲ့ မူ ၆ ချက်၊ မူ ၆ ချက်ကတော့ ထာဝရ ငြိမ်းချမ်းရေးကို အမှန်တကန် ဆန္ဒရှိဖို့ရယ်၊
သဘောတူညီချက် စာချုပ်အတိုင်း ကတိတည်ဖို့ရယ်၊ ငြိမ်း ချမ်း ရေး သဘောတူညီချက်အပေါ် အမြတ် မထုတ်ဖို့၊ ဒေသခံတွေအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ အဲ့ဒီအချက် တွေလည်း ပါတယ်၊
 နောက် နိုင်ငံတော်က ထုတ်ပြန် ထားတဲ့ တည်ဆဲဥပဒေတွေကို တိတိကျကျ လိုက်နာ ရန်ရယ်၊ ဒို့တာဝန် အရေးသုံးပါးရဲ့ အနှစ်သာရတွေ ကို လက်ခံပြီးတော့ ဒီမိုကရေစီ ၂၀ဝ၈ ဖွဲ့စည်းပုံ ထောက်ခံဖို့လို့ ပြောတယ်။
တချို့ကျတော့လည်း ဒီအပေါ်မှာ အပြုသဘောတော့ ဆောင်ကြတာပေါ့။
ကာကွယ်ရေးဦးစီးချုပ် တယောက်လုံးက ဒီလိုမျိုး လာတွေ့တယ်ဆိုတော့ အပြုသဘောဆောင်ကြတာ တွေ ရှိတယ်ပေါ့။
ဒါကလည်းတကယ်ကျတော့ တိုင်း ရင်းသားတွေ လက်မခံနိုင်တဲ့အချက်တွေ အများကြီး ပါတာပေါ့။
ဥပမာ လက်နက်မကိုင်ရဘူးတို့၊ လက် နက်နဲ့ လူစာရင်းအပ်ရမယ်ဆိုတဲ့ကိစ္စမျိုး၊
လက်နက် မကိုင်ရဘူးဆိုတဲ့ ကိစ္စမျိုးတွေ အပေါ်မှာတော့ တိုင်း ရင်းသားတွေက အခုအချိန်မှာ လုံးဝ မဖြစ်နိုင်သေး ဘူးလို့ သူတို့အနေနဲ့ ယူဆထားတာမျိုးတွေလည်း ရှိတယ်။

အောင်ဇော် ။   ။ နောက်တခုက ဒေသခံပြည်သူ တွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူးဆိုတာ အခွန်ကောက်တဲ့ကိစ္စကို ပြောတာလားမသိဘူး။

လင်းသန့် ။    ။ အဓိကçက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အရင်ကတည်း ကိုက တပ်မတော်ရဲ့ သဘောထားတွေ အနေနဲ့ Message တွေ ပေးထားတာတွေ ရှိတယ်။
သူတို့ ဘက်က လိုလားတဲ့ အချက်တွေပေါ့၊ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့ တပ်အင် အား၊ လူအင်အားတွေပေးရမယ်၊ တပ်စခန်း အသစ် တွေ မဆောက်ရဘူး။
အခွန်ကောက်တာတွေ မလုပ်ရဘူး။ ဒီလို အခွန်ကောက်တာတွေ လုပ်တဲ့အတွက် တိုင်းရင်းသား ဒေသခံတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်ပေါ့။
ဒါကြောင့်မို့လို့ စီးပွားရေးလုပ်ပိုင်ခွင့် တွေပေးပြီး၊ ဒီဟာတွေ မလုပ်ရဘူးဆိုတဲ့ ကန့်သတ် ချက်တွေ ရှိတယ်ပေါ့။
အခုဆိုရင်တော့ စကားလုံး အားဖြင့် လှလှပပလေး ပြည်သူတွေအပေါ် ဝန်ထုပ် ဝန်ပိုး မဖြစ်စေဖို့ပေါ့လို့ ပြောတာ။

အောင်ဇော် ။    ။ ငြိမ်းချမ်းရေးကရောတကယ် ရောနီးမှာလား၊ ဘာကြောင့်လဲဆိုတော့  ကျနော်နားလည်သလောက်က Ceasefire ကိစ္စကိုသွားဖို့တောင်မှ လိပ်ခဲတည်းလည်း ဖြစ်နေတာတွေရှိတယ်။
အထူး သဖြင့် မြန်မာပြည် မြောက်ပိုင်း၊ အရင်တုန်းက နိုင်ငံ တော်အာဏာပဲပြောပြော၊ တပ်မတော် အာဏာပဲ ပြောပြော မစိုးမိုးနိုင်တဲ့ ဒေသတွေပေါ့။ “ဝ” ပြည် နယ်တွေရှိတယ်၊ ကချင်ပြည်နယ် တွေရှိတယ်။
  ပြီး တော့ ရှမ်းပြည်နယ်တွေ ရှိတယ်၊ အဲ့ဒီဒေသတွေမှာ အခုထက်ထိ နိုင်ငံတော်ရဲ့ အာဏာစက် မဖြန့်ကြက် နိုင်တဲ့ နေရာတွေဖြစ်နေတာကိုတွေ့ရတယ်။
 နောက် ပြီးတော့ တချိန်တည်းမှာလည်း ပဋိပက္ခတွေ အကြီး အကျယ်ရှိနေတဲ့ နေရာတွေဖြစ်တယ်။  ပဋိပက္ခ ဆိုတဲ့နေရာမှာလည်း နိုင်ငံရေးပဋိပက္ခတွေအပြင်၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေလည်းတွေ့ရ တယ်။
   အဲ့ဒီမှာရှိတဲ့ နယ်မြေတွေပေါ့၊ သူတို့တွေနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တော့ ထိန်းချုပ်ဖူးတဲ့ကိစ္စတွေ၊  နောက်ပြီးတော့ တပ်မတော် အစိုးရပဲခေါ်ခေါ်၊ စစ်အစိုးရပဲခေါ်ခေါ်  လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ဖြစ်တဲ့ ပဋိပက္ခ တွေ မဟုတ်ဘဲနဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေထဲမှာလည်း ပဋိပက္ခတွေ ဖြစ်နေတာ ကျနော်တို့တွေ့ရတယ်။
 ဒီကိစ္စကတရက်၊ နှစ်ရက်၊ သုံးရက်၊ သုံးလေးငါးလ ၆လလောက်နဲ့ ဖြေရှင်းနိုင်တဲ့ ကိစ္စမဟုတ်ဘူး။

လင်းသန့် ။    ။ ဒါက အင်မတန်မှသိမ်မွေ့ပါတယ်၊ နှစ်ပေါင်းခြောက်ဆယ်လောက်မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ ပြည်တွင်းစစ် အရှိန်အဟုန်က ကြီးတဲ့ အခါကျတော့ ချက်ချင်းကြီး နေ့ချင်းညချင်း တနိုင်ငံလုံး အတိုင်းအတာနဲ့  ငြိမ်းချမ်းရေးရနိုင်မယ့် အနေအထားကိုတော့ ရောက်ဖို့တော့ မလွယ်ပါဘူး။
ဒါက အချိန်တခု ယူပြီးတော့ သွားမှရမယ်။
ဒါပေမယ့် ကျနော်တို့ မြင်ရတာကတော့ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး UWSA အစရှိတဲ့ ရှမ်းတိုင်းရင်သားအဖွဲ့တွေ၊ SSA အစရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့တယ် ပြောကြတယ်၊ ဆိုကြတယ်၊ ထိတွေ့မှုတွေပေါ့။
ဒီလိုထိတွေ့မှုတွေက တော့ ငြိမ်းချမ်းရေးအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့  ခြေလှမ်းတွေလို့တော့ ပြောလို့ရတယ်။
ဒီလို အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတွေက ဘာကို ဦးတည်နေလဲ ဆိုတော့ ငြိမ်းချမ်းရေး အတွက်တော့ မျှော်လင့်ချက်တွေ ဖြစ်လာတယ်၊
ဒါပေမယ့် တဖက်ကတပ်မတော် ဘက်ကလိုလားတဲ့ အချက်အလက်တွေနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ အချက်အလက်တွေ ကြားထဲမှာတော့ အခုချိန်ထိ ကွာဟချက်တွေက ကြီးနေသေးတယ်။
အဓိကဘာလဲ ဆိုတော့ တပ်မတော်က လက်နက်ဖြုတ်သိမ်းရမယ် ပြောတယ်။  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေဘက်ကလည်းလက်နက်တွေ ဖြုတ်သိမ်း ဖို့ အဆင်သင့်မရှိသေးဘူး။
 နောက်တခုက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ကာ ကွယ်ရေး ဦးစီးချုပ်ကပြောတာက ဒါကိုလေးစား လိုက်နာရမယ်၊ လက်ခံရမယ်ပြောတယ်။
တဖက်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ အနေ အထားက ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူး။
ဒါကြောင့် ဒါကိုသူတို့ လက်မခံ ဘူး၊ ပထမပိုင်းက ဘယ်လောက်အထိဖြစ်လဲဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဖွဲ့စည်းပုံအသစ် ရေးဆွဲဖို့ အထိတောင်းဆိုကြတာ။

အောင်ဇော် ။     ။ ဒါပေမယ့် ကျနော် နောက် ပြောတာ မဟုတ်ဘူးနော်။ ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံက ကာချုပ်ရဲ့ မိန့်ခွန်းထဲမှာတော့ ၉၈ ရာခိုင်နှုန်းလောက် အထိ ထောက်ခံထားတယ်ဆိုတာဟုတ်လား။

လင်းသန့် ။    ။ ဒါကတော့ လူတကာသိပါ တယ်။ ပြီးခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံတုန်းကလည်း နာဂစ်ဖြစ်နေတော့ တချို့က ပြောကြတယ်၊ နာဂစ် ဆိုတာ တိုင်းပြည်မှာ လူသိန်းနဲ့ချီပြီးသေတာ၊ မသာ အိမ်ပေါ်တက်ပြီး လက်မှတ်ထိုးခိုင်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့တောင် ပြောကြတာပဲ။

အောင်ဇော် ။    ။ ကိုရန်ပိုင် ဆွေးနွေးပါဦး။
ရန်ပိုင် ။  ။ ကျနော်မြင်တာကတော့ တိုင်းရင်း သားတွေနဲ့ ပတ်သက်လို့ အခုဆွေးနွေးတဲ့အထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးလို လူမျိုးတယောက် လည်း ပါတယ်ပေါ့။
ဘာပဲပြောပြော သူရဲ့ နောက် နောင်မှာ အလားအလာကောင်းတဲ့ လူတယောက်လို့ အားလုံးက သတ်မှတ်ထားတဲ့ လူမျိုးတွေတောင် ဝင်ဆွေးနွေးကြပြီဆိုတော့ တပ်မတော်ဘက်ကလည်း တကယ်လိုလားနေပြီလားဆိုတဲ့ ကိစ္စမျိုးတွေ ရှိတယ် လေ၊ ငြိမ်းချမ်းရေးကို တကယ်လိုလားနေပြီလား၊ ဒီလိုလူမျိုးတယောက်လုံးတောင် ပါတယ်၊
ဒါပေမယ့် အထစ်အငေါ့က ဘာလဲ၊ ဘာတွေဖြစ်နေကြတာလဲ၊ တပ်မတော်ကလည်း တကယ်လိုလားတဲ့ပုံစံပြတယ်၊ တိုင်းရင်းသားတွေဘက်ကလည်း လိုလားတဲ့ပုံစံ ပြ တယ်၊ ဘယ်နေရာမှာ အပေးအယူမမျှတာလဲဆိုတာ တော့ လေ့လာသုံးသပ်သူတွေအနေနဲ့ စဉ်းစားသင့် တဲ့ကိစ္စတခု ဖြစ်ပါတယ်။

အောင်ဇော် ။    ။ အဲဒါဆို ကျနော် ပြန်သယ် သွားချင်တာက ရန်ကုန်မှာ MPC (Myanmar Peace Center) မှာ ကြီးမှူးပြုလုပ်တဲ့ အစိုးရဘက် က ဝန်ကြီးဦးအောင်မင်းတက်တယ်။
လက်နက်ကိုင် အဖွဲ့၊ တိုင်းရင်းသားအဖွဲ့ တက်ကြတယ်၊ ဗိုလ်ချုပ် ဂွမ်မော်လာတာလည်း တွေ့ရတယ်။ တပ်မတော် ဘက်ကလည်းအရာရှိကြီးကြီး တက်ကြတယ်ဆိုတော့ အဲ့ဒီဆွေးနွေးပွဲ ရလဒ်ကရော၊ ဘာကြောင့် ကျနော် ဒါကိုပြန်သယ်သွားရလဲဆိုတော့ သမ္မတကြီး ဦးသိန်း စိန်ကိုယ်တိုင်က ငြိမ်းချမ်းရေးကို သူ လိုချင်တယ်။
 ငြိမ်းချမ်းရေးကို သုံး၊ လေး၊ ငါးလ အတွင်း ရမယ်၊ ဧပြီလ ဘားအံပွဲမှာဆိုရင် တနိုင်ငံလုံး Ceasefire  လို့ ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလို့ ရပြီဆိုတဲ့ စကားတွေလည်းအကြီးအကျယ် ပြောခဲ့ တာဆိုတော့ တကယ်ကိုပဲလက်တွေ့မှာ နီးပြီလား။

လင်းသန့် ။  ။ အဲဒါက ကျနော်တို့ ပြောမယ် ဆိုရင် ရန်ကုန်မှာ MPC  မှာပေါ့ စကားပြောနေကြတဲ့ အစိုးရကိုယ်စားလှယ်တွေ၊ ဝန်ကြီးဦးအောင်မင်းပါတဲ့ အစိုးရကိုယ်စားလှယ်တွေ၊ တပ်မတော် ကိုယ်စား လှယ်တွေ၊ နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းက ကိုယ်စားလှယ်တွေ၊ ကြားပေါက် အဖွဲ့ အစည်းတွေ Observer တွေပေါ့ အများကြီးစုဝေးပြီး ညှိနှိုင်းတိုင်းပင်နေကြတယ်၊
အခုညှိနှိုင်းတိုင်းပင်မှုက လည်း ဘယ်လိုလဲဆိုတော့ တိုင်းရင်းသားတွေဘက် ကနေ လိုင်ဇာကွန်ဖရင့်လို့ခေါ်တဲ့  ကချင်ပြည်နယ် အဲ့ဒီမှာ ပြုလုပ်ခဲ့တာပေါ့။ အဲ့ဒီမှာ ဘာဖွဲ့စည်းနိုင် လိုက်လဲဆိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု အစိုးရနဲ့ စကား ပြောဖို့ဆိုပြီး တိုင်းရင်းသားကိုယ်စားလှယ်တွေ ရွေး ထုတ်လိုက်တယ်၊ အဲဒီဟာကို NCCT အဖွဲ့လို့ ခေါ် တာပေါ့။
NCCT အဖွဲ့က လိုင်ဇာကွန်ဖရင့်ကနေ ထွက်ပေါ်လာတဲ့ရလဒ်ပေါ့။  NCCT အဖွဲ့နဲ့ အစိုးရ နဲ့က အပြန်အလှန် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာသဘောတူညီမှု စာချုပ်မူကြမ်းရေး ဆွဲကြ တာပေါ့။ အဲ့လိုရေးဆွဲကြတဲ့ မူကြမ်းကြီးကို ထိုင်း နိုင်ငံ ချင်းမိုင်မှာ ကျင်းပတယ်။ မြန်မာပြည်မှာ ကျင်းပတယ်၊ ရန်ကုန်မှာကျင်းပတယ်။
တလှည့်စီပေါ့ ကျင်းပရင်းကျင်းပရင်းနဲ့ တဖြည်းဖြည်းနဲ့ ဘာဖြစ် လာလဲ ဆိုတော့ အရင်တုန်းကတိုင်းရင်းသားတွေပြော တာကနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အဖြေသဘောတူညီမှု ရပြီးမှ၊ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ Nationwide Ceasefire လက်မှတ်ထိုးကြမယ်လို့ သဘောထားရှိခဲ့တယ်။
ဒါပေမယ့် မကြာသေးမီက ကရင်ပြည်နယ် လောခီးလာ ဆွေးနွေးပွဲမှာတော့ တိုင်းရင်းသား တွေဘက်ကအများကြီး အလျှော့ပေး လိုက်တာသတိထားမိတယ်။
အဲဒါဘာလဲဆိုတော့ အပစ်အခတ်ရပ်စဲရေး တနိုင်ငံလုံးအတိုင်းအတာနဲ့ သဘောတူညီမှုလက်မှတ်ရေးထိုးပွဲ ပြီးရင်၊ နိုင်ငံရေး ဆွေး နွေးပွဲကိုဆက်သွားမယ်၊ အဲဒီအခါကျတော့မှ နိုင်ငံရေးဆွေးနွေးမှုတွေကိုဆက်လုပ်ကြမယ် အဲ့ဒီလို သဘောတူညီမှုရတယ်။

အောင်ဇော် ။    ။ ဒါပေမယ့် ကျနော်မြင်တာက အဲဒါကလည်း သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ကိုယ်က  Ceasefire ကိုအရင်လုပ်ရမယ်။
ပြီးတော့မှ Political dialogue ကို သွားရမယ်ဆိုတာ သူ့ဘက်က ကိုယ်က ယတိပြတ် ဆုံးဖြတ်ထားတယ်လို့ အတွင်း သတင်းပေါ့ ကျနော်တို့ကြားတယ်။
အရင်တုန်းက ဝန်ကြီး ဦးအောင်းမင်းတို့ ကိုယ်တိုင်ကိုက ကဲ Ceasefire ကို ကျော်ပြီးတော့ Dialogue ကို သွားမလားဆိုတဲ့ Proposal မျိုးတောင် ကြားခဲ့ဖူးတယ်။ ဒါပေမယ့် သမ္မတက ပြန်ပြောတယ်။ မဟုတ်ဘူး တကယ့် တကယ်ဖြစ်ရမှာကတော့ Ceasefire အရင်ဖြစ်သင့်တယ်။ ပြီးတော့မှ Dialogue ကို သွား မယ်ဆိုပြီး ပြောတယ်။
တိုင်းရင်းသားဘက်က ဒါကို သဘောတူလိုက်တယ်ပေါ့။

လင်းသန့် ။    ။ အဲလို သဘောတူပြီးတော့ မူကြမ်းဆွဲကြတာ မူကြမ်းမှာ အစိုးဘက်က လိုလား တာတွေ၊ တပ်မတော်ဘက်က လိုလားတာတွေနဲ့ တိုင်းရင်းသားတွေဘက်က လိုလားတာတွေ ညှိနှိုင်း ဆွေးနွေးကြတယ်။
 မူကြမ်းရေးနေတာပေါ့လေ။ အခု နောက်ဆုံး ရန်ကုန် MPC မှာ ကျင်းပတဲ့ ဆွေးနွေး ပွဲကြီး မှာတော့ အဲ့ဒီမှာ နိဒါန်းအပါအဝင် အခန်း ၇ ခန်းရှိတယ်။
အဓိက ဆွေးနွေးမှုတွေမှာ မူကြမ်းကို သဘောတူညီမှုတွေက အရင်ကထက်စာရင် သဘော တူညီမှုတွေများလာတယ်။
 ဒါကလည်း တဖက်နဲ့တဖက် ထိတွေ့မှု၊ ဆွေးနွေးမှုတွေကနေပြီးတော့ အပေး အယူလုပ်တဲ့ အကျိုးဆက်၊ အကျိုးကောင်းပေါ့လေ။

အောင်ဇော် ။     ။ နားလည်မှုတွေ၊ ထိတွေ့ မှုတွေ ပိုများလာတာပေါ့၊

လင်းသန့် ။    ။ ပိုများလာတဲ့အခါကျတော့ အရင်ကထက်စာရင် အခု မူကြမ်းက တဖြည်းဖြည်းနဲ့ ချောလာပြီ။ ဒါပေမယ့် ချောလာသော်ငြားလည်းပဲ တဖက်ကရှိတဲ့ တပ်မတော် လိုလားနေတဲ့ အချက် အလက်တွေကို တိုင်းရင်းသားတွေက အခုအချိန်ထိ လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး။
တိုင်းရင်း သားတွေ ဆိုလိုတဲ့သဘောကလည်းပဲ အခုချိန်မှာ ချက်ချင်းကြီး သူတို့ ဥုံဖွ ဆိုပြီးတော့ တနိုင်လုံး အတိုင်းအတာနဲ့ အပစ်အခတ်လက်မှတ် ရေးထိုးကြ ရအောင် ဆိုရအောင်ကလည်းပဲ နိုင်ငံရေးအရ အခြေခံ ဆုံမှတ်ပေါ့။ ယုံကြည်မှုက အပြည့်အဝ မရ ကြသေးဘူး။

အောင်ဇော် ။    ။ နှစ်ပေါင်း ၆၀ ကို ၆ လနဲ့ တော့ မပြီးနိုင်ဘူးပေါ့။ Trust ကလည်းပဲ မရှိဘူး ထင်တယ်။

လင်းသန့် ။    ။ အဓိက မြန်မာနိုင်ငံမှာ ဖြစ် နေတဲ့ ပြဿနာက အဲဒါလေ ယုံကြည်မှုပျက်ပြားတဲ့ ပြဿနာ။   ဒီယုံကြည့်မှုပျက်ပြားတဲ့  ပြဿနာကို ဘယ်လိုတည်ဆောက်ရမလဲပေါ့၊

အောင်ဇော် ။      ။ ဘယ်လောက် ယုံရမလဲ၊ တို့ကို လာပြီး အသုံးချနေတာလား၊ နိုင်ငံရေးအရ အသုံးချတာလား၊ နောက်ပြီးတော့ ဗမာ့တပ်မတော် ပေါ့ ဗမာလူမျိုးကြီးဝါဒနဲ့ အုပ်ချုပ်နေတဲ့၊ နှိပ်စက် နေတဲ့ တပ်မတော်ပေါ့။ အဲဒီအမြင်တွေနဲ့ ဘယ်လိုမှ ကို ချေဖျက်လို့ မရသေးဘူး။

ရန်ပိုင် ။    ။ ဆွေးနွေးပွဲကတော့ ဆွေးနွေးပွဲ ပေါ့။ ဆွေးနွေးပွဲပြီးသွားရင် သူက စခန်းမှာ ရှေ့တိုး နောက်ဆုတ်တွေ လုပ်ကြကော၊ ဒီနေရာက ငါတို့ နေရာ၊ ဟိုနေရာက ငါတို့ပိုင်တဲ့နေရာ နဂိုတုန်းက ငါတို့ဒီနေရာမှာ တပ်စခန်းချတယ်။
မင်းတို့ဖယ်ပေး ဆိုတဲ့  ဟာမျိုးတွေကလည်း  တိုင်းရင်းသားတွေနဲ့ တပ်မတော်ကြားထဲမှာ အခုချိန်ထိ ရှိကြတုန်းပဲဆို တော့ တိုက်ပွဲတွေကလည်း နည်းနည်းလေး ပြန်ပြန် ပြီးတော့ ဖြစ်လာကြတာကိုး။
အုပ်ချုပ်ထားတဲ့စခန်း ကို နောက်ကိုဆုတ်ပေးပါ။
ဒီနေရာက စီးပွားရေအရ ငါတို့နဲ့ပတ်သက်တယ် ဆိုတာမျိုးက လာသေးတာ ကိုး။ ယုံကြည်မှုက လုံးဝကိုမဖြစ်နိုင်ဘူးဖြစ်နေတယ်။ ကချင်မှာလည်း ရှိတယ်။ ရှမ်းမြောက်မှာလည်း ခု ဖြစ်နေတယ်။

အောင်ဇော် ။     ။ တိုင်းရင်းသားတွေ စီးပွား ရေး လုပ်နေတဲ့နေရာမှာ သစ်မခုတ်ရ၊ သစ်မပို့ရ ဆိုတာ သူတို့ တားတာမျိုးပေါ့လေ။
ဒါပေမယ့် ကျနော်ကြားတာက စစ်ကိုင်းတိုင်းမှာရှိတဲ့ သစ်တော ကြိုးဝိုင်း  တခုလုံးက  ပြောင်သွားပြီ။  နိုင်ငံတော် ပေါ်လစီက သစ် မခုတ်ရဘူး။
တိုင်းရင်းသားက မြင် တာက သူတို့ရဲ့ရိက္ခာကိုဖြတ်တာပေါ့၊ သူတို့ရဲ့ဘဏ္ဍာ ကို လာဖြတ်တာပေါ့၊ သူတို့ရဲ့ခါးကြောကို လာဖြတ် တာပေါ့။
ဒါပေမယ့် ဟိုမှာကျတော့ ပေါ်လစီမှာ တော့ တကယ့် ကြိုးဝိုင်းတခုလုံးက သစ်တွေ ပြောင် သွားပြီ။ အဲ့ဒါကိုလည်း တိုင်းရင်းသားဘက်က ပြန် ကြည့်တဲ့အခါကျတော့ ဒီအစိုးရက မရိုးသားဘူးဆိုတဲ့ အမြင် ရှိနေတာကိုး။

လင်းသန့် ။     ။ အဓိက အဲဒီဟာပေါ့။ တိုင်း ရင်းသားတွေက တလျှောက်လုံး အရင် စစ်အစိုးရ လက်ထက်တွေကတည်းကိုက တိုင်းရင်းသား အဖွဲ့ အစည်းတွေနဲ့ ပြောဆိုကြတဲ့အခါမှာ နောက်ဆုံး ဒီ လမ်းကြောင်းကိုပဲ ဆိုက်လာတာပေါ့လေ။ ယုံကြည်မှု မရှိခဲ့တဲ့ ပြဿနာ။
ယုံကြည်မှု မရှိတဲ့အခါကျတော့ အခုတခါ ထပ်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ကနေ ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်ခံရမယ်။ လက်နက်ဖြုတ်သိမ်းရမယ်။
အဲဒီစကားလုံးဟာ ပိုပြီး တော့ ယုံကြည်မှုကို ဝေးသွားစေမလား ဆိုပြီးတော့ တောင်မှ ဖြစ်စေတယ်ပေါ့။ ဒါပေမယ့် ခုလို ထိတွေ့ နေတာတွေကတော့ အကောင်းဆန်တယ်။ အပြု သဘောဆန်တယ်၊ ဘာပဲပြောပြော ငြိမ်းချမ်းရေး အတွက် အထောက်အကူလေးတွေတော့ ဖြစ်တာ ပေါ့။

အောင်ဇော် ။   ။ ကျနော် ဒီ ဧရာဝတီ ဒိတ်လိုင်းကို ဗိုလ်ချုပ်ဂွန်မော်ကို တွေ့ခဲ့တာနဲ့ပဲအဆုံး သတ်ချင်တယ်။ ကျနော် သူ့ကိုမေးတယ်။ ဗိုလ်ချုပ် ဂွန်မော်က အရင်တုန်းက တပ်မတော် အစိုးရ၊ အခု အစိုးရပေါ့လေ။
အခု Ceasefire ပါတဲ့သူတွေကို ယုံလို့လားလို့ ကျနော်မေးခဲ့တယ်။
သူကပြောတယ် ကျနော်ကတော့ ဘယ်သူမှ မယုံပါဘူးတဲ့။ သူ့အဖြေကို ကျနော်သဘောကျတယ်။ ယုံခြင်း၊ မယုံခြင်းက အရေးမကြီးပါဘူး။ ငြိမ်းချမ်းရေးဆိုတာက လုပ်ကို လုပ်ရမှာဖြစ်တဲ့ အတွက်ကြောင့် ကျနော်လုပ်ရတာ ဖြစ်ပါတယ်လို့  ဆိုတယ်။
ဒါလေးနဲ့ပဲ  ဒီတပတ် ဧရာဝတီ ဒိတ်လိုင်း အစီအစဉ်ကို အဆုံးသတ်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။



Dateline Irrawaddy ဆွေးနွေးဝိုင်းတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး စသည့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို သုံးသပ် ဆွေးနွေးနေပြီး  ဒီမိုကရက်တစ် မြန်မာ့အသံ (DVB ရုပ်မြင်သံကြား)တွင် အပတ်စဉ် တင်ဆက် ထုတ်လွှင့်လျက်ရှိသည်။

ယခု အစီအစဉ်မှာ DVB ရုပ်သံ၏  ဧပြီ ၉   ရက်နေ့ ထုတ်လွှင့်ချက်ကို ကူးယူ တင်ဆက်ခြင်း ဖြစ်သည်။ ဧပြီ ၂ဝ ရက်စွဲတပ်   The Irrawaddy ဂျာနယ်တွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved