UNICEF ရုံးခန်းကို ဗိုလ်ချုပ်ဟောင်း တဦးအိမ်ငှားရမ်းမှု နောက်ဆက်တွဲ

Thursday, May 22, 2014

ရန်ကုန်မြို့က UNICEF ရုံးခန်းငှားရမ်းမှုဟာ စစ်ဗိုလ်ချုပ်ဟောင်း ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်
မြောင်း ၀န်ကြီး ဗိုလ်ချုပ်ညွှန့်တင်၏ အိမ်ဖြစ်ပြီး အိမ်ငှားရမ်းခနှင့်ပတ်သက်၍ တလလျှင် အမေရိကန်
ဒေါ်လာ ၉ သောင်းဝန်းကျင်ဖြင့် ငှားရမ်းထားသည်ဟု သတင်းရင်းမြစ်တခုက ပြောဆိုသည်ကို ဧရာဝတီက အင်္ဂလိပ် ပိုင်း သတင်းတွင် Unicef Rents Rangoon Office From Former General ခေါင်းစဉ်
ဖြင့် ရေးသား ခဲ့ ပါ သည်။ 

UNICEF ရုံးဖွင့်ထားသော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အင်းလျားမြိုင်လမ်း ခြံအမှတ် ၂၃/အေ (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ UNICEF ၏ ဋ္ဌာနေကိုယ်စားလှယ် ဘက်ထရန်းဘိန်းဗဲ (လ်)က အဆိုပါ အိမ်ခြံမြေ ငှား ရမ်းခ ဈေးနှုန်းသည် မမှန်ကန်ကြောင်း AFP သတင်းဌာနသို့ ပြောဆိုခဲ့သည်။ သို့သော် UNICEF ၏ အဆိုပါ ရုံးခန်းငှားရမ်းခကို စာချုပ်သဘောအရ ထုတ်ပြောပိုင်ခွင့် မရှိ၍ ထုတ်ပြန်မည် မဟုတ် ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။ 

ရန်ကုန်မြို့ရှိ ကမ္ဘာ့ကျန်းမာရေး ဋ္ဌာန WHO သည်လည်း ရုံးခန်းငှားရမ်းခ တလလျှင် ဒေါ်လာ ထောင်
ပေါင်းများစွာ ပေး ၍ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု အဆိုပါ အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ 

ထို့အပြင် အခြား ကုလသမဂ္ဂအဖွဲ့အစည်းများ အပါအ၀င် ဥရောပ သမဂ္ဂအဖွဲ့ အစည်းများ၊ သံရုံးများနှင့် သံရုံး အမှုထမ်း များ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၊ နိုင်ငံခြား ကုမ္ပဏီများတွင်လည်း UNICEF ၏ ရုံးခန်းငှားရမ်းစရိတ် အ လွန် မြင့်မားစွာပေးနေရသည့်သတင်းနှင့်ပတ်သက်၍ ရိုက်ခတ်နေကြောင်း သိရသည်။ 

ဥရောပသမဂ္ဂ ၏ ရုံးခန်းသည်လည်း အမေရိကန်အစိုးရက မူးရစ်ဆေးဝါး ကိစ္စနှင့်ပတ်သက်၍ စီးပွားရေး ဒဏ်ခတ်ပိတ် ဆို့ အရေးယူထားသူ တဦးဖြစ်သည့် နာမည်ဆိုးနှင့် ကျော်ကြားသော ခရိုနီ ဦးစတီဗင်လော တည်ထောင်ထားသည့် အေးရှားဝါးလ်ဒ်ထံမှ ငှားရမ်းထားခြင်းဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ 

ကမ္ဘာ့ကုလမသဂ္ဂအပါအ၀င် ဥရောပသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများနှင့် အလှူရှင်များ ၏ ထောက်ပံ့မှုဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ၏ ရုံးခန်းငှားရမ်းခအပါ အ၀င် 
မြန်မာနိုင်ငံတွင်း ကုန်ကျစရိတ်များ သည် နိုင်ငံတကာ အခွန်ထမ်းပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် လည်ပတ်နေသည့်အတွက် ပွင့်လင်းမြင်သာမှု ရှိရေး ဝေဖန်မှုများ ရှိလာနေသည်။ 

ရန်ကုန်မြို့တွင်အဆိုပါ အဖွဲ့အစည်း စုစုပေါင်း ၁၃၀ ၀န်းကျင်က အိမ်၊ တိုက်ခန်း၊ ခြံ၊ မြေများ ငှားရမ်း အသုံးပြုနေထိုင် နေကြကြောင်းလည်း အေအက်ဖ်ပီ သတင်းက ဆိုသည်။ 

၎င်းအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံတွင် ငှားရမ်းထားသည့် အိမ်၊ ရုံးခန်းနေရာများသည် မည်သူများ ပိုင်ဆိုင် သည်ကို လည်း ပွင့်လင်းမြင်သာစွာဖြင့် မနှေးအမြန် ထုတ်ပြန်ပေးသင့်သည်ဟု ဝေဖန်သူများ က ထောက်
ပြနေသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် စစ် အစိုးရခေတ် အဆက်ဆက်ကတည်းက စစ်ဗိုလ်ချုပ်ဟောင်းများ၊ ထိပ်တန်း အကြီး အကဲများနှင့် စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ခရိုနီအများစုသည် ရန်ကုန်မြို့နှင့် အခြား မြို့ကြီး များရှိ တန်ဘိုး အကြီးဆုံး နေရာများကို ပိုင်ဆိုင်ကြသည်။ 

၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှ အရပ်ဝတ်ပြောင်းလဲထားသည့် အရပ်သား အစိုးရတက် လာ ပြီးနောက်ပိုင်း စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်လာ သည့်
နောက်ပိုင်း အဆိုပါ အဖွဲ့အစည်း အသီးသီးက မြန်မာနိုင်ငံတွင်းသို့ ရွှေ့ပြောင်းရုံးစိုက်လာကြသည်။ 



ဆက်စပ်သတင်း


ဗိုလ်ချုပ်ဟောင်း တဥိးအိမ် ရုံးခန်းငှားမိတဲ့ ကုလသမဂ္ဂအဖွဲ့ မေးခွန်းထုတ်ခံရ

UNICEFရဲ့ အယ်ဒီတာ့ထံ ပေးစာ




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved