ကျောက်မဲအချုပ်ဖောက်ထွက်ပြေးမှုကို ပစ်ခတ်နှိမ်နင်း၊ ၃ ဦး သေဆုံး

Monday, July 28, 2014

 ~



ကျောက်မဲမြို့ရဲစခန်းမှာ စနေနေ့က အချုပ်ဖောက်ပြီးထွက်ပြေးမှုတခု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်  နှိမ်နင်းရာမှာ ၃ ဦးသေဆုံးသွားတယ်၊ ရဲတပ်ဖွဲ့ဝင်လည်း အနည်းဆုံး ၅ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ညဘက် ၇ နာရီဝန်းကျင်မှာ အချုပ်ဖောက်ထွက်ပြေးမှုဖြစ်တယ်၊ ရဲက သေနတ်ဖောက်တယ်လို့ သူက ပြောပါတယ်။

ထွက်ပြေးတော့ ပစ်တယ်၊ သုံးယောက်သေတယ်၊ ဘယ်သူတွေထွက်ပြေးသလဲ စစ်ဆေးတော့ ၇ ယောက် ပြေးတယ်လို့ သိရတယ်၊
သူတို့ကို ခုခံမှု၊ ထွက်ပြေးမှုတွေနဲ့ စွဲဆိုထားတယ်လို့ ဆိုပါတယ်။

ရဲစခန်းမှူးလည်း ဒဏ်ရာ အပြင်းအထန် ရသွားတယ်၊ အခုတော့ မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ် တဲ့။

ထွက်ပြေးဖို့ကြိုးပမ်းသူတွေကတော့ မကြာသေးခင်ကမှ မူးယစ်ဆေးအမှုနဲ့ ထိန်းသိမ်းခံထားရသူတွေဖြစ်ကြောင်း သိရပါတယ်။


  (Photo: Steve Tickner / The Irrawaddy)

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved