ပြည်မြို့ရဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ ဆန္ဒပြပွဲ

Friday, August 8, 2014

 ~

 
 

သောကြာနေ့မှာ ကျရောက်တဲ့ ၂၆ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ ဆန္ဒပြပွဲတခုကို   ပြည်မြို့မှာ တွေ့ရပါတယ်။ 


  • (ဓာတ်ပုံများ - ကောင်းမြတ်မင်း /  ဧရာဝတီ)

   ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့မှာပြုလုပ်တဲ့အခမ်းအနားကိုတော့ ပြည်မြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား စုစုပေါင်း လူဦးရေ ၅၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး၊ ပြည်တက္ကသိုလ်ရှေ့သို့အသွား ဆန္ဒပြ ချီတက်ချိန်မှာတော့ လူအင်အား ၁၅ ဦးခန့် ပါဝင်ခဲ့ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်သူ ကိုဝင်းလှိုင်က          ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး လူထုအုံကြွမှုအကြောင်း ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူလူထုကို သိစေချင်ကြောင်းနဲ့ ယခုလက်ရှိ ဒီမိုကရေစီအစိုးရပါလို့ ကြွေးကြော်နေသော်လည်း အောက်ခြေမှာ ဒီမိုကရေစီစနစ်ကျင့်သုံးမှု မရှိသေးသည့်အတွက် အခုလို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောပါတယ်။

        “တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့ လူထုတရပ်လုံး ပါဝင်ခဲ့တဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီးအကြောင်း ကျောင်းသားတွေနဲ့ ပြည်သူလူထုကို အသိပေး ပြောပြချင်တာပါ။ မြန်မာပြည်မှာ အာဏာရှင်စနစ် မပျောက်သေးပါဘူး။
အခုချိန်အထိ ဒီမိုကရေစီမရသေးဘူး ဆိုတာ သိစေချင်တယ်။
လွှတ်တော်သုံးရပ်အပေါ်မှာလည်း အယုံအကြည်မရှိဘူး။ အားလုံး အတုအယောင်တွေပါပဲ။
၂၀၁၅ ရွေးကောက်ပွဲကိုလည်း သိပ်မမျှော်လင့်ပါဘူး”

        ဗိုလ်ချုပ်ကျောက်ရုပ်မှာတော့ ပြည်သူလူထု စိတ်ဝင်စားမယ့် တင်ဆက်မှုအနုပညာပြပွဲ (ပါဖောမင့်န်) တွေပြုလုပ်ခဲ့သလို ပြည်တက္ကသိုလ်ရှေ့သို့ အသွားမှာလည်း ဆန္ဒပြကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတာ တွေ့ရပါတယ်။

ပြည်တက္ကသိုလ်ရှေ့အရောက်မှာတော့ ရဲတပ်ဖွဲဝင်တွေက တားမြစ်ခဲ့ပါတယ်။ အဲဒီနေရာဟာ ဆန္ဒပြဖို့ ခွင့်ပြုထားတဲ့ထဲ မပါဝင်ခြင်းကြောင့်ပါ။
 တားမြစ်ခဲ့သော်လည်း သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်းပဲ ပြုလုပ်ခဲ့ကြောင်း ကိုဝင်းလှိုင်က  ပြောပါတယ်။

        “ ရှစ်လေးလုံးအရေးတော်ပုံကြီးက ကျောင်းသားတွေကအဓိကစခဲ့တာ ကျောင်းသားတွေကို သိစေချင်တယ်။
တချိန်ကကျောင်းသားတွေဟာ တပါတီအာဏာရှင်စနစ်ကို တွန်းလှန်ဖြုတ်ချခဲ့တဲ့ သမိုင်းအစဉ်အလာရှိတဲ့အကြောင်း ပြောပြချင်လို့ ဒီအထိ လာလုပ်တာ။
မြို့နယ်ရဲတပ်ဖွဲ့ကို ကျနော်တို့ပြုလုပ်မယ့် အကြောင်းကြားစာ ပေးပို့ပြီးလုပ်တာ၊ ခွင့်တော့ပြုပါတယ်၊
ဒါပေမဲ့ ဗီနိုင်းမှာ ပါတဲ့ စစ်အာဏာရှင်ဆိုတာကို ဖြုတ်ခိုင်းတယ်၊ တက္ကသိုလ်ရှေ့မှာ ပြုလုပ်ခွင့် မပေးဘူး။ ကျနော်တို့က သူတို့ခွင့်ပြုချက်တောင်းနေတာ မဟုတ်ဘူး။
အသိပေးဖို့အပ်လို့ အကြောင်းကြားစာ ပေးပြီးလုပ်တာကို ဟိုဟာ ကန့်သတ် ဒီဟာ ကန့်သတ် လာလုပ်တာကို မကြိုက်တာ”

        ဆန္ဒပြတောင်းဆိုမှုတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူရဦးရွှေမန်းတို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပြုလုပ်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊
ဖမ်းဆီးခံနေရတဲ့ တောင်သူလယ်သမားတွေနဲ့ သတင်းထောက်တွေကို အထွေထွေလွတ်ငြိမ်းချမ်းသားခွင့်ပေးပြီး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အခုလို ရှစ်လေးလုံးအခန်းအနားနဲ့ ဆန္ဒပြတောင်းဆိုပွဲပြုလုပ်ခွင့်ကို တရားဝင်အကြောင်းကြားစာတင်ပြီး ကျင်းပပြုလုပ်ခဲ့ပေမဲ့၊ စီစဉ်သူတွေ စိတ်တိုင်းကျ ပြုလုပ်ခွင့်မရအောင် ရဲတပ်ဖွဲ့က ကန့်သတ်မှုတချို့နဲ့ ခွင့်ပြုခဲ့သော်လည်း မူလအစီအစဉ်အတိုင်း ပြုလုပ်ခဲ့တာကြောင်း တခြား ပုဒ်မတွေနဲ့ အရေးယူမည်ဆိုပါက အရေးယူနိုင်ကြောင်း ပါဝင်ခဲ့သူတွေက ပြောပါတယ်။ 

 

ကောင်းမြတ်မင်း
http://burma.irrawaddy.org/opinion/editorial/2011/09/26/442.html

http://www.irrawaddy.org/burma/from-the-irrawaddy-archive-burma/day-new-burma-born.html

http://burma.irrawaddy.org/opinion/viewpoint/2014/05/10/58636.html







 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved