မန္တလေးရုန်းရင်းဆန်ခတ်ဖြစ်မှုနဲ့ အရေးယူအပြစ်ပေးထားတဲ့အခြေအနေ

Monday, August 4, 2014

မန္တလေးမှာဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုများကို ဖြစ်စေခဲ့တဲ့ သားမယားပြုကျင့်ကြောင်း လီဆယ်တိုင်တန်းခဲ့ ကြ သူတွေကို သက်ဆိုင်ရာက အရေးယူထားတဲ့အခြေအနေတွေကို ပြန်ကြားရေးက သတင်းထုတ်ပြန်ထား ပါတယ်။




ဇွန်လ ၂၈ ရက်နေ့က ပျဉ်းမနား မြို့မ ရဲစခန်းမှာ အလိုမတူပဲ သားမယား ပြုကျင့်ခံခဲ့ရတယ်လို့ လီဆယ် တိုင် တန်းသူ အမျိုး သား ၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ မေလ ၂၁ ရက်နေ့က ပြင်ဦးလွင် မြို့မ ရဲစခန်းမှာ မုဒိန်းမှု ပြုကျင့်ကြောင်း လီဆယ်တိုင်တန်း သူ အမျိုးသမီး ၃ ဦးတို့ကို အရေးယူထားတာဖြစ်တယ် လို့ 
ပြန်ကြားရေး ဝက်ဆိုက်က ရေးထားပါတယ်။ 

မန္တလေးမှာဖြစ်ပွားခဲ့မှုမှာ လူသတ်မှု ၂ မှု နဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူ ၁၄ ဦး၊ ထွက်ပြေးနေသူ ၈ ဦး၊ နာကျင်စေမှု ၄ မှုနဲ့ ဖမ်းမိထားသူ ၈ ဦး၊ ထွက်ပြေးသူ ၂၈ ဦး၊ လက်နက်မှု ၆ မှုနဲ့ ဖမ်းဆီးရမိသူ ၇ ဦး၊ မီးရှို့မှုတမှုနဲ့ ဖမ်းဆီးရမိသူ ၁၅ ဦး၊ အဆောက် အအုံဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှုနဲ့ သွေးထိုးလှုံ့ဆော် မှုတွေနဲ့ ဖမ်းဆီးရမိသူ ၁၁ ဦးတို့ ရှိတယ်လို့ ဆိုပါတယ်။ 

ရဲအက် ၃၅ ( ဃ) ၃ မှုနဲ့ ဖမ်းဆီးထားသူ ၃ ဦးရှိပြီး စုစုပေါင်း ဖမ်းဆီးရမိသူ ၅၆ ဦး၊ ထွက်ပြေးတိမ်းရှောင်သူ ၃၆ ဦး ရှိတယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

ဒီအပြင် ဇူလိုင်လ ၃ ရက်နေ့က စတင်ပြီး ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာမှာ ချိုးဖေက်သူ စုစုပေါင်း ၁၃၂၅ ဦးရှိပြီး အဲဒီထဲက ပညာပေးပြီး ပြန်လွှတ်ပေးသူ ၁၅၇ ဦး၊ ရဲစခန်း ခံဝန် ၂၅ ဦး၊ တရားရုံး ခံဝန် ၉၈ ဦး၊ ထောင်ဒဏ် ၇ ရက် ချမှတ် ခံရသူ ၉၀၅ ဦး၊ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံရသူ ၈၀ ဦး၊ ထောင်ဒဏ် ၃ လ ချမှတ်ခံရသူ ၃ ဦး၊ ဒဏ်ငွေ ၂ဝဝ နဲ့ ၁၁ ဦး တို့ ရှိပြီး တရားခံပြေး ကြေညာထားသူ ၄ ဦးနဲ့ အရေးယူ
ဆောင် ရွက်ဆဲ ၄၂ ဦးတို့ရှိတယ်လို့ သိရပါတယ်။ 

“မန္တလေးမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်ပေါ်စေသည့် လီဆယ်တိုင်တန်းမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေး ချမ်းရေးကို ပျက်ပြားစေသည့် ဆူပူအကြမ်းဖက်မှုများနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော တားမြစ်အမိန့်ကို ချိုးဖောက်မှုများအားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှု များပြုလုပ်ခဲ့ရာ ဩဂုတ် ၁ ရက်အထိ စုစုပေါင်း အမှု ၅၃၀၊ အမျိုးသား ၁၃၇၂ ဦး၊ အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၁၄၂၄ ဦးတို့ကို အရေးယူခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ သတင်းရ ရှိသည်” လို့ ပြန်ကြား
ရေး က သြဂုတ်လ ၂ ရက်နေ့ စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ 



အိမ့်သံစဉ် ~ 


 







 

1 comments :

  1. Anonymous said... :

    Where is WiRA Thu ?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved