ရန်ကုန်လေဆိပ် လေယာဉ်တိုက်မှု ကြေညာချက် ၂ စောင်

Wednesday, April 16, 2014

~




တနင်္လာနေ့က ရန်ကုန်လေဆိပ်မှာ ရပ်ထားတဲ့  MAI တစီးကို
GMA လေယာဉ်တစီးက ဝင်တိုက်မိပါတယ်။
 


ဒီ
မတော်တဆ  ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အဲဒီ လေကြောင်းလိုင်း ၂ ခုရဲ့ ထုတ်ပြန်ချက်တွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ကွင်းထဲမှာ လေယာဉ်ကို ကားနဲ့ (Aircraft Towed Tractor နဲ့) ဆွဲလာတာပါ။ ဆွဲအပြီး ဂျမ်းတုံး မခုမိတဲ့အတွက် လေယာဉ်က အလိုအလျောက် ပေတထောင်ကျော် ရွေ့သွားတယ်လို့ ဆိုတယ်။ အဲဒီလို ရွေ့ရာကနေ ၀င်တိုက်မိခြင်းပါ။

ထူးခြားချက်များထဲက တခုကတော့ အဲဒီလို ရွေ့နေချိန်မှာ 
GMA လေယာဉ် စက်ခန်းထဲ လေယာဉ်မောင်းအင်ဂျင်နီယာ ၂ ယောက် ရှိနေတယ်လို့ ဆိုတယ်။

ဘရိတ်မအုပ်မိဘူးလား၊ အုပ်ပေမယ့် ဘရိတ် မမိတာလား
ဆိုတာကိုတော့ MAI ကြေညာချက်ထဲမှာ ရေးမထားပါဘူး။ ဒီ အင်ဂျင်နီယာ ၂ ယောက်ရဲ့အနေအထားနဲ့ ပတ်သက်ပြီး သတင်းတချို့ ထပ်မံ ထွက်ပေါ်လာမယ်လို့ ယူဆရပါတယ်။

အပေါ်ကတော့ MAI -

Myanmar Airways International
ရဲ့ ကြေညာချက်ပါ။
အောက်မှာ ဖတ်ရမှာကတော့
GMA - Golden Myanmar Airlines ရဲ့ ကြေညာချက် ဖြစ်ပါတယ်။

၁၄.၀၄.၂၀၁၄ ရက်နေ့ မနက်တွင် ရွှေမြန်မာလေကြောင်း (GMA) မှ ဘန်ကောက်ခရီးစဉ်တွင် အသုံးပြုမည့် Air Bus (A320) XY-AGT လေယာဉ်အား ခရီးသည်တင်ဆောင်ရန် Parking နေရာသို့ မြန်မာ့လေကြောင်း မြေပြင်ဝန်ဆောင်မှုဌာန (Ground Handling Department) မှ Towing ပြုလုပ်ပြီး ရပ်နားရန် နေရာချထားစဉ် ရပ်နားထားသော Myanmar Airways International (MAI) မှ Air Bus (A319) လေယာဉ်၏ အမြီးပိုင်းအား မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့ပါသည်။

ယခုအခါ သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ပါသည်။ အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ခရီးသည်များ အဆင်မပြေမှုအပေါ်တွင် ရွှေမြန်မာလေကြောင်း (GMA) အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။

မိမိတို့ ရွှေမြန်မာလေကြောင်းလိုင်းမှလည်း ပုံမှန် Operation များ ဆက်လုပ်သွားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

မြန်မာနှစ်သစ်ကူး အခါသမယတွင်လည်း မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများ အောင်မြင်တိုးတက်ပါစေကြောင်း ရွှေမြန်မာ လေကြောင်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved