အစိုးရအာဘော်အင်္ဂလိပ်သတင်းစာ နာမည်နည်းနည်းပြောင်းမယ်

Monday, July 28, 2014


 ~



 


အစိုးရထုတ် အင်္ဂလိပ်သတင်းစာကို နာမည် နည်းနည်းပြောင်းမယ်လို့ သိရပါတယ်။
နာမည်သစ်က Global New Light of Myanmar
စက်တင်ဘာမှာ စပြီး နာမည်ပြောင်းပါမယ် လို့ တနင်္ဂနွေနေ့ထုတ်  New Light of Myanmar မှာ ရေးပါတယ်။

အစိုးရအာဘော်သတင်းစာအဖြစ်ကနေ တစိတ်တပိုင်းလွတ်လပ်တဲ့သတင်းစာအဖြစ် အသွင်ပြောင်းနေတဲ့ အင်္ဂလိပ်သတင်းစာရဲ့ ပိုင်ဆိုင်မှု ရာခိုင်နှုန်း

  • Global Direct Link ကုမ္ပဏီ - ၄၉ %
  •  ပြန်ကြားရေး ၀န်ကြီးဌာန - ၅၁ %

ဝန်ထမ်းတွေကို ကျိုဒိုသတင်းအေဂျင်စီက သင်တန်းလာပေးနေတယ်၊ စက်တင်ဘာ ၁ ရက်နေ့မှာ နာမည်သစ်နဲ့ စတင် ထုတ်ဝေမယ်လို့ ဆိုပါတယ်။

"အစိုးရရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ မီဒီယာကဏ္ဍပြုပြင်ပြောင်းလဲရေး စီမံချက်" နဲ့ အညီ ဆောင်ရွက်တာဖြစ်တယ်လို့
ပြန်ကြားရေးဝန်ကြီး ဦးကြည်အောင်က ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားလမ်း
သတင်းစာတိုက် စက်ရုံဖွင့်ပွဲမှာ ပြောဆိုကြောင်း သတင်းစာမှာ ရေးပါတယ်။
"ဒါဟာ မြန်မာ့မီဒီယာနဲ့ ပုံနှိပ်ထုတ်ဝေမှုအပိုင်းမှာ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်ပါတယ်" လို့ ၀န်ကြီးက ဆက်ပြောပါတယ်။

ပုံနှိပ်စက်က သတင်းစာစောင်ရေ ၇ဝ,ဝဝဝ ကျော်ကို ၁ နာရီအတွင်း ရိုက်နှိပ်နိုင်ပါမယ် တဲ့။


(Photo: JPaing / The Irrawaddy)
 


မူရင်း

 http://www.irrawaddy.org/burma/global-new-light-myanmar-launch-september.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved