စင်္ကာပူက မြန်မာသင်္ကြန် နဲ့ စတုဒီသာ အစီအစဉ်

Wednesday, April 16, 2014

~




မြန်မာအများအပြား ရောက်ရှိနေတဲ့ စင်္ကာပူမှာလည်း လာမယ့် တနင်္ဂနွေဆိုရင်  နှစ်သစ်ကူး အစီအစဉ်တွေ ရှိပါတယ်။ ရပ်နီးရပ်ဝေးက သိရှိစေဖို့ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


သင်္ကြန်ပွဲ ဖိတ်ကြားခြင်း

Pioneer မြန်မာမိသားစုများ၏ ပထမအကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို Resident Committee 8 နှင့် ပူးပေါင်းပြီး လာမည့်တနင်္ဂနွေနေ့ တွင် ပြုလုပ်မည်ဖြစ်ပါသည်။

မြန်မာ့ရိုးရာ အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ပြီး စွယ်တော်ရိပ်အဖွဲ့သားများက ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

စင်္ကာပူရောက်မြန်မာများ ကြွရောက် ချီးမြှင့်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။ ။ ဧပြီလ ၂၀ ရက် ၂၀၁၄

အချိန် ။ ။ ၁၀ နာရီခွဲမှ စ၍ နေ့လည်ပိုင်း ၂ နာရီ ခန့်အထိ

နေရာ ။ ။ THE OSCAR (next to Blk 656C)
Blk 656, Jurong West Street 61,
Singapore 643656 (လမ်းညွှန်မြေပုံတွင် ကြည့်ရှုနိုင်ပါသည်)

စတုဒီသာ ကျွေးမွေးမည့် မြန်မာ့ရိုးရာ အစားအစာများ

- ဆီထမင်းနှင့် ပဲပြုတ်
- ကော်ရည်ခေါက်ဆွဲ

- ကြက်သားနှင့် ဘူးသီး
- မုန့်လုံးရေပေါ်

- ခေါက်ဆွဲကြော်
- အအေးစုံ

- ကျောက်ကျော
- နို့စိမ်းခေါက်ဆွဲ

- ရခိုင်မုန့်တီ
- ကြာဆံကြော်

- သစ်သီးစုံ
- ရွှေရင်အေး

- မုန့်ဟင်းခါး နှင့် မြန်မာ့ရိုးရာ သင်္ကြန်အစားအစာများ

လေးစားစွာဖြင့်

Pioneer မြန်မာမိသားစုများ
Phone

ဦးဇော်ဝင်း - 8235 8285
ဦးမောင်မောင်မြင့် - 9142 9656

ကိုတိုး - 9227 2834
ကိုရဲကျော်သူ - 8299 2663

ကိုမျိုးကျော်ဝင်း - 8106 6861
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved