ဝန်ကြီး ဂျွန်ကယ်ရီ သြဂုတ်လ ၉ ရက်နေ့ နေပြည်တော်ကို လာမည်

Monday, August 4, 2014

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီသည် မြန်မာနိုင်ငံ နေပြည်တော်သို့ သြဂုတ်လ ၉ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ထိုနေ့တွင် မြန်မာအစိုးရခေါင်းဆောင်များနှင့် တွေ့ ဆုံ မည်ဖြစ်သည်။ 

 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ဓာတ်ပုံ- အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန

ဝန်ကြီး ကယ်ရီသည် သြဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ကျင်းပမည့် အမေရိကန်နှင့် အာဆီယံအဖွဲ့ အစည်း အဝေးများသို့ တက်ရောက် ရန်လာရောက်မည်ဟု ရန်ကုန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။ 

 နေပြည်တော်တွင် လာမည့် သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး မဲခေါင်မြစ်ဝှမ်း မိတ်ဆွေနိုင်ငံများနှင့် သက်ဆိုင်သည့် အစည်းအဝေး၊ အာဆီယန်- အမေရိကန် အစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာ ဖိုရမ် ARF အစည်းဝေးနှင့် အရှေ့ အာရှ ထိပ်သီးအစည်းအဝေးများကျင်းပမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးများ ကို ဂျွန်ကယ်ရီတက်ရောက်မည်ဟု သိရသည်။ 

ယခုခရီးစဉ်မတိုင်မီ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ၇၀ ခန့်ကလည်း မြန်မာအစိုးရနှင့်ဆွေးနွေးမှု များတွင် ထည့်သွင်းဆွေးနွေးစေလိုသည့် အချက်များပါသော စာတစောင်ကို ပေးပို့ခဲ့သည်။ 

ဂျွန်ကယ်ရီ၏ ယခု သြဂုတ်လ မြန်မာနိုင်ငံခရီးစဉ်သည် ၄င်း၏ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်မဟုတ်ပါ။ ၁၉၉၉ ခုနှစ်က အထက်လွှတ်တော်အမတ်တဦးအနေဖြင့် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ ဖူးကြောင်း သိရသည်။ 

ဂျွန်ကယ်ရီ၏ ယခု သြဂုတ်လ ၈ ရက်မှ ၁၃ ရက်နေ့ထိ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့်တကွ သြစတြေး လျ၊ ဆော်လမွန် ကျွန်းနှင့် ဟာဝိုင်ယီ တို့ကို သွားမည် ဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန် ချက်တွင် ဖော်ပြသည်။ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved