အဆိုတော် မီးမီးခဲ ရဲ့ Facebook စာမျက်နှာ ပိတ်သွားပြီ

Thursday, May 8, 2014

အဆိုတော် မီးမီးခဲ တယောက် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကို ပိတ်သိမ်းသွားပါပြီ။ 


မကြာသေးခင်ရက်ပိုင်း ကပဲ မီးမီးခဲဟာ လင်မယား ကွာရှင်းခွင့် ရခဲ့ပြီး ဖေ့စ်ဘုတ်ပေါ် ရင်ဖွင့် ရေးသားမှု
တွေ လုပ်ခဲ့ပါသေးတယ်။ 

ဧပြီလ ၃၀ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးကနေ တရားဝင် လင်မယားကွာရှင်းခွင့် အနိုင်ရလိုက်တဲ့ မီးမီးခဲ က ခင်ပွန်းဟောင်း ထူးအယ်လင်းနဲ့ ပတ်သက်ပြီး သတင်း မီဒီယာတွေက ဘာကြောင့်ဖြစ်ကြတာလည်းဆိုတဲ့ မေးခွန်းတွေ နဲ့ အတူ နာရီဝက် တခါ ဖုန်းဆက်လာနေတာကြောင့် အတော်စိတ်ပင်းပန်းခဲ့တာကိုလည်း ဖေ့စ်ဘုတ်မှာ ရင်ဖွင့်ခဲ့ပါတယ်။ 

ဒီအကြောင်းကိုလည်း ဧရာဝတီ ဘလော့ဂ်မှာ ထူးအယ်လင်းနဲ့ ကွာရှင်းခွင့် ရပြီး မီးမီးခဲ ဘာ ပြောလဲ ဆိုတဲ့ ပို့စ်မှာ ဖော်ပြခဲ့ ပါတယ်။ အဲဒီနောက် ခင်ပွန်းဟောင်း ထူးအယ်လင်းနဲ့ပတ်သက်တဲ့ ရင်ဖွင့်ချက်ကို မီးမီးခဲက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ထပ်မံ ရင်ဖွင့်ခဲ့ပါတယ်။ 

အဲဒီမှာတော့ ထူးအယ်လင်းနဲ့ ကိစ္စ မီးမီးခဲ ထုတ်ပြောလာခဲ့ပါတော့တယ်။ 

ဒီမှာပဲ သတင်းမီဒီယာတွေက အပြိုင်အဆိုင်ဖော်ပြမှုတွေ ဖြစ်လာတော့ မီးမီးခဲကို မိခင်ဖြစ်သူက သူ့ 
ဖေ့စ်ဘုတ် ကို ပိတ်ပစ် ဖို့ ပြောတဲ့အကြောင်း၊ သူ့မှာလည်း ရင်ဖွင့်စရာက ဖေ့စ်ဘုတ် စာမျက်နှာသာဖြစ် တဲ့ အကြောင်း ထပ်ရေးပြီး နောက် တရက် မှာပဲ အခုလို မီးမီးခဲရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ပိတ်ပစ်လိုက်တာ ကို တွေ့ရပါတော့တယ်။ 

အိမ့်သံစဉ် ~ 








 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved