နားဆင်ကြည့်ပါ

Wednesday, July 23, 2014

.

ဒါကတော့ နာမည်ကြီး All of Me ဆိုတဲ့ သီချင်းပါ။
John Legend ရဲ့ ၂ဝ၁၃ ခုနှစ်က အမေရိကားမှာ ထွက်ခဲ့တဲ့ Love in the Future အမည်ရ တေးစီးရီးထဲက R&B သီချင်းကောင်းတပုဒ်ဖြစ်ပါတယ်။ 







၂၀၁၄ ခုနှစ်မေလ ၁၆ ရက်နေ့က Billboard Hot 100 စာရင်းဝင်ဖြစ်လာခဲ့ပြီး ဗြိတိန်နဲ့ နယူးဇီလန်တို့မှာ နံပတ် ၂ နေရာရှိပြီး သြစတြေးလျ၊ ကနေဒါ၊ အိုင်ယာလန်၊ ပေါ်တူဂီ၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်တို့ မှာ နံပတ် ၁ အဆင့်ချိန်တဲ့ သီချင်းကောင်းတပုဒ်ပါ။ 

All of Me သီချင်းကို အခု သီဆိုထားသူကတော့ Luciana Zogbi ဆိုတဲ့ မိန်းကလေးပါ။ သူ့ရဲ့ ယူကျုကနေ ဒီသီချင်းကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က တင်ခဲ့တာမှာ အခုဆို ကြည့်ရှုကြိမ်ရေပေါင်း ၈ သန်းနီးပါး ရှိနေပါပြီ။ သူ့ရဲ့ ဒီသီချင်းလေးဟာ အွန်လိုင်းမှာတော့ လူကြိုက်များနေပါတယ်။

မြန်မာနိုင်ငံက ပရိသတ်တွေကတော့ ယူကျုကို ကောင်းကောင်း ကြည့်လို့မရတာကြောင့် သူ့ရဲ့ သီချင်း ဆိုထားတာအပေါ် အပြည့်အဝ ခံစားလို့ရမယ် တော့ မထင်ပါဘူး။ 

အင်တာနက် ကော်နက်ရှင် ကောင်းရင်တော့ ဒီသီချင်းကို အပြည့်အဝ ခံစားနားဆင်လို့ ရနိုင်ပါလိမ့်မယ်။

  


အိမ့်သံစဉ် ~













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved