သတင်းသမားများကို လိမ်ညာပြီး နေပြည်တော် ခေါ်ယူခြင်း (၂)

Saturday, April 26, 2014

~




 
နေပြည်တော်မှာ အာဆီယံဥက္ကဋ္ဌနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲလုပ်မယ်လို့ သတင်းထောက်တွေကို ခေါ်ယူပြီး တကယ်တမ်း ရှင်းလင်းတာက -
အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ကုန်ပစ္စည်းအမှတ်တံဆိပ် ကြော်ငြာခွင့်ကို ဘယ်ကုမ္ပဏီ လုပ်ပိုင်ခွင့် ရသွားပါတယ်၊ ကုမ္ပဏီနဲ့ အစိုးရတို့ လက်မှတ်ထိုး သဘောတူကြပါတယ် ဆိုတဲ့ အကြောင်း ဖြစ်နေပါတယ်။

ရှင်းလင်းပွဲ ဖိတ်ကြားတာကတော့ ပြန်ကြားရေးဝန်ကြီးဌာနပါပဲ။

ရှင်းလင်းပွဲလုပ်မယ့် ၂၃ ရက်နေ့ နေ့ခင်းပိုင်းမှာ သတင်းထောက်တွေဆီကို ဖုန်းဆက်ပါတယ် - အစီအစဉ် ပြောင်းသွားပါတယ် တဲ့။
အာဆီယံဥက္ကဋ္ဌအကြောင်း ရှင်းလင်းခြင်းမဟုတ်တော့ပါဘူး တဲ့။

ကုမ္ပဏီ နဲ့ အစိုးရတို့ လက်မှတ်ထိုးတဲ့ပွဲဆိုရင် သတင်းဌာနအတော်များများက  အချိန်ကုန် ငွေကုန်ခံပြီး ကိုယ့်သတင်းထောက်ကို အဲဒီပွဲ တက်ခိုင်းကြမယ် မထင်ပါဘူး။

ဌာနဆိုင်ရာတွေဘက်က ဒီလို အစီအစဉ်မျိုး ဆိုတာက ရက်ပေါင်းများစွာ ကြိုလုပ်ကြရတာပါ။
လနဲ့ချီပြီး ကြာကောင်း ကြာနိုင်ပါတယ်။

ကုမ္ပဏီဘက်ကလည်း တာဝန်ကြီးကြီးယူထားသူ လာရပါမယ်။
အစိုးရဘက်ကလည်း ဒုဝန်ကြီးတို့ ဘာတို့ တာဝန်ယူထားသူတွေ လာကြပါမယ်။

ဒီလိုအရာရှိကြီးတွေရဲ့ပွဲကို နာရီပိုင်းအလိုမှ ကပ်ပြီး ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါဆိုရင် ဖြစ်နိုင်ချေက ၂ ခု ရှိတယ်လို့ လောလောဆယ် တွေးမိတယ်။

၁။ ရှင်းလင်းပွဲ ဖိတ်ကြားတဲ့ ဌာနဆိုင်ရာတွေကြား သဘောရိုးနဲ့ အမှားအယွင်းတခု လုပ်မိခြင်း။
၂။ လက်မှတ်ထိုးပွဲကို သတင်းမှာ ပါစေချင်တဲ့သူက သတင်းထောက်တွေ ရောက်လာအောင် တဖက်လှည့်နဲ့ စီစဉ်ခြင်း။

ဖြစ်နိုင်ချေက တခြားအကြောင်းအရာတခုများလား။ ရိုးသားမှုမှ ရှိရဲ့လား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

http://blog.irrawaddy.org/2014/04/blog-post_6400.html


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved