ကမ္ဘာ့အရပ်အရှည်ဆုံး သတို့သမီး

Thursday, May 8, 2014



ကမ္ဘာ့ အရပ်အရှည်ဆုံး သတို့သမီးက ဘရာဇီးနိုင်ငံက ဆယ်ကျော်သက်မလေး Elisany ဖြစ်ပါတယ်။ 



သူဟာ အရပ် ၆ ပေ ၈ လက်မရှိပြီး သူနဲ့ လက်ထပ်မယ့် သတို့သားဟာ အရပ် ၅ ပေ ၄လက်ပဲရှိပါတယ်။ 
တကယ်တော့ ဒီဆယ်ကျော်သက်မိန်းကလေးဟာ မြန်မာနိုင်ငံက ကိုဝင်းဇော်ဦးခံစားနေရတဲ့ ခန္ဒာကိုယ် ပုံမှန်ထက် ကြီးထွားမှုများတဲ့ Gigantism ကို ခံစားနေရသူဖြစ်ပါတယ်။ 

သူတို့ စုံတွဲဟာ ချစ်သူသက်တမ်း ၃ နှစ်ရှိပြီး အတူ နေထိုင်လာတာ တနှစ်ရှိပါပြီတဲ့။ သူက အသက် ၁၈ နှစ် ရှိပြီး သူတို့ရဲ့ မင်္ဂလာပွဲကိုမကြာခင်မှာကျင်းပတော့မှာပါ။ 

Elisany ဟာ ဘရာဇီးနိုင်ငံရဲ့ တက်သစ်စ မော်ဒယ် တဦးလည်း ဖြစ်ပြီး သူ့ ခင်ပွန်းလောင်းကတော့ ဇနီးသည်အတွက်ကို ဂုဏ်ယူလို့ မဆုံးဖြစ်နေပါတယ်တဲ့။ 

သူတို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကပဲ သူတို့ ၂ ယောက် စတင် တွေ့ဆုံခဲ့တဲ့ ဘရာဇီး ကမ်းခြေတခုမှာ   သူရဲ့ ချစ်သူ Francinaldo က လက်ထပ်ခွင့် တောင်းခံခဲ့ပါတယ်။



ပထမ ပိုင်းမှာ သူ့အနေနဲ့ လက်ထပ်ခွင့် တောင်းတဲ့အခါ စိုးရိမ်မှုတွေ ဖြစ်ခဲ့ရတာပါတဲ့။ ချစ်သူ မော်ဒယ်မလေးက သူ့မှာ Gigantism ရောဂါခံစားနေရတာ ကြောင့် သူ့ရဲ့ လက်ထပ်ခွင့်ကို လက်ခံ ပါ့မလားလို့ တွေးပူခဲ့ရတာပါတဲ့။ 

အခုတော့ မကြာခင်မှာ အပြန်အလှန် နားလည်မှုတွေရှိကြတဲ့ သူတို့ ၂ ယောက်ရဲ့ မင်္ဂလာပွဲကို ဘုရားကျောင်း တခုမှာပဲ ကျင်းပမှာဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved