ဗီယက်နမ်က တရုတ်ဆန့်ကျင်ရေး ဆူပူမှု အနည်းဆုံး လူ ၂ဝ သေဆုံး

Thursday, May 15, 2014

ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကနေ ဆူပူမှုတွေဖြစ်နေပြီး တရုတ်ပိုင် စက်ရုံတွေ တချို့နဲ့ တရုတ်နိုင်ငံ အလံတွေကို မီးရှို့ ဖျက်ဆီးမှုတွေဖြစ်နေပါတယ်။ 

ဓာတ်ပုံ- အေအက်ဖ်ပီ

တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဟာ နိုင်ငံတောင်ပိုင်းကနေ ဗီယက်နမ်အလယ်ပိုင်းထိ ပျံ့နှံ့လာခဲ့ပြီး တိုက်ခိုက် မှုတွေအတွင်း လူ ၂၀ ထက်မနည်း သေဆုံးတယ်လို့ ဒီကနေ့သတင်းတွမှာ တွေ့ရပါတယ်။ 

တရုတ်ဆန့်ကျင်ရေး ပဋိပက္ခတွေအတွင်း သေဆုံးသူတွေထဲမှာ တရုတ်လူမျိုး ၁၆ ဦးနဲ့ ဗီယက်နမ်လူမျိုး အလုပ်သမား ၅ ဦးရှိတယ်လို့ ရိုက်တာ သတင်းတပုဒ်ကလည်း ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရသူ လူ ၁၀၀ လောက်ကိုလည်း ဆေးရုံမှာ တင်ထားရပြီး အများစုဟာ တရုတ်တွေဖြစ် တယ် လို့ ဟာတင် အထွေထွေ ဆေးရုံဆရာဝန်တဦးက ပြောထားပါတယ်။ 

ဗီယက်နမ်သတင်းစာတွေမှာဆိုရင် ရာနဲ့ချီတဲ့ တရုတ်လူမျိုးတွေဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံကို ထွက်ပြေး နေကြတယ်လို့လည်း ဆိုကြပါတယ်။ 

ဒါဟာ တရုတ်-ဗီယက်နမ်ဆက်ဆံရေးမှာ အမှောင်မိုက်ဆုံးကာလလို့ ပြောရမှာဖြစ်ပါတယ်။ 

တချိန်က ကွန်မြူနစ် တရုတ်နိုင်ငံက ကွန်မြူနစ် ဗီယက်နမ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့စဉ်က သင်ခန်းစာ စစ်ပွဲလို့ ကင်ပွန်းတပ်ခဲ့တာ ကို ဗီယက်နမ်တွေက အမှတ်ထားခဲ့ကြပြီး တရုတ်လူမျိုးတွေကို မကျေမနပ်ဖြစ် ခဲ့တာပါ။

တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက ရေနံစင် ၂ ခုတည်ဆောက်တဲ့ ကိစ္စအပေါ် ဗီယက်နမ် မျိုးချစ်တွေ က မကျေနပ်ကြတာကနေ တရုတ်ဆန့်ကျင်ရေးအရှိန်က မြင့်လာမှု စတင်တာကို ဗီယက်နမ်အစိုးရက မသိမသာ လမ်းဖွင့်ပေးခဲ့ပုံရပါတယ်။ 

တကယ်တမ်းဆို ဗီယက်နမ်နိုင်ငံမှာ လမ်းပေါ်ထွက်ဆန္ဒပြတာမျိုးက အတော်မလွယ်ကူတဲ့ ကိစ္စပါ။ 

အခုတော့ ဗီယက်နမ်မှာ ထိုင်ဝမ်တရုတ်လူမျိုးတွေ ပိုင်ဆိုင်တဲ့ သံမဏိစက်ရုံကြီးအပါအ၀င် စက်ရုံတော်
တော် များများ ဟာ ဗီယက်နမ်မျိုးချစ်တွေရဲ့ မှားယွင်းပြီး ပစ်မှတ်ထားခံနေရတယ်လို့ ထိုင်ဝမ် မီဒီယာတခု က ရေးထားပြီး ထိုင်ဝမ် စီးပွားရေးသမားတွေကို ဗီယက်နမ် အစိုးရက အကာအကွယ်ပေးဖို့ တောင်းဆို ထားတယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့ ဗီယက်နမ်ကြား တင်းမာမှုတွေအပေါ် မကြာသေးခင် က 
မြန်မာနိုင်ငံ နေပြည် တော်မှာကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း ထည့်သွင်းဆွေးနွေးပြီး နေပြည်တော် ကြေညာစာတမ်းမှာလည်း တောင်တရုတ်ပင်လယ်အရေး
ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရေးတိုက်တွန်းထားခဲ့တာပါ။ 

အခုတော့ ဗီယက်နမ်က တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေက စိုးရိမ်စရာ အခြေအနေတခု ကို 
ရောက်နေပါပြီ။ 











လင်းသန့် ~ 

 






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved