အယ်ဂျီရီးယား လေကြောင်းလိုင်း လေယာဉ်တချို့၊ ဓာတ်ပုံ- ရာဟူး နယူးစ်
ပျောက်သွားတာဖြစ်တယ်လို့ အယ်ဂျီးရီးယား ဝန်ကြီးချုပ် Abdelmalek Sellal က ရေဒီယိုက
နေ ပြောပါတယ်။
လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပျောက်ဆုံးလေယာဉ် လမ်းကြောင်းအတိုင်း ရှာဖွေရေးတွေ အပူ တပြင်းလုပ်နေပြီလို့ ပြောထားပါတယ်။
ထူးခြားတာက လေယာဉ်ဟာ မပျောက်ဆုံးခင်မှာ လေယာဉ်အမှုထမ်းတွေက လေယာဉ် လမ်းကြောင်း
ပြောင်း ဖို့ မာလီလေပိုင်နက်ထဲမှာ ရှိစဉ် အကြောင်းကြားခဲ့တယ်လို့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းက ဆိုပါတယ်။
မာလီလေပိုင်နက်ထဲမှာ လေကြောင်းပြောင်းလဲ ပျံသန်းခွင့် တောင်းရတာက လမ်းကြောင်းမရှင်းပဲ ဖြစ်
နေပြီး အခြား လေယာဉ်တစီးစီးနဲ့ တိုက်မိမှာ စိုးရိမ်လို့ ဖြစ်နိုင်တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိ သူ တဦးက ပြောထားပါတယ်။
အဲဒီလို အကြောင်းကြားပြီး လမ်းကြောင်းပြောင်းပျံသန်းတယ်ဆိုတာနဲ့ တဆက်တည်း ဆိုသလို လေယာဉ် ဟာ ရေဒါက ပျောက်ကွယ်သွားခဲ့တာလို့ သူက ဆိုပါတယ်။
အခုလို လေယာဉ်နဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ဆက်တိုက်ဖြစ်လာနေကြလို့ လေယာဉ်စီး ခရီးသွား တွေ လည်း အတော်ပဲ စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ နိုင်ငံတကာ သတင်းတချို့က ဖော်ပြနေပါတယ်။
0 comments :
Post a Comment