ယူနန်ငလျင်ကြောင့် အနည်းဆုံး ၃၈၁ ဦး သေဆုံး

Monday, August 4, 2014

 ~



တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တနင်္ဂနွေနေ့ခင်းပိုင်းက လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် အနည်းဆုံး ၃၈၁ ဦး သေဆုံးပြီး ၁,၈ဝဝ ထက် မနည်း ဒဏ်ရာရရှိသွားပါတယ်။

ဒီအကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာသတင်းတပုဒ်မှာ http://www.irrawaddy.org/asia/strong-quake-kills-381-southern-china.html  ရေးသားထားပါတယ်။

ပြည်နယ်မြို့တော်ကူမင်းနဲ့ ကီလို ၃၇၀ ခန့် (မိုင် ၂၃၀ ခန့်) ဝေးကွာတဲ့ Ludian ဆိုတဲ့နေရာမှာ  အိမ်ခြေ ၁၂,ဝဝဝ ဝန်းကျင် ပြိုကျပျက်စီးသွားတယ်၊ အဲဒီအိမ်အများစုက တိုက်အိမ်တွေဖြစ်တယ်လို့ အစိုးရသတင်းဌာန ဆင်ဟွာက ဆိုပါတယ်။

ရာသီဥတုကြောင့် ငလျင်ဒဏ်ခံဒေသမှာ အခြေအနေပိုဆိုးသွားပါတယ်။
မိုးရွာ လေပြင်းတိုက်တာကြောင့် ရွက်ဖျင်တဲဆောက်၊ ရေနဲ့ စားနပ်ရိက္ခာ ဖြန့်ဝေရေး လုပ်ငန်းတွေ အခက်အခဲ တွေ့ခဲ့ရပါတယ်။
လမ်းတွေပျက်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်သူတွေက ခြေလျင် ခရီးဆက်ရပါတယ်။

 ဒီဒေသအတွက်တော့ ဒီငလျင်ဟာ ၁၄ နှစ်အတွင်း အပြင်းထန်ဆုံးသောငလျင်ပါပဲလို့ ဆင်ဟွာက ဆိုပါတယ်။

၁၉၇ဝ ပြည့်နှစ်တုန်းကလည်း ယူနန်မှာ ငလျင်တခု အကြီးအကျယ်လှုပ်ခဲ့တဲ့အတွက် အနည်းဆုံး ၁၅,ဝဝဝ သေဆုံးခဲ့ပါတယ်။

A paramilitary policeman carries an elderly man on his back after an earthquake hit Ludian county of Zhaotong, Yunnan province August 3, 2014. (Photo: Reuters)မူရင်းသတင်း -

http://www.irrawaddy.org/asia/strong-quake-kills-381-southern-china.html 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved